စပါးစ်မှာ လမ်းကြောင်းမှန်ပေါ်တွင် မရှိကြောင်း နူနို ဝန်ခံ

နူနိုအက်စ်ပီရီတိုဆန်တိုကမန်ချက်စတာယူနိုက်တက်ကို၃-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ပရိသတ်များရဲ့လှောင်ပြောင်မှုခံရပြီးနောက်လမ်းကြောင်းမှန်ပေါ်တွင်မရှိကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

စပါးစ်ပရိသတ်များဟာပွဲချိန်၅၄မိနစ်တွင်လူးကပ်စ်မော်ရာအားလူစားလဲလှယ်မှုပြုလုပ်ချိန်တွင်ပေါ်တူဂီလူမျိုးနည်းပြကိုအော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ပရိသတ်များက “ကိုယ့်ကိုယ်ကိုဘာလုပ်နေမှန်းသိရဲ့လား”လို့အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။

နူနိုက “ကျွန်တော်တို့လမ်းကြောင်းမှန်ပေါ်မှာမရှိပါဘူး။ဝေဖန်မှုကိုနားလည်ပါတယ်။ဒါကဘောလုံးရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။အသင်းခြေစွမ်းမကောင်းတဲ့အခါပရိသတ်တွေမပျော်ပါဘူး။ဒါကိုလက်ခံရမယ်။ကျွန်တော်တို့အကောင်းဆုံးကြိုးစားနေကြောင်းပြသရပါမယ်။ဆက်လက်ပြီးတော့ကြိုးစားရမယ်။ကိုယ့်ကိုယ်ကိုနှိမ့်ချပြီးဆက်ပြီးတော့အားပေးဖို့ပြောရပါမယ်”လို့ပြောကြားသွားပါတယ်။

ဆန်တိုဟာရာသီအစတုန်းကနိုင်ပွဲဆက်တိုက်ရယူနိုင်ခဲ့သော်လည်းနောက်ပိုင်းတွင်ရလဒ်ပိုင်းအနိမ့်အကျများဖြစ်လာမှုနဲ့အတူအနာဂတ်မရေမရာဖြစ်လာသူလည်းဖြစ်ပါတယ်။

ZawGy

စပါးစ္မွာ လမ္းေၾကာင္းမွန္ေပၚတြင္ မရွိေၾကာင္း ႏူႏို ဝန္ခံ

ႏူႏိုအက္စ္ပီရီတိုဆန္တိုကမန္ခ်က္စတာယူႏိုက္တက္ကို၃-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈခံရၿပီးေနာက္လမ္းေၾကာင္းမွန္ေပၚတြင္မရွိေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

စပါးစ္ပရိသတ္မ်ားဟာပြဲခ်ိန္၅၄မိနစ္တြင္လူးကပ္စ္ေမာ္ရာအားလူစားလဲလွယ္မႈျပဳလုပ္ခ်ိန္တြင္ေပၚတူဂီလူမ်ိဳးနည္းျပကိုေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ပရိသတ္မ်ားက “ကိုယ့္ကိုယ္ကိုဘာလုပ္ေနမွန္းသိရဲ႕လား”လို႔ေအာ္ဟစ္ခဲ့ၾကတာျဖစ္ပါတယ္။

ႏူႏိုက “ကြၽန္ေတာ္တို႔လမ္းေၾကာင္းမွန္ေပၚမွာမရွိပါဘူး။ေဝဖန္မႈကိုနားလည္ပါတယ္။ဒါကေဘာလုံးရဲ႕အစိတ္အပိုင္းတစ္ရပ္ျဖစ္ပါတယ္။အသင္းေျခစြမ္းမေကာင္းတဲ့အခါပရိသတ္ေတြမေပ်ာ္ပါဘူး။ဒါကိုလက္ခံရမယ္။ကြၽန္ေတာ္တို႔အေကာင္းဆုံးႀကိဳးစားေနေၾကာင္းျပသရပါမယ္။ဆက္လက္ၿပီးေတာ့ႀကိဳးစားရမယ္။ကိုယ့္ကိုယ္ကိုႏွိမ့္ခ်ၿပီးဆက္ၿပီးေတာ့အားေပးဖို႔ေျပာရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဆန္တိုဟာရာသီအစတုန္းကႏိုင္ပြဲဆက္တိုက္ရယူႏိုင္ခဲ့ေသာ္လည္းေနာက္ပိုင္းတြင္ရလဒ္ပိုင္းအနိမ့္အက်မ်ားျဖစ္လာမႈနဲ႔အတူအနာဂတ္မေရမရာျဖစ္လာသူလည္းျဖစ္ပါတယ္။