စပါးစ် DNA အပြည့်အဝရှိနေဆဲဖြစ်ကြောင်း ပြသလာတဲ့ ကိုင်လီဝေါလ်ကား

ကိုင်လီဝေါလ်ကားဟာပရီးမီးယားလိဂ်ဖလားပြိုင်ဘက်အာဆင်နယ်ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးတွင် သူ့သွေးသားထဲတွင် စပါးစ် DNA အပြည့်အဝရှိနေဆဲဖြစ်ကြောင်းပြသလာပါတယ်။

မန်စီးတီးဟာသောကြာနေ့တုန်းကအက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွင်အာဆင်နယ်ကို ပွဲချိန်၆၄မိနစ်တွင်နသန်အကဲသွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ကိုင်လီဝေါလ်ကားဟာဒုတိယပိုင်းတွင်ရီကိုလူးဝစ်အစားလူစားဝင်ရောက်ကစားခဲ့တာဖြစ်ပြီးပွဲအပြီးတွင်အာဆင်နယ်တွင်ကစားနေတဲ့မန်စီးတီးစတားဟောင်းအိုလက်ဇန္ဒားဇင်ချန်ကိုအားလှောင်ပြောင်မှုပြုလုပ်နေခဲ့တာတွေ့ရပါတယ်။

စပါးစ်စတားဟောင်းဟာဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်ချိန်တွင်သူ့ထံသို့အာဆင်နယ်အင်္ကျီတစ်ထည်ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။ဒါ့ပေမဲ့ချက်ချင်းဆိုသလိုပင်ဝေါလ်ကားဟာယင်းအာဆင်နယ်အင်္ကျီကိုပွဲကြည့်စင်မှပရိသတ်ထံသို့ပြန်လည်ပစ်ပေးခဲ့တာတွေ့ရပါတယ်။

ဝေါလ်ကားဟာ၂၀၀၉ခုနှစ်တွင်ရှက်ဖီးလ်ယူနိုက်တက်မှစပါးစ်သို့ပြောင်းလာပြီးနောက်၈နှစ်ကြာကစားစဉ်အတွင်းပွဲပေါင်းနှစ်ရာကျော်ကစားပေးခဲ့ပါတယ်။

သူဟာ၂၀၁၇ခုနှစ်တွင်စပါးစ်မှမန်စီးတီးသို့ပြောင်းရွှေ့ကြေးပေါင်၄၅သန်းဖြင့်ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ZawGyi

စပါးစ္ DNA အျပည့္အဝရွိေနဆဲျဖစ္ေၾကာင္း ျပသလာတဲ့ ကိုင္လီေဝါလ္ကား

ကိုင္လီေဝါလ္ကားဟာပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္အာဆင္နယ္ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးတြင္ သူ႔ေသြးသားထဲတြင္ စပါးစ္ DNA အျပည့္အဝရွိေနဆဲျဖစ္ေၾကာင္းျပသလာပါတယ္။

မန္စီးတီးဟာေသာၾကာေန႔တုန္းကအက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္တြင္အာဆင္နယ္ကို ပြဲခ်ိန္၆၄မိနစ္တြင္နသန္အကဲသြင္းယူတဲ့တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ကိုင္လီေဝါလ္ကားဟာဒုတိယပိုင္းတြင္ရီကိုလူးဝစ္အစားလူစားဝင္ေရာက္ကစားခဲ့တာျဖစ္ၿပီးပြဲအၿပီးတြင္အာဆင္နယ္တြင္ကစားေနတဲ့မန္စီးတီးစတားေဟာင္းအိုလက္ဇႏၵားဇင္ခ်န္ကိုအားေလွာင္ေျပာင္မႈျပဳလုပ္ေနခဲ့တာေတြ႕ရပါတယ္။

စပါးစ္စတားေဟာင္းဟာဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္ခ်ိန္တြင္သူ႔ထံသို႔အာဆင္နယ္အက်ႌတစ္ထည္ပစ္ေပါက္ျခင္းခံခဲ့ရပါတယ္။ဒါ့ေပမဲ့ခ်က္ခ်င္းဆိုသလိုပင္ေဝါလ္ကားဟာယင္းအာဆင္နယ္အက်ႌကိုပြဲၾကည့္စင္မွပရိသတ္ထံသို႔ျပန္လည္ပစ္ေပးခဲ့တာေတြ႕ရပါတယ္။

ေဝါလ္ကားဟာ၂၀၀၉ခုႏွစ္တြင္ရွက္ဖီးလ္ယူႏိုက္တက္မွစပါးစ္သို႔ေျပာင္းလာၿပီးေနာက္၈ႏွစ္ၾကာကစားစဥ္အတြင္းပြဲေပါင္းႏွစ္ရာေက်ာ္ကစားေပးခဲ့ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တြင္စပါးစ္မွမန္စီးတီးသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၄၅သန္းျဖင့္ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။