စပိန်ဂိုးသမားဆိုင်မွန်ကို အရှုးလုပ်ပြီး သွေးအေးအေးနဲ့ အဆုံးအဖြတ်ပင်နယ်တီသွင်းခဲ့တဲ့ ဂျော်ဂျင်ဟို

အီတလီကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုဟာအီတလီကစပိန်ကိုပင်နယ်တီဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်တဲ့ပွဲမှာအဆုံးအဖြတ်ပင်နယ်တီကို သွေးအေးအေးနဲ့ကန်သွင်းခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်ကစားသမားဟာမနေ့ညတုန်းကဝင်ဘာလေကွင်းမှာစပိန်အားပင်နယ်တီအဆုံးအဖြတ်ဖြင့်၄-၂ဖြင့်အနိုင်ရရှိတဲ့ပွဲမှာအဆုံးအဖြတ်ပင်နယ်တီကိုသွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုဟာသူ့ရဲ့ ပင်နယ်တီ Trademark ဖြစ်တဲ့ ခုန်ဆွခုန်ဆွလုပ်ပြီး စပိန်ဂိုးသမားဆိုင်မွန်ကို အမှားဘက်သို့ ဒိုင်ဗင်ပစ်အောင် အရှုးလုပ်ခဲ့ကာ ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲစဉ်မှာအီတလီဟာပွဲချိန်၆၀မိနစ်မှာချီယေးဆာရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးပွဲပြီးခါနီး၁၀မိနစ်မှာမိုရာတာကစပိန်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

အီတလီနှင့်စပိန်တို့ဟာအချိန်ပိုမှာလည်းဂိုးသွင်းနိုင်ခြင်းမရှိတာကြောင့်ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

အီတလီဘက်ကလိုကာတဲလ်လီရဲ့အဖွင့်ပင်နယ်တီလွဲခဲ့သလိုစပိန်ဘက်ကဒါနီအိုလ်မိုရဲ့ပင်နယ်တီကန်ချက်အပေါ်ထောင်သွားခဲ့ပါတယ်။

အီတလီဘက်ဘီလော့တီ၊ဘိုနုချီ၊ဘာနာဒက်စ်ချီတို့ရဲ့ပင်နယ်တီဝင်ခဲ့သလိုစပိန်ဘက်ကမိုရီနို၊တီယာဂိုတို့ရဲ့ပင်နယ်တီဆက်တိုက်ဝင်ခဲ့ပါတယ်။

ဒါပေမယ့်စပိန်ဘက်ကမိုရာတာပင်နယ်တီလွဲချိန်မှာအီတလီဘက်ကဂျော်ဂျင်ဟိုက အဆုံးအဖြတ်ပင်နယ်တီကိုဝင်အောင်ကန်ခဲ့ပါတယ်။

ZawGyi

စပိန္ဂိုးသမားဆိုင္မြန္ကို အရႈးလုပ္ၿပီး ေသြးေအးေအးနဲ႔ အဆုံးအျဖတ္ပင္နယ္တီသြင္းခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို

အီတလီကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုဟာအီတလီကစပိန္ကိုပင္နယ္တီျဖင့္အႏိုင္ရရွိကာယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္တဲ့ပြဲမွာအဆုံးအျဖတ္ပင္နယ္တီကို ေသြးေအးေအးနဲ႔ကန္သြင္းခဲ့ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္ကစားသမားဟာမေန႔ညတုန္းကဝင္ဘာေလကြင္းမွာစပိန္အားပင္နယ္တီအဆုံးအျဖတ္ျဖင့္၄-၂ျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအဆုံးအျဖတ္ပင္နယ္တီကိုသြင္းခဲ့တာလည္းျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာသူ႔ရဲ႕ ပင္နယ္တီ Trademark ျဖစ္တဲ့ ခုန္ဆြခုန္ဆြလုပ္ၿပီး စပိန္ဂိုးသမားဆိုင္မြန္ကို အမွားဘက္သို႔ ဒိုင္ဗင္ပစ္ေအာင္ အရႈးလုပ္ခဲ့ကာ ကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ယင္းပြဲစဥ္မွာအီတလီဟာပြဲခ်ိန္၆၀မိနစ္မွာခ်ီေယးဆာရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲၿပီးခါနီး၁၀မိနစ္မွာမိုရာတာကစပိန္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

အီတလီႏွင့္စပိန္တို႔ဟာအခ်ိန္ပိုမွာလည္းဂိုးသြင္းႏိုင္ျခင္းမရွိတာေၾကာင့္ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

အီတလီဘက္ကလိုကာတဲလ္လီရဲ႕အဖြင့္ပင္နယ္တီလြဲခဲ့သလိုစပိန္ဘက္ကဒါနီအိုလ္မိုရဲ႕ပင္နယ္တီကန္ခ်က္အေပၚေထာင္သြားခဲ့ပါတယ္။

အီတလီဘက္ဘီေလာ့တီ၊ဘိုႏုခ်ီ၊ဘာနာဒက္စ္ခ်ီတို႔ရဲ႕ပင္နယ္တီဝင္ခဲ့သလိုစပိန္ဘက္ကမိုရီႏို၊တီယာဂိုတို႔ရဲ႕ပင္နယ္တီဆက္တိုက္ဝင္ခဲ့ပါတယ္။

ဒါေပမယ့္စပိန္ဘက္ကမိုရာတာပင္နယ္တီလြဲခ်ိန္မွာအီတလီဘက္ကေဂ်ာ္ဂ်င္ဟိုက အဆုံးအျဖတ္ပင္နယ္တီကိုဝင္ေအာင္ကန္ခဲ့ပါတယ္။