စပါးစ်အား အနိုင်ရတဲ့ပွဲမတိုင်မီ အရန်စာရင်းတွင် ထည့်သွင်းမှုအတွက် ဆိုးလ်ရှားကို ရပ်ရှ်ဖို့ဒ် အကြီးအကျယ်ပေါက်ကွဲခဲ့

မန်ချက်စတာယူနိုက်တက်စတားမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာစပါးစ်နှင့်ပွဲစဉ်တွင်ပွဲထွက်လူစာရင်းတွင်မထည့်သွင်းဘဲအရန်စာရင်းတွင်သာထည့်သွင်းခဲ့မှုအတွက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုအကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်းသိရပါတယ်။

မန်ယူကစားသမားဟောင်းအိုဝင်ဟားဂရေ့ဗ်ကရပ်ရှ်ဖို့ဒ်ဟာစပါးစ်နှင့်ပွဲတွင်အရန်အဖြစ်ဝင်ရောက်ပြီးနောက်ဂိုးသွင်းအောင်ပွဲခံချိန်တွင်အရန်စာရင်းတွင်ထည့်သွင်းမှုအပေါ်ဒေါသထွက်ကြောင်းပြသခဲ့ကြောင်းဆိုသွားတာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာစပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်တိုက်စစ်တွင်နှစ်ပေါင်း အသက်၇၀နှစ်ရှိတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အက်ဒီဆင်ကာဗာနီကိုပွဲထုတ်ခဲ့ပါတယ်။

အသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်ဟာပွဲချိန်၇၁မိနစ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအစားလူစားဝင်ရောက်ကစားခဲ့ပြီးမန်ယူအတွက်တတိယအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဟားဂရေ့ဗ်က “သူ့အောင်ပွဲခံမှုကိုကြည့်ရင်သူ့ဒေါသကိုမြင်နိုင်ပါတယ်။ဒါပေမယ့်ဂန္ထဝင်နှစ်ဦးကကိုယ့်ကိုကျော်ပြီးပွဲကစားချိန်မှာဘာများစောဒကတက်လို့ရမှာလဲ။သူဟာရော်နယ်ဒိုကိုဘယ်တော့မှကျော်နိုင်မှာမဟုတ်ဘူး။ဒီတော့သူ့အနေနဲ့အခြားတစ်ယောက်ကိုကျော်မှနေရာရမယ်။ကာဗာနီကလည်းပြီးခဲ့တဲ့ရာသီတုန်းကအရမ်းကောင်းခဲ့တယ်။သူလည်းပွဲထွက်ဖို့ထိုက်တန်တယ်။ရပ်ရှ်ဖို့ဒ်နဲ့ဂရင်းဝုဒ်ကိုအရန်အဖြစ်သုံးတာကနာကျင်ရပေမယ့်ဒါကအသင်းကိုဟန်ချက်ညီကောင်းညီစေပါလိမ့်မယ်။ရပ်ရှ်ဖို့ဒ်ဟာလည်းအရန်အဖြစ်ကစားရင်းဂိုးတွေရမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

စပါးစ္အား အႏိုင္ရတဲ့ပြဲမတိုင္မီ အရန္စာရင္းတြင္ ထည့္သြင္းမႈအတြက္ ဆိုးလ္ရွားကို ရပ္ရွ္ဖို႔ဒ္ အႀကီးအက်ယ္ေပါက္ကြဲခဲ့

မန္ခ်က္စတာယူႏိုက္တက္စတားမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာစပါးစ္ႏွင့္ပြဲစဥ္တြင္ပြဲထြက္လူစာရင္းတြင္မထည့္သြင္းဘဲအရန္စာရင္းတြင္သာထည့္သြင္းခဲ့မႈအတြက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့ေၾကာင္းသိရပါတယ္။

မန္ယူကစားသမားေဟာင္းအိုဝင္ဟားဂေရ႕ဗ္ကရပ္ရွ္ဖို႔ဒ္ဟာစပါးစ္ႏွင့္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္ၿပီးေနာက္ဂိုးသြင္းေအာင္ပြဲခံခ်ိန္တြင္အရန္စာရင္းတြင္ထည့္သြင္းမႈအေပၚေဒါသထြက္ေၾကာင္းျပသခဲ့ေၾကာင္းဆိုသြားတာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာစပါးစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္တိုက္စစ္တြင္ႏွစ္ေပါင္း အသက္၇၀ႏွစ္ရွိတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အက္ဒီဆင္ကာဗာနီကိုပြဲထုတ္ခဲ့ပါတယ္။

အသက္၂၃ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ဟာပြဲခ်ိန္၇၁မိနစ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအစားလူစားဝင္ေရာက္ကစားခဲ့ၿပီးမန္ယူအတြက္တတိယအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဟားဂေရ႕ဗ္က “သူ႔ေအာင္ပြဲခံမႈကိုၾကည့္ရင္သူ႔ေဒါသကိုျမင္ႏိုင္ပါတယ္။ဒါေပမယ့္ဂႏၴဝင္ႏွစ္ဦးကကိုယ့္ကိုေက်ာ္ၿပီးပြဲကစားခ်ိန္မွာဘာမ်ားေစာဒကတက္လို႔ရမွာလဲ။သူဟာေရာ္နယ္ဒိုကိုဘယ္ေတာ့မွေက်ာ္ႏိုင္မွာမဟုတ္ဘူး။ဒီေတာ့သူ႔အေနနဲ႔အျခားတစ္ေယာက္ကိုေက်ာ္မွေနရာရမယ္။ကာဗာနီကလည္းၿပီးခဲ့တဲ့ရာသီတုန္းကအရမ္းေကာင္းခဲ့တယ္။သူလည္းပြဲထြက္ဖို႔ထိုက္တန္တယ္။ရပ္ရွ္ဖို႔ဒ္နဲ႔ဂရင္းဝုဒ္ကိုအရန္အျဖစ္သုံးတာကနာက်င္ရေပမယ့္ဒါကအသင္းကိုဟန္ခ်က္ညီေကာင္းညီေစပါလိမ့္မယ္။ရပ္ရွ္ဖို႔ဒ္ဟာလည္းအရန္အျဖစ္ကစားရင္းဂိုးေတြရမွာပါ”လို႔ေျပာၾကားသြားပါတယ္။