စပါးစ်အနာဂတ်ကို စဉ်းစားနေတဲ့ ဆန်ဟောင်မင်ကို ရီးရဲလ်မက်ဒရစ်စောင့်ကြည့်နေ

ရီးရဲလ်မက်ဒရစ်ဟာမြောက်လန်ဒန်အနာဂတ်ကိုစဉ်းစားနေတဲ့တောင်ကိုရီးယားစူပါစတားဆန်ဟောင်မင်ရဲ့အခြေအနေကိုစောင့်ကြည့်လျက်ရှိကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိဆန်ဟောင်မင်ဟာ၂၀၁၅ခုနှစ်တွင်လေဗာကူဆင်မှစပါးစ်သို့ပေါင်၂၂သန်းဖြင့်ရောက်လာပြီးနောက် အဓိကကစားသမားအဖြစ်ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။

သူဟာစပါးစ်အတွက်၃၄၁ပွဲကစားခဲ့ရာမှာ၁၃၆ဂိုးသွင်းယူပြီး၇၆ကြိမ်ဖန်တီးမှုပြုလုပ်ထားကာ၂၀၂၁-၂၂ ရာသီတွင်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုပါရယူနိုင်ခဲ့ပါတယ်။သူဟာ Ballon d’Or စာရင်းတွင်လည်းအဆင့်၁၁နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဂျာမန်မီဒီယာ SPORT1 ကတောင်ကိုရီးယားစတားဟာအသက်၃၀နှစ်အရွယ်သို့ရောက်လာမှုနှင့်အတူ သူ့ကစားသမားဘဝပိုမိုကြီးမြင့်လာရေးထိပ်သီးကလပ်တစ်ခုသို့ပြောင်းရွှေ့ကစားရေးစဉ်းစားနေပြီး ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီကလည်းစောင့်ကြည့်နေကြောင်းသိရပါတယ်။

ဆန်ဟောင်မင်ရဲ့လက်ရှိစာချုပ်က၂၀၂၄-၂၅ရာသီတွင်မှကုန်ဆုံးပါမယ်။ဒါပေမဲ့တောင်ကိုရီးယားစူပါစတားဟာစပါးစ်နှင့်အတူအရေးပါတဲ့ဆုဖလားတစ်လုံးမျှ ရယူနိုင်ခြင်းမရှိသေးမှုနှင့်အတူ ကစားသမားဘဝနောက်ဆုံးခြေလှမ်းအဖြစ်ထိပ်သီးကလပ်တစ်ခုသို့ပြောင်းကစားရန်စဉ်းစားနေပါတယ်။

တဖက်တွင်သူဟာနောက်ပိုင်းပွဲစဉ်များတွင်စပါးစ်အသင်းမှာအကောင်းဆုံးပုံစံရရှိရေးရုန်းကန်နေရပါတယ်။စပါးစ်ဟာနောက်ဆုံးပရီးမီးယားလိဂ်သုံးပွဲဆက်ရှုံးနိမ့်ထားပြီးထိပ်ဆုံးမှအာဆင်နယ်ထက်တစ်ပွဲပိုကစားကာ၅မှတ်ကွာဟနေပါတယ်။

ZawGyi

စပါးစ္အနာဂတ္ကို စဥ္းစားေနတဲ့ ဆန္ေဟာင္မင္ကို ရီးရဲလ္မက္ဒရစ္ေစာင့္ၾကည့္ေန

ရီးရဲလ္မက္ဒရစ္ဟာေျမာက္လန္ဒန္အနာဂတ္ကိုစဥ္းစားေနတဲ့ေတာင္ကိုရီးယားစူပါစတားဆန္ေဟာင္မင္ရဲ႕အေျခအေနကိုေစာင့္ၾကည့္လ်က္ရွိေၾကာင္းသိရပါတယ္။

အသက္၃၀ႏွစ္ရွိဆန္ေဟာင္မင္ဟာ၂၀၁၅ခုႏွစ္တြင္ေလဗာကူဆင္မွစပါးစ္သို႔ေပါင္၂၂သန္းျဖင့္ေရာက္လာၿပီးေနာက္ အဓိကကစားသမားအျဖစ္ေျခစြမ္းျပေနသူလည္းျဖစ္ပါတယ္။

သူဟာစပါးစ္အတြက္၃၄၁ပြဲကစားခဲ့ရာမွာ၁၃၆ဂိုးသြင္းယူၿပီး၇၆ႀကိမ္ဖန္တီးမႈျပဳလုပ္ထားကာ၂၀၂၁-၂၂ ရာသီတြင္ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုပါရယူႏိုင္ခဲ့ပါတယ္။သူဟာ Ballon d’Or စာရင္းတြင္လည္းအဆင့္၁၁ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဂ်ာမန္မီဒီယာ SPORT1 ကေတာင္ကိုရီးယားစတားဟာအသက္၃၀ႏွစ္အ႐ြယ္သို႔ေရာက္လာမႈႏွင့္အတူ သူ႔ကစားသမားဘဝပိုမိုႀကီးျမင့္လာေရးထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းေ႐ႊ႕ကစားေရးစဥ္းစားေနၿပီး ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီကလည္းေစာင့္ၾကည့္ေနေၾကာင္းသိရပါတယ္။

ဆန္ေဟာင္မင္ရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၄-၂၅ရာသီတြင္မွကုန္ဆုံးပါမယ္။ဒါေပမဲ့ေတာင္ကိုရီးယားစူပါစတားဟာစပါးစ္ႏွင့္အတူအေရးပါတဲ့ဆုဖလားတစ္လုံးမွ် ရယူႏိုင္ျခင္းမရွိေသးမႈႏွင့္အတူ ကစားသမားဘဝေနာက္ဆုံးေျခလွမ္းအျဖစ္ထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းကစားရန္စဥ္းစားေနပါတယ္။

တဖက္တြင္သူဟာေနာက္ပိုင္းပြဲစဥ္မ်ားတြင္စပါးစ္အသင္းမွာအေကာင္းဆုံးပုံစံရရွိေရး႐ုန္းကန္ေနရပါတယ္။စပါးစ္ဟာေနာက္ဆုံးပရီးမီးယားလိဂ္သုံးပြဲဆက္ရႈံးနိမ့္ထားၿပီးထိပ္ဆုံးမွအာဆင္နယ္ထက္တစ္ပြဲပိုကစားကာ၅မွတ္ကြာဟေနပါတယ္။