
စပါးစ်အသင်းကြံ့ခိုင်ရေးနည်းပြဂီယန်ပိုင်ရိုဗန်ထရုန်းဟာအသက်၆၁နှစ်အရွယ်မှာဘဲသွေးကင်ဆာရောဂါကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။
အန်တိုနီယိုကွန်တီရဲ့ကြံ့ခိုင်ရေးဂုရုဟာ၂၀၂၁ခုနှစ်တုန်းကကွန်တီနှင့်အတူ ချဲလ်ဆီးသို့ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာသူ့ရဲ့ကြမ်းတမ်းတဲ့ကြံ့ခိုင်ရေးစနစ်များကြောင့် အီတလီတွင်အလုပ်လုပ်တုန်းက The Marine အမည်ပြောင်ပေးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာနာမကျန်းဖြစ်ပြီးနောက်နေပယ်ရှိ Fatebenefratelli ဆေးရုံတွင်ကုသမှုခံယူနေစဉ်ရုတ်တရက်ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။
သူဟာဂျူဗင်တပ်၊ကာတားနီးယား၊ဂျေဆက်စ်ဆန်နင်း၊ဂျီဇက်အဲဗားဂရန်ဒီ၊အေဂျာစီယိုတို့တွင်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အသက်၆၁နှစ်ရှိကြံ့ခိုင်ရေးနည်းပြဟာနွေရာသီတုန်းကအာရှခရီးစဉ်အတွင်းတွင်စပါးစ်စတားများကို ၃၀ဒီဂရီအပူချိန်အောက်တွင်ပြေးလွှားစေခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
စပါးစ်အသင်းကြံ့ခိုင်ရေးနည်းပြဂီယန်ပိုင်ရိုဗန်ထရုန်း သွေးကင်ဆာကြောင့် ကွယ်လွန်