စပါးစ်အား ရှုံးနိမ့်တဲ့ပွဲတွင် သမိုင်းမှာ ဈေးအကြီးဆုံးအသင်းဖြင့် ပွဲထွက်ခဲ့တဲ့ မန်စီးတီး

မန်စီးတီးဟာမနေ့ညတုန်းကစပါးစ်အားရှုံးနိမ့်တဲ့ပွဲစဉ်တွင်ပရီးမီးယားလိဂ်သမိုင်းတွင်တန်ဖိုးအကြီးဆုံးအသင်းနှင့်ရင်ဆိုင်ခဲ့ပါတယ်။မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့ပွဲထွက်လူစာရင်းမှကစားသမား၁၁ဦးအတွက်ပေါင်၅၂၈.၉သန်းအထိအသုံးပြုခဲ့တာပါ။

မန်စီးတီးရဲ့ပွဲထွက်လူစာရင်းတွင်ယခုနွေရာသီတွင်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ဖြင့်ပြောင်းလာခဲ့တဲ့ဂျက်ဂရဲလ်လစ်ရှ်လည်းပါဝင်ခဲ့ပြီးအရန်စာရင်းတွင်တဲ့ကစားသမားများအတွက်ပေါင်သန်း၃၀၀အထိအသုံးပြုထားတာလည်းဖြစ်ပါတယ်။

မန်စီးတီးရဲ့ပွဲထွက်ဂိုးသမားအီဒါဆင်က၂၀၁၇ခုနှစ်၊ဇွန်လတုန်းကဘင်ဖီကာမှပေါင်၃၄.၉သန်းဖြင့်ရောက်လာတာဖြစ်ပြီးညာနောက်ခံလူကန်စီလိုကဂျူတင်တပ်မှပေါင်သန်း၆၀ဖြင့်ရောက်လာသူဖြစ်ပါတယ်။ညာနောက်ခံလူဘင်ဂျာမင်မင်ဒီမှာလည်းမိုနာကိုမှပေါင်၄၉.၃သန်းဖြင့်ရောက်လာသူဖြစ်ပါတယ်။

ဗဟိုနောက်ခံလူများဖြစ်ကြတဲ့ဒိုင်ယက်စ်(ပေါင်၆၄.၅သန်း)နှင့်နသန်အကဲ(ပေါင်သန်း၄၀)အထိသုံးခဲ့ပါတယ်။

အလယ်တန်းတွင်ဂျက်ဂရဲလ်လစ်ရှ်(ပေါင်သန်း၁၀၀)၊ဖာနန်ဒင်ဟို(ပေါင်သန်း၃၀)၊ဂန်ဒိုဂန်(ပေါင်၂၀.၄သန်း)တို့ပါဝင်ခဲ့ပြီးတိုက်စစ်တွင်စတာလင်း(ပေါင်၄၉သန်း)၊မရာ့ဇ်(ပေါင်သန်း၆၀)၊ဖာနန်တောရက်စ်(ပေါင်၂၀.၈သန်း)တို့ပါဝင်ခဲ့ပါတယ်။

ဒါကြောင့်မန်စီးတီးအသင်းရဲ့ပထမအသင်းအတွက်ကုန်ကျစရိတ်စုစုပေါင်းကပေါင်၅၂၈.၉သန်းအထိရှိပါတယ်။ဒါပေမယ့်မန်စီးတီးဟာစပါးစ်ကိုအနိုင်မယူနိုင်ခဲ့ရုံသာမကရှုံးပါရှုံးနိမ့်ခဲ့ပါတယ်။စပါးစ်ဟာဆန်ဟောင်မင်းရဲ့တစ်လုံးတည်းဂိုးဖြင့်မန်စီးတီးကိုအနိုင်ယူခဲ့ပါတယ်။

မန်စီးတီးရဲ့အရန်လူစာရင်းမှာလည်းတန်ဖိုးကြီးလှပါတယ်။အရန်စာရင်းတွင်ပါဝင်တဲ့ဝေါလ်ကား(ပေါင်သန်း၅၀)၊ဂျွန်စတုန်း(ပေါင်၄၇.၅သန်း)၊ဂျီးဆပ်စ်(ပေါင်၂၈.၆သန်း)၊ဇင်ချင်ကို(ပေါင်၁.၇သန်း)၊ဇက်စတီဖန်(ပေါင်၅သန်း)၊လာပေါ်တီ(ပေါင်၅၇သန်း)၊ရိုဒရီ(ပေါင်၆၂.၅သန်း)၊ကီဗင်ဒီဘရိုင်း(ပေါင်၅၄သန်း)၊ဘာနတ်ဒိုဆေးလ်ဗား(ပေါင်၄၃သန်း)တို့အသီးအသီးရှိကာစုစုပေါင်းတန်ဖိုးးပေါင်၂၉၅.၃သန်းအထိရှိပါတယ်။

လာမယ့်ရက်သတ္တပတ်တွေမှာမန်စီးတီးအသင်းရဲ့တန်ဖိုးကပိုပြီးတော့မြင့်မားလာဖို့ရှိနေပါသေးတယ်။မန်စီးတီးဟာစပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုပေါင်သန်း၁၂၀ဖြင့်ခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။

ZawGyi

စပါးစ္အား ရႈံးနိမ့္တဲ့ပြဲတြင္ သမိုင္းမွာ ေဈးအႀကီးဆုံးအသင္းျဖင့္ ပြဲထြက္ခဲ့တဲ့ မန္စီးတီး

မန္စီးတီးဟာမေန႔ညတုန္းကစပါးစ္အားရႈံးနိမ့္တဲ့ပြဲစဥ္တြင္ပရီးမီးယားလိဂ္သမိုင္းတြင္တန္ဖိုးအႀကီးဆုံးအသင္းႏွင့္ရင္ဆိုင္ခဲ့ပါတယ္။မန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕ပြဲထြက္လူစာရင္းမွကစားသမား၁၁ဦးအတြက္ေပါင္၅၂၈.၉သန္းအထိအသုံးျပဳခဲ့တာပါ။

မန္စီးတီးရဲ႕ပြဲထြက္လူစာရင္းတြင္ယခုေႏြရာသီတြင္ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ျဖင့္ေျပာင္းလာခဲ့တဲ့ဂ်က္ဂရဲလ္လစ္ရွ္လည္းပါဝင္ခဲ့ၿပီးအရန္စာရင္းတြင္တဲ့ကစားသမားမ်ားအတြက္ေပါင္သန္း၃၀၀အထိအသုံးျပဳထားတာလည္းျဖစ္ပါတယ္။

မန္စီးတီးရဲ႕ပြဲထြက္ဂိုးသမားအီဒါဆင္က၂၀၁၇ခုႏွစ္၊ဇြန္လတုန္းကဘင္ဖီကာမွေပါင္၃၄.၉သန္းျဖင့္ေရာက္လာတာျဖစ္ၿပီးညာေနာက္ခံလူကန္စီလိုကဂ်ဴတင္တပ္မွေပါင္သန္း၆၀ျဖင့္ေရာက္လာသူျဖစ္ပါတယ္။ညာေနာက္ခံလူဘင္ဂ်ာမင္မင္ဒီမွာလည္းမိုနာကိုမွေပါင္၄၉.၃သန္းျဖင့္ေရာက္လာသူျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူမ်ားျဖစ္ၾကတဲ့ဒိုင္ယက္စ္(ေပါင္၆၄.၅သန္း)ႏွင့္နသန္အကဲ(ေပါင္သန္း၄၀)အထိသုံးခဲ့ပါတယ္။

အလယ္တန္းတြင္ဂ်က္ဂရဲလ္လစ္ရွ္(ေပါင္သန္း၁၀၀)၊ဖာနန္ဒင္ဟို(ေပါင္သန္း၃၀)၊ဂန္ဒိုဂန္(ေပါင္၂၀.၄သန္း)တို႔ပါဝင္ခဲ့ၿပီးတိုက္စစ္တြင္စတာလင္း(ေပါင္၄၉သန္း)၊မရာ့ဇ္(ေပါင္သန္း၆၀)၊ဖာနန္ေတာရက္စ္(ေပါင္၂၀.၈သန္း)တို႔ပါဝင္ခဲ့ပါတယ္။

ဒါေၾကာင့္မန္စီးတီးအသင္းရဲ႕ပထမအသင္းအတြက္ကုန္က်စရိတ္စုစုေပါင္းကေပါင္၅၂၈.၉သန္းအထိရွိပါတယ္။ဒါေပမယ့္မန္စီးတီးဟာစပါးစ္ကိုအႏိုင္မယူႏိုင္ခဲ့႐ုံသာမကရႈံးပါရႈံးနိမ့္ခဲ့ပါတယ္။စပါးစ္ဟာဆန္ေဟာင္မင္းရဲ႕တစ္လုံးတည္းဂိုးျဖင့္မန္စီးတီးကိုအႏိုင္ယူခဲ့ပါတယ္။

မန္စီးတီးရဲ႕အရန္လူစာရင္းမွာလည္းတန္ဖိုးႀကီးလွပါတယ္။အရန္စာရင္းတြင္ပါဝင္တဲ့ေဝါလ္ကား(ေပါင္သန္း၅၀)၊ဂြၽန္စတုန္း(ေပါင္၄၇.၅သန္း)၊ဂ်ီးဆပ္စ္(ေပါင္၂၈.၆သန္း)၊ဇင္ခ်င္ကို(ေပါင္၁.၇သန္း)၊ဇက္စတီဖန္(ေပါင္၅သန္း)၊လာေပၚတီ(ေပါင္၅၇သန္း)၊႐ိုဒရီ(ေပါင္၆၂.၅သန္း)၊ကီဗင္ဒီဘ႐ိုင္း(ေပါင္၅၄သန္း)၊ဘာနတ္ဒိုေဆးလ္ဗား(ေပါင္၄၃သန္း)တို႔အသီးအသီးရွိကာစုစုေပါင္းတန္ဖိုးးေပါင္၂၉၅.၃သန္းအထိရွိပါတယ္။

လာမယ့္ရက္သတၱပတ္ေတြမွာမန္စီးတီးအသင္းရဲ႕တန္ဖိုးကပိုၿပီးေတာ့ျမင့္မားလာဖို႔ရွိေနပါေသးတယ္။မန္စီးတီးဟာစပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကိုေပါင္သန္း၁၂၀ျဖင့္ေခၚယူဖို႔ႀကိဳးပမ္းေနပါတယ္။