စပါးစ် နောက်ဆုံးအကြိမ်ဖလားရပြီးနောက် စပါးစ်မှထွက်ခွာခဲ့ကြတဲ့ကစားသမားတို့ ဆုဖလား ၁၁၆ လုံးရရှိထား

အီတီယန်ကာပူးနှင့်ဂျူအန်ဖွိုက်တို့ကဗီလာရီးရဲလ်နှင့်အတူယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။စပါးစ်အသင်းနောက်ဆုံးအကြိမ်ဆုဖလားရရှိပြီးနောက်အသင်းမှထွက်ခွာခဲ့ကြတဲ့စပါးစ်ကစားသမားဟောင်းတို့ဆုဖလား ၁၁၆ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့မှုလည်းဖြစ်ပါတယ်။

စပါးစ်အသင်းဟာ၂၀၀၈ခုနှစ်တုန်းကလိဂ်ဖလားဆွတ်ခူးခဲ့မှုကကလပ်အတွက်နောက်ဆုံးအကြိမ်ဆုဖလားဆွတ်ခူးခဲ့မှုဖြစ်ပါတယ်။ထိုစဉ်ကစပါးစ်ဟာဗိုလ်လုပွဲမှာလန်ဒန်မြို့ခံပြိုင်ဘက်ချဲလ်ဆီးကိုအနိုင်ရရှိပြီးဆုဖလားဆွတ်ခူးခဲ့တာပါ။

စပါးစ်ဟာ၂၀၀၈ခုနှစ်နောက်ပိုင်းတွင်ပါရမီရှင်ကစားသမားများစွာပိုင်ဆိုင်ခဲ့ပြီးချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့်ကာရာဘောင်းဖလားဗိုလ်လုပွဲများသို့တက်ခဲ့သော်လည်းအောင်မြင်မှုမရရှိခဲ့ပါဘူး။

ဒါပေမယ့်၂၀၀၈ခုနှစ်နောက်ပိုင်းတွင်စပါးစ်မှထွက်ခွာခဲ့တဲ့ကစားသမားများဟာစပါးစ်ကဖလားလက်မဲ့ဖြစ်နေချိန်မှာဆု၁၁၆ကြိမ်အထိဆွတ်ခူးထားနိုင်ကြပါတယ်။ယူရိုပါလိဂ်ဗိုလ်လုပွဲမှာကာပူးနှင့်ဖွိုက်တို့ရွှေတံဆိပ်ဆုမရရှိမီ၁၃နှစ်ကာလအတွင်းမှာ၁၁၄ကြိမ်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ယင်းစပါးကစားသမားဟောင်းများထဲမှာရီးရဲလ်မက်ဒရစ်သို့ပြောင်းခဲ့ကြတဲ့လူကာမိုဒရစ်နှင့်ဂါရတ်ဘေးလ်တို့ကတော့အအောင်မြင်ဆုံးဖြစ်ကာနှစ်ဦးပေါင်းဆုဖလား၂၉ကြိမ်ဆွတ်ခူးထားနိုင်ခဲ့ကြပါတယ်။

မိုဒရစ်ဟာစပါးစ်မှထွက်ခွာပြီးနောက်ခရိုအေးရှားကိုကမ္ဘာ့ဖလားတတိယဆုရအောင်ကူညီခဲ့မှုကြောင့် Ballon d’Or ဆုတောင်ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ယခုရာသီမှာဂျာမိန်းဒီဖိုး၊ခရစ္စတီယန်အဲရစ်ဆင်၊ဂျော့ကီဗင်အန်ခူဒူ၊ကိုင်လီဝေါလ်ကားတို့ဟာသက်ဆိုင်ရာကလပ်များနှင့်အမှတ်ပေးဖလားဆွတ်ခူးထားပါတယ်။

ယနေ့ညမှာစပါးစ်ကစားသမားဟောင်းကိုင်လီဝေါလ်ကားဟာမန်စီးတီးနှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်တဲ့အခွင့်အရေးရှိနေပါသေးတယ်။

ဟယ်ရီကိန်းဟာကစားသမားဘဝမှာတစ်ကိုယ်တော်ဆုများစွာဆွတ်ခူးဖူးပေမယ့်စပါးစ်နှင့်အတူဆုဖလားတစ်လုံးမျှဆွတ်ခူးခဲ့ဖူးခြင်းမရှိသေးပါဘူး။ယင်းသို့မဆွတ်ခူးနိုင်သေးမှုနဲ့အတူသူဟာအသင်းဟောင်းဖို့တာစူနေပါတယ်။

ZawGyi










အထက်ပါဖြစ်ရပ်များဟာယခုနွေမှာစပါးစ်ကနေထွက်ခွာဖို့အားခဲနေတဲ့အသင်းခေါင်းဆောင်ဟယ်ရီကိန်းအတွက်တွန်းအားတစ်ခုဖြစ်နေပါတယ်။
