စပါးစ်ရဲ့ထိပ်တန်းကစားသမားများ ခေါ်ယူရေး မျှော်လင့်ချက်ကို ရွိုင်ကိန်း ဝေဖန်

ရွိုင်ကိန်းကစပါးစ်သို့မည်သည့်ထိပ်တန်းကစားသမားမှပြောင်းရွှေ့ကစားလိုမည်မဟုတ်ကြောင်းပြောကြားလာပါတယ်။

စပါးစ်ဟာတနင်္ဂနွေနေ့တုန်းကချဲလ်ဆီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ကွန်တီဟာတစ်လအတွင်းတွင်အသင်းဟောင်းချဲလ်ဆီးကိုသုံးကြိမ်တိုင်တိုင်ရှုံးနိမ့်မှုကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

စပါးစ်နည်းပြကွန်တီဟာအသင်းကိုအားဖြည့်မှုများပြုလုပ်လိုနေပြီး အဒါမာထရာအိုရီ၊ဒီယေဂိုကားလို့စ်တို့မှာအဓိကပစ်မှတ်ဖြစ်နေပါတယ်။

ဒါပေမဲ့ရွိုင်ကိန်းကစပါးစ်အသင်းရဲ့ထိပ်တန်းကစားသမားများအား ဆွဲဆောင်နိုင်စွမ်းကို မေးခွန်းထုတ်လာပါတယ်။

ရွိုင်ကိန်းက “အရမ်းခက်တယ်။ဘယ်ထိပ်တန်းကစားသမားကော စပါးစ်သို့လာကစားမှာလဲ?။အထူးသဖြင့်ဇန်နဝါရီမှာပေါ့။နွေကျပြန်တော့လည်းချန်ပီယံလိဂ်ဝင်ခွင့်မရရင်သူတို့ဆီဘယ်သူလာမှာလဲ။မန်နေဂျာကတော့ဆွဲဆောင်မှုရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့သူကလည်းနောက်ဆုံးတစ်နှစ်ကျန်စာချုပ်သို့တိုးဝင်နေပြီလေ။ဒီတော့ကြီးမားတဲ့အကျပ်ရိုက်မှုဖြစ်နေတယ်။ဇန်နဝါရီမှာငွေသုံးနိုင်တယ်ဆိုရင်တောင် ဘယ်ထိပ်တန်းကစားသမားမှ ဇန်နဝါရီမှာစပါးစ်သို့ပြောင်းမှာမဟုတ်ဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

စပါးစ္ရဲ႕ထိပ္တန္းကစားသမားမ်ား ေခၚယူေရး ေမွ်ာ္လင့္ခ်က္ကို ႐ြိဳင္ကိန္း ေဝဖန္

႐ြိဳင္ကိန္းကစပါးစ္သို႔မည္သည့္ထိပ္တန္းကစားသမားမွေျပာင္းေ႐ႊ႕ကစားလိုမည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။

စပါးစ္ဟာတနဂၤေႏြေန႔တုန္းကခ်ဲလ္ဆီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ကြန္တီဟာတစ္လအတြင္းတြင္အသင္းေဟာင္းခ်ဲလ္ဆီးကိုသုံးႀကိမ္တိုင္တိုင္ရႈံးနိမ့္မႈႀကဳံေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

စပါးစ္နည္းျပကြန္တီဟာအသင္းကိုအားျဖည့္မႈမ်ားျပဳလုပ္လိုေနၿပီး အဒါမာထရာအိုရီ၊ဒီေယဂိုကားလို႔စ္တို႔မွာအဓိကပစ္မွတ္ျဖစ္ေနပါတယ္။

ဒါေပမဲ့႐ြိဳင္ကိန္းကစပါးစ္အသင္းရဲ႕ထိပ္တန္းကစားသမားမ်ားအား ဆြဲေဆာင္ႏိုင္စြမ္းကို ေမးခြန္းထုတ္လာပါတယ္။

႐ြိဳင္ကိန္းက “အရမ္းခက္တယ္။ဘယ္ထိပ္တန္းကစားသမားေကာ စပါးစ္သို႔လာကစားမွာလဲ?။အထူးသျဖင့္ဇန္နဝါရီမွာေပါ့။ေႏြက်ျပန္ေတာ့လည္းခ်န္ပီယံလိဂ္ဝင္ခြင့္မရရင္သူတို႔ဆီဘယ္သူလာမွာလဲ။မန္ေနဂ်ာကေတာ့ဆြဲေဆာင္မႈရွိေကာင္းရွိလိမ့္မယ္။ဒါေပမဲ့သူကလည္းေနာက္ဆုံးတစ္ႏွစ္က်န္စာခ်ဳပ္သို႔တိုးဝင္ေနၿပီေလ။ဒီေတာ့ႀကီးမားတဲ့အက်ပ္႐ိုက္မႈျဖစ္ေနတယ္။ဇန္နဝါရီမွာေငြသုံးႏိုင္တယ္ဆိုရင္ေတာင္ ဘယ္ထိပ္တန္းကစားသမားမွ ဇန္နဝါရီမွာစပါးစ္သို႔ေျပာင္းမွာမဟုတ္ဘူး”လို႔ေျပာၾကားသြားပါတယ္။