စပါးစ်အားရှုံးနိမ့်တဲ့ပွဲတွင် နယူးကာဆယ်ကစားသမားနှစ်ဦး ရန်ဖြစ်ခဲ့ပြီး ဝန်ထမ်း ကြားဝင်ခွဲခဲ့ရ

နယူးကာဆယ်အသင်းခေါင်းဆောင်ဂျာမေးလ်လက်စ်ဆယ်လက်စ်နှင့်အိုင်ဆစ်ဟေဒန်တို့ဟာစပါးစ်အားရှုံးနိမ့်တဲ့ပွဲအပြီးတွင်ဥမင်လှိုဏ်ခေါင်းအတွင်းတွင် စကားများရန်ဖြစ်ခဲ့ကြပြီးကလပ်ဝန်ထမ်းတစ်ဦးကကြားဝင်ခွဲခဲ့ရကြောင်းသိရပါတယ်။

လက်စ်ဆယ်လက်စ်နှင့်ဟေဒန်တို့ဟာတနင်္ဂနွေနေ့တုန်းကစိန့်ဂျိမ်းစ်ပါ့ခ်တွင်စပါးစ်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဥမင်လှိုဏ်ခေါင်းတွင်အချင်းများပြီး ထိုးမလိုကြိတ်မလိုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်ဝန်ထမ်းတစ်ဦးကစောစောစီးစီးကြားဝင်ခွဲခဲ့မှုကြောင့်ကိုယ်ထိလက်ရောက်ဖြစ်တဲ့အထိမဖြစ်ခဲ့ပါဘူး။ဒါ့အပြင်နယူးကာဆယ်ကစားသမားအချို့တို့ဟာလည်းအဝတ်အစားလဲခန်းအတွင်းသို့ရောက်ချိန်တွင်နည်းပြစတိဗ်ဘရုစ်ရဲ့နည်းဗျူဟာပိုင်းနဲ့ပတ်သက်ပြီးဝေဖန်အပြစ်တင်မှုပြုလုပ်ခဲ့ကြကြောင်းလည်းသိရပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရနယူးကာဆယ်အသင်းမှကစားသမားအများစုတို့ဟာယခုအပတ်အကုန်တွင်ကစားရမယ့်ခရစ္စတယ်ပဲလေ့စ်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီနည်းပြအပြောင်းအလဲဖြစ်စေချင်လျက်ရှိကြောင်းသိရပါတယ်။

အစောပိုင်းတုန်းက ဗြိတိန်ထိပ်သီးသတင်းစာ The Sun ရဲ့ဖော်ပြချက်အရ နယူးကာဆယ်ပိုင်ရှင်သစ်များဟာစတိဗ်ဘရုစ်နေရာတွင်အစားထိုးခန့်အပ်ရန်အတွက်ဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီနှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။

အက်ဒီဟိုဝီဟာဘုန်းမောက်ကိုလိဂ်ဝမ်းမှပရီးမီးယားလိဂ်သို့အထိဆွဲတင်ပေးခဲ့ကာပရီးမီးယားလိဂ်တွင်လေးရာသီကြာရပ်တည်နိုင်အောင်ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။နယူးကာဆယ်နည်းပြရာထူးအတွက်လျာထားစာရင်းတွင်အူနိုင်းအမ်မရီ၊မာတီနက်ဇ်နှင့်စတီဗင်ဂျရတ်တို့လည်းပါဝင်နေပါတယ်။

ZawGyi

စပါးစ္အားရႈံးနိမ့္တဲ့ပြဲတြင္ နယူးကာဆယ္ကစားသမားႏွစ္ဦး ရန္ျဖစ္ခဲ့ၿပီး ဝန္ထမ္း ၾကားဝင္ခြဲခဲ့ရ

နယူးကာဆယ္အသင္းေခါင္းေဆာင္ဂ်ာေမးလ္လက္စ္ဆယ္လက္စ္ႏွင့္အိုင္ဆစ္ေဟဒန္တို႔ဟာစပါးစ္အားရႈံးနိမ့္တဲ့ပြဲအၿပီးတြင္ဥမင္လႈိဏ္ေခါင္းအတြင္းတြင္ စကားမ်ားရန္ျဖစ္ခဲ့ၾကၿပီးကလပ္ဝန္ထမ္းတစ္ဦးကၾကားဝင္ခြဲခဲ့ရေၾကာင္းသိရပါတယ္။

လက္စ္ဆယ္လက္စ္ႏွင့္ေဟဒန္တို႔ဟာတနဂၤေႏြေန႔တုန္းကစိန႔္ဂ်ိမ္းစ္ပါ့ခ္တြင္စပါးစ္ကို၃-၂ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဥမင္လႈိဏ္ေခါင္းတြင္အခ်င္းမ်ားၿပီး ထိုးမလိုႀကိတ္မလိုျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ဝန္ထမ္းတစ္ဦးကေစာေစာစီးစီးၾကားဝင္ခြဲခဲ့မႈေၾကာင့္ကိုယ္ထိလက္ေရာက္ျဖစ္တဲ့အထိမျဖစ္ခဲ့ပါဘူး။ဒါ့အျပင္နယူးကာဆယ္ကစားသမားအခ်ိဳ႕တို႔ဟာလည္းအဝတ္အစားလဲခန္းအတြင္းသို႔ေရာက္ခ်ိန္တြင္နည္းျပစတိဗ္ဘ႐ုစ္ရဲ႕နည္းဗ်ဴဟာပိုင္းနဲ႔ပတ္သက္ၿပီးေဝဖန္အျပစ္တင္မႈျပဳလုပ္ခဲ့ၾကေၾကာင္းလည္းသိရပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္အသင္းမွကစားသမားအမ်ားစုတို႔ဟာယခုအပတ္အကုန္တြင္ကစားရမယ့္ခရစၥတယ္ပဲေလ့စ္ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီနည္းျပအေျပာင္းအလဲျဖစ္ေစခ်င္လ်က္ရွိေၾကာင္းသိရပါတယ္။

အေစာပိုင္းတုန္းက ၿဗိတိန္ထိပ္သီးသတင္းစာ The Sun ရဲ႕ေဖာ္ျပခ်က္အရ နယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာစတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးခန႔္အပ္ရန္အတြက္ဘုန္းေမာက္နည္းျပေဟာင္းအက္ဒီဟိုဝီႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။

အက္ဒီဟိုဝီဟာဘုန္းေမာက္ကိုလိဂ္ဝမ္းမွပရီးမီးယားလိဂ္သို႔အထိဆြဲတင္ေပးခဲ့ကာပရီးမီးယားလိဂ္တြင္ေလးရာသီၾကာရပ္တည္ႏိုင္ေအာင္ဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။နယူးကာဆယ္နည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္အူႏိုင္းအမ္မရီ၊မာတီနက္ဇ္ႏွင့္စတီဗင္ဂ်ရတ္တို႔လည္းပါဝင္ေနပါတယ္။