စပါးတပ်မော်စကိုအားအနိုင်ရတဲ့ပွဲမှာ လက်စတာအတွက် လေးဂိုးသွင်းပြီး သမိုင်းမှတ်တိုင်စိုက်ခဲ့တဲ့ ဒါကာ

လက်စတာရှေ့တန်းတိုက်စစ်သမားပတ်ဆန်ဒါကာဟာဗုဒ္ဓဟူးနေ့ညတုန်းက လက်စတာကစပါးတပ်မော်စကိုအား၄-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလေးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဥရောပပြိုင်ပွဲတွင်ပထမဆုံးဟက်ထရစ်သွင်းယူနိုင်တဲ့ဇမ်ဘီယာကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါကာဟာအိမ်ရှင်ရုရှားကလပ်ရဲ့ဦးဆောင်မှုများကိုချေပဂိုးများသွင်းယူပြီးနောက်အနိုင်ဂိုးပါသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါကာဟာပြီးခဲ့တဲ့အပတ်စနေနေ့တုန်းကမန်ချက်စတာယူနိုက်တက်အားအနိုင်ရတဲ့ပွဲစဉ်မှာလည်းသူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ကိုသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

နွေရာသီတုန်းကဆဲလ်ဘတ်မှပေါင်၂၃သန်းဖြင့်ရောက်လာတဲ့ဒါကာဟာပထမပိုင်းပြီးခါနီးနှင့်ဒုတိယပိုင်း၉မိနစ်အတွင်းမှာဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီးအနိုင်ဂိုးကို၇၈မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။

စပါးစ်တပ်မော်စကိုနိုင်ပွဲဟာဘရန်ဒန်ရော်ဂျာဦးဆောင်တဲ့လက်စတာအတွက်ယခုရာသီပထမဆုံးယူရိုပါလိဂ်နိုင်ပွဲဖြစ်ပြီးသုံးပွဲကစားပြီးချိန်မှာရမှတ်၄မှတ်ရယူထားပါတယ်။

ZawGyi

စပါးတပ္ေမာ္စကိုအားအႏိုင္ရတဲ့ပြဲမွာ လက္စတာအတြက္ ေလးဂိုးသြင္းၿပီး သမိုင္းမွတ္တိုင္စိုက္ခဲ့တဲ့ ဒါကာ

လက္စတာေရွ႕တန္းတိုက္စစ္သမားပတ္ဆန္ဒါကာဟာဗုဒၶဟူးေန႔ညတုန္းက လက္စတာကစပါးတပ္ေမာ္စကိုအား၄-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာေလးဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ဥေရာပၿပိဳင္ပြဲတြင္ပထမဆုံးဟက္ထရစ္သြင္းယူႏိုင္တဲ့ဇမ္ဘီယာကစားသမားျဖစ္လာခဲ့ပါတယ္။

ဒါကာဟာအိမ္ရွင္႐ုရွားကလပ္ရဲ႕ဦးေဆာင္မႈမ်ားကိုေခ်ပဂိုးမ်ားသြင္းယူၿပီးေနာက္အႏိုင္ဂိုးပါသြင္းယူေပးခဲ့တာလည္းျဖစ္ပါတယ္။

ဒါကာဟာၿပီးခဲ့တဲ့အပတ္စေနေန႔တုန္းကမန္ခ်က္စတာယူႏိုက္တက္အားအႏိုင္ရတဲ့ပြဲစဥ္မွာလည္းသူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ကိုသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။

ေႏြရာသီတုန္းကဆဲလ္ဘတ္မွေပါင္၂၃သန္းျဖင့္ေရာက္လာတဲ့ဒါကာဟာပထမပိုင္းၿပီးခါနီးႏွင့္ဒုတိယပိုင္း၉မိနစ္အတြင္းမွာဟက္ထရစ္သြင္းယူခဲ့တာျဖစ္ၿပီးအႏိုင္ဂိုးကို၇၈မိနစ္မွာသြင္းယူခဲ့တာျဖစ္ပါတယ္။

စပါးစ္တပ္ေမာ္စကိုႏိုင္ပြဲဟာဘရန္ဒန္ေရာ္ဂ်ာဦးေဆာင္တဲ့လက္စတာအတြက္ယခုရာသီပထမဆုံးယူ႐ိုပါလိဂ္ႏိုင္ပြဲျဖစ္ၿပီးသုံးပြဲကစားၿပီးခ်ိန္မွာရမွတ္၄မွတ္ရယူထားပါတယ္။