စပါးစ်အတွက် ယခုရာသီမှာ ပထမဆုံးပွဲထွက်ကစားတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်း

စပါးစ်စတားဟယ်ရီကိန်းဟာမနေ့ညတုန်းကယူရိုပါကွန်ဖရင့်လိဂ်ရဲ့ပါကို့စ်ဒီဖာရဲရာနှင့်ပွဲစဉ်တွင်စပါးစ်အတွက်ယခုရာသီမှာပထမဆုံးပွဲထွက်ကစားခဲ့ပြီး၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာအစောပိုင်းတုန်းကစပါးစ်မှထွက်ခွာရန်ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်နောက်ဆုံးမှာတော့သူဟာယခုရာသီမှာစပါးစ်တွင်ပင်ဆက်လက်ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်တွင်ဆက်ရှိနေမယ့်ကြေညာပြီး၄၈နာရီအတွင်းတွင်ပင်ပါကို့စ်ဒီဖာရဲရာနှင့်ပွဲတွင်ပွဲထွက်ကစားလာပြီး၂ဂိုးသွင်းခဲ့ပါတယ်။

စပါးစ်နည်းပြနူနိုက “အသင်းနဲ့သူပြန်ပူးပေါင်းကတည်းကသူ့အရည်အချင်းကိုနေ့တိုင်းမြင်လာခဲ့ရပါတယ်။သူ့အနေနဲ့ဘယ်သူ့ကိုမှသက်သေပြစရာမလိုပါဘူး။သူကအသင်းအတွက်အပြည့်အဝလုပ်ဆောင်တယ်ဆိုတာခင်ဗျားတို့လည်းမြင်နိုင်ပါတယ်။အတိတ်မှာဖြစ်ခဲ့တာကိုအတိတ်မှာဘဲထားခဲ့ပြီးရှေ့ကိုပဲကြည့်ရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

စပါးစ်ဟာပါကို့စ်ဒီဖာရဲရားကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ် ၃-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဟယ်ရီကိန်းဟာလာမယ့်တနင်္ဂနွေနေ့မှာဝက်ဖို့ဒ်နှင့်အိမ်ကွင်းပွဲစဉ်မှာဆက်လက်ပွဲထွက်ကစားလာဖို့ရှိပါတယ်။

ZawGyi

စပါးစ္အတြက္ ယခုရာသီမွာ ပထမဆုံးပြဲထြက္ကစားတဲ့ပြဲမွာ ၂ ဂိုးသြင္းခဲ့တဲ့ ဟယ္ရီကိန္း

စပါးစ္စတားဟယ္ရီကိန္းဟာမေန႔ညတုန္းကယူ႐ိုပါကြန္ဖရင့္လိဂ္ရဲ႕ပါကို႔စ္ဒီဖာရဲရာႏွင့္ပြဲစဥ္တြင္စပါးစ္အတြက္ယခုရာသီမွာပထမဆုံးပြဲထြက္ကစားခဲ့ၿပီး၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာအေစာပိုင္းတုန္းကစပါးစ္မွထြက္ခြာရန္ႀကိဳးပမ္းခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ေနာက္ဆုံးမွာေတာ့သူဟာယခုရာသီမွာစပါးစ္တြင္ပင္ဆက္လက္ကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္တြင္ဆက္ရွိေနမယ့္ေၾကညာၿပီး၄၈နာရီအတြင္းတြင္ပင္ပါကို႔စ္ဒီဖာရဲရာႏွင့္ပြဲတြင္ပြဲထြက္ကစားလာၿပီး၂ဂိုးသြင္းခဲ့ပါတယ္။

စပါးစ္နည္းျပႏူႏိုက “အသင္းနဲ႔သူျပန္ပူးေပါင္းကတည္းကသူ႔အရည္အခ်င္းကိုေန႔တိုင္းျမင္လာခဲ့ရပါတယ္။သူ႔အေနနဲ႔ဘယ္သူ႔ကိုမွသက္ေသျပစရာမလိုပါဘူး။သူကအသင္းအတြက္အျပည့္အဝလုပ္ေဆာင္တယ္ဆိုတာခင္ဗ်ားတို႔လည္းျမင္ႏိုင္ပါတယ္။အတိတ္မွာျဖစ္ခဲ့တာကိုအတိတ္မွာဘဲထားခဲ့ၿပီးေရွ႕ကိုပဲၾကည့္ရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

စပါးစ္ဟာပါကို႔စ္ဒီဖာရဲရားကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္ ၃-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဟယ္ရီကိန္းဟာလာမယ့္တနဂၤေႏြေန႔မွာဝက္ဖို႔ဒ္ႏွင့္အိမ္ကြင္းပြဲစဥ္မွာဆက္လက္ပြဲထြက္ကစားလာဖို႔ရွိပါတယ္။