စပါးစ်-အာဆင်နယ်ပွဲကို ဝုဗ်နှင့်ပွဲတုန်းက အာဆင်နယ်စတားနှစ်ဦးကို ထုတ်ခဲ့ဖူးတဲ့ ဒိုင်လူကြီးကြီးကြပ်မည်

စပါးစ်နှင့်အာဆင်နယ်ပွဲကိုကြီးကြပ်မယ့်ဒိုင်လူကြီးအဖြစ်ခရစ်ပေါ်ဆင်ကိုခန့်အပ်လိုက်မှုနဲ့အတူအာဆင်နယ်ပရိသတ်များ လက်သည်းကိုက်နေကြပြီဖြစ်ပါတယ်။

ခရစ်ပေါ်ဆင်ဟာပြီးခဲ့တဲ့ရာသီတုန်းကဝုဗ်အားအာဆင်နယ်ရှုံးနိမ့်တဲ့ပွဲမှာအာဆင်နယ်ကစားသမားနှစ်ဦးကိုအနီကတ်ပြထုတ်ပယ်ခဲ့ဖူးတဲ့ဒိုင်လူကြီးဖြစ်ပါတယ်။

ဒါပေမယ့်အသက်၄၂နှစ်ရှိဒိုင်လူကြီးဟာတနင်္ဂနွေနေ့မှာကစားရမယ့်မြောက်လန်ဒန်ပွဲစဉ်ကိုကြီးကြပ်ရန်ခန့်အပ်ခံခဲ့ရပါတယ်။အာဆင်နယ်နှင့်စပါးစ်တို့ဟာလက်ရှိအချိန်တွင်နိုင်ပွဲအသည်းအသန်လိုနေတဲ့အသင်းလည်းဖြစ်ပါတယ်။

ပေါ်ဆင်ဟာဖေဖော်ဝါရီလတုန်းကဝုဗ်နှင့်အာဆင်နယ်ပွဲစဉ်ကိုကြီးကြပ်ခဲ့ဖူးပြီးဒေးဗစ်လုဇ်နှင့်လီနိုတို့ကိုထုတ်ပယ်ခဲ့တဲ့သူဖြစ်ပါတယ်။

ZawGyi




