စပါးစ်အား အနိုင်ရတဲ့ပွဲတွင် ပွဲမပြီးမီ ဥမင်လှိုဏ်ခေါင်းသို့ ထွက်ခွာသွားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်စပါးစ်ကိုအနိုင်ရရှိတဲ့ပွဲစဉ်မပြီးမီဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်ကာအဝတ်အစားလဲခန်းသို့ဆင်းသွားခဲ့တာတွေ့ရပါတယ်။

ယူနိုက်တက်ဟာအမှတ်ပေးဇယားအဆင့်၃နေရာမှစပါးစ်နှင့်ပွဲတွင်ယခုရာသီအကောင်းဆုံးခြေစွမ်းဖြင့်ကစားသွားနိုင်ခဲ့ပြီး ဖရက်၊ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဒုတိယပိုင်းဂိုးများဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်ထိပ်ဆုံးလေးသင်းနှင့်ရမှတ်တစ်မှတ်အကွာသို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်ရဲ့စပါးစ်နိုင်ပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုအပြုအမူကြောင့်ပြီးပြည့်စုံမှုမဖြစ်ခဲ့ပါဘူး။

ပေါ်တူဂီစူပါစတားဟာစပါးစ်နှင့်ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပြီးအရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။သူဟာပွဲချိန်၈၉မိနစ်ရောက်ချိန်မှာတော့ အရန်ခုံမှထကာအဝတ်အစားလဲခန်းသို့ဆင်းသွားခဲ့ပါတော့တယ်။

ယင်းအချိန်တွင်အဲရစ်တန်ဟက်ဟာကစားသမားသုံးဦးလူစားလဲမှုသာပြုလုပ်ရပါသေးတယ်။ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာနာကျင်အချိန်ပိုကို လူစားဝင်ရောက်ကစားရန်စိတ်ဝင်စားခြင်းမရှိမှုနဲ့အတူ ဥမင်လှိုဏ်ခေါင်းသို့ဆင်းကာအဝတ်အစားလဲခန်းသို့ဝင်ရောက်သွားပါတယ်။

သူဟာပွဲပြီးဆုံးချိန်တွင်အဲရစ်တန်ဟက်ရဲ့အဝတ်အစားလဲခန်းတွင်ပြောဆိုလာမယ့် ပွဲပြီးပြောစကားကို နားထောင်ခဲ့သလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာရာသီကြိုကာလတုန်းကဗယ်လီကာနိုနှင့်ပွဲတွင်လည်းပထမပိုင်းအပြီးတွင်လူစားလဲခြင်းခံရပြီးနောက် ပွဲမပြီးမီအိုးထရက်ဖို့ဒ်မှထွက်ခွာကာနေအိမ်သို့ပြန်သွားခဲ့ဖူးသူဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကတော့ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ယနေ့ ကြာသပတေးနေ့တွင်တွေ့ဆုံဆွေးနွေးကာဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်က “ကြာသပတေးနေ့မှာဒါကိုကိုင်တွယ်သွားမယ်။သူထွက်သွားတာမြင်ပါတယ်။ဒါပေမဲ့သူနဲ့စကားမပြောရသေးဘူး။ဒါနဲ့ကိုအာရုံမစိုက်ပါဘူး။ဒီအသင်းအပေါ်မှာဘဲအာရုံစိုက်တယ်။ကစားသမား၁၁ဦးဆီကကြီးကျယ်တဲ့ခြေစွမ်းပါ။ဒီညကျွန်တော်တို့အောင်ပွဲခံမယ်။ကြာသပတေးနေ့မှကျန်တာရှင်းမယ်”လို့ပြောကြားသွားပါတယ်။

ယူနိုက်တက်ပရိသတ်မျာဟာလည်းပွဲမပြီးမီ အရန်ခုံမှထကာအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်သွားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြုအမူကိုဝေဖန်မှုများပြုလုပ်နေကြပါတယ်။

ZawGyi

စပါးစ္အား အႏိုင္ရတဲ့ပြဲတြင္ ပြဲမၿပီးမီ ဥမင္လႈိဏ္ေခါင္းသို႔ ထြက္ခြာသြားခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္စပါးစ္ကိုအႏိုင္ရရွိတဲ့ပြဲစဥ္မၿပီးမီဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္ကာအဝတ္အစားလဲခန္းသို႔ဆင္းသြားခဲ့တာေတြ႕ရပါတယ္။

ယူႏိုက္တက္ဟာအမွတ္ေပးဇယားအဆင့္၃ေနရာမွစပါးစ္ႏွင့္ပြဲတြင္ယခုရာသီအေကာင္းဆုံးေျခစြမ္းျဖင့္ကစားသြားႏိုင္ခဲ့ၿပီး ဖရက္၊ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ဒုတိယပိုင္းဂိုးမ်ားျဖင့္၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယူႏိုက္တက္ဟာစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္ထိပ္ဆုံးေလးသင္းႏွင့္ရမွတ္တစ္မွတ္အကြာသို႔ေရာက္လာခဲ့ပါတယ္။ဒါေပမဲ့ယူႏိုက္တက္ရဲ႕စပါးစ္ႏိုင္ပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုအျပဳအမူေၾကာင့္ၿပီးျပည့္စုံမႈမျဖစ္ခဲ့ပါဘူး။

ေပၚတူဂီစူပါစတားဟာစပါးစ္ႏွင့္ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ရၿပီးအရန္အျဖစ္ပင္ဝင္ေရာက္ကစားခြင့္မရခဲ့ပါဘူး။သူဟာပြဲခ်ိန္၈၉မိနစ္ေရာက္ခ်ိန္မွာေတာ့ အရန္ခုံမွထကာအဝတ္အစားလဲခန္းသို႔ဆင္းသြားခဲ့ပါေတာ့တယ္။

ယင္းအခ်ိန္တြင္အဲရစ္တန္ဟက္ဟာကစားသမားသုံးဦးလူစားလဲမႈသာျပဳလုပ္ရပါေသးတယ္။ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနာက်င္အခ်ိန္ပိုကို လူစားဝင္ေရာက္ကစားရန္စိတ္ဝင္စားျခင္းမရွိမႈနဲ႔အတူ ဥမင္လႈိဏ္ေခါင္းသို႔ဆင္းကာအဝတ္အစားလဲခန္းသို႔ဝင္ေရာက္သြားပါတယ္။

သူဟာပြဲၿပီးဆုံးခ်ိန္တြင္အဲရစ္တန္ဟက္ရဲ႕အဝတ္အစားလဲခန္းတြင္ေျပာဆိုလာမယ့္ ပြဲၿပီးေျပာစကားကို နားေထာင္ခဲ့သလားဆိုတာကိုေတာ့အတိအက်မသိရေသးပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာရာသီႀကိဳကာလတုန္းကဗယ္လီကာႏိုႏွင့္ပြဲတြင္လည္းပထမပိုင္းအၿပီးတြင္လူစားလဲျခင္းခံရၿပီးေနာက္ ပြဲမၿပီးမီအိုးထရက္ဖို႔ဒ္မွထြက္ခြာကာေနအိမ္သို႔ျပန္သြားခဲ့ဖူးသူျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ ယေန႔ ၾကာသပေတးေန႔တြင္ေတြ႕ဆုံေဆြးေႏြးကာေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။

အဲရစ္တန္ဟက္က “ၾကာသပေတးေန႔မွာဒါကိုကိုင္တြယ္သြားမယ္။သူထြက္သြားတာျမင္ပါတယ္။ဒါေပမဲ့သူနဲ႔စကားမေျပာရေသးဘူး။ဒါနဲ႔ကိုအာ႐ုံမစိုက္ပါဘူး။ဒီအသင္းအေပၚမွာဘဲအာ႐ုံစိုက္တယ္။ကစားသမား၁၁ဦးဆီကႀကီးက်ယ္တဲ့ေျခစြမ္းပါ။ဒီညကြၽန္ေတာ္တို႔ေအာင္ပြဲခံမယ္။ၾကာသပေတးေန႔မွက်န္တာရွင္းမယ္”လို႔ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္ပရိသတ္မ်ာဟာလည္းပြဲမၿပီးမီ အရန္ခုံမွထကာအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္သြားခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျပဳအမူကိုေဝဖန္မႈမ်ားျပဳလုပ္ေနၾကပါတယ္။