စပိန်စူပါဖလားဗိုလ်လုပွဲတွင် မက်ဆီ ပါဝင်နိုင်မလား အတိအကျမသိဟု ကိုးမန်းဝန်ခံ

ရော်နယ်ကိုးမန်းကလာမယ့်တနင်္ဂနွေနေ့တွင်ကစားရမယ့်စပိန်စူပါဖလားဗိုလ်လုပွဲအမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကြံ့ခိုင်မှုပြည့်ဝလာမလားအတိအကျမပြောနိုင်ကြောင်းပြောကြားလာပါတယ်။

ဘာစီလိုနာဟာမနေ့ညတုန်းကဆိုစီဒက်နှင့်စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်ပွဲချိန်အတွင်း၁ဂိုးစီသရေကျပြီး နောက်ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဆိုစီဒက်နှင့်ပွဲစဉ်မှာဘာစီလိုနာဟာပွဲချိန်၃၉မိနစ်မှာဂရက်ဇ်မန်းရဲ့ဖြတ်တင်ဘောကနေဒီဂျောင်ရဲ့ခေါင်းတိုက်ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ဒုတိယပိုင်းမှာဘာစီလိုနာဟာဒီဂျောင်ရဲ့ဧရိယာအတွင်းလက်ထိဘောဖြစ်မှုမှတဆင့်ပင်နယ်တီပေးခဲ့ရပြီးဆိုစီဒက်အသင်းခေါင်းဆောင်မီခေးလ်အိုယာဇာဘယ်ကအပိုင်ကန်သွင်းခဲ့လို့ချေပဂိုးပေးခဲ့ရပါတယ်။ပင်နယ်တီအဆုံးအဖြတ်မှာဘာစီလိုနာက၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ကိုးမန်းက “သူ(မက်ဆီ)ပါဝင်လာနိုင်ဖို့မျှော်လင့်ပါတယ်။လောလောဆယ်တော့ကျွန်တော်လည်းမသိသေးပါဘူး။ ကျွန်တော်တို့စောင့်ရပါဦးမယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာယနေ့ညမှာကစားမယ့်ရီးရဲလ်မက်ဒရစ်နှင့်ဘီလ်ဘာအိုတို့ရဲ့ဆီမီးပွဲစဉ်မှအနိုင်ရရှိတဲ့အသင်းနှင့်ဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။

ZawGyi

စပိန္စူပါဖလားဗိုလ္လုပြဲတြင္ မက္ဆီ ပါဝင္ႏိုင္မလား အတိအက်မသိဟု ကိုးမန္းဝန္ခံ

ေရာ္နယ္ကိုးမန္းကလာမယ့္တနဂၤေႏြေန႔တြင္ကစားရမယ့္စပိန္စူပါဖလားဗိုလ္လုပြဲအမီအသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီႀကံ့ခိုင္မႈျပည့္ဝလာမလားအတိအက်မေျပာႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။

ဘာစီလိုနာဟာမေန႔ညတုန္းကဆိုစီဒက္ႏွင့္စပိန္စူပါဖလားဆီမီးဖိုင္နယ္ပြဲစဥ္တြင္ပြဲခ်ိန္အတြင္း၁ဂိုးစီသေရက်ၿပီး ေနာက္ပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဆိုစီဒက္ႏွင့္ပြဲစဥ္မွာဘာစီလိုနာဟာပြဲခ်ိန္၃၉မိနစ္မွာဂရက္ဇ္မန္းရဲ႕ျဖတ္တင္ေဘာကေနဒီေဂ်ာင္ရဲ႕ေခါင္းတိုက္ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ဒုတိယပိုင္းမွာဘာစီလိုနာဟာဒီေဂ်ာင္ရဲ႕ဧရိယာအတြင္းလက္ထိေဘာျဖစ္မႈမွတဆင့္ပင္နယ္တီေပးခဲ့ရၿပီးဆိုစီဒက္အသင္းေခါင္းေဆာင္မီေခးလ္အိုယာဇာဘယ္ကအပိုင္ကန္သြင္းခဲ့လို႔ေခ်ပဂိုးေပးခဲ့ရပါတယ္။ပင္နယ္တီအဆုံးအျဖတ္မွာဘာစီလိုနာက၃-၂ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ကိုးမန္းက “သူ(မက္ဆီ)ပါဝင္လာႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။ေလာေလာဆယ္ေတာ့ကြၽန္ေတာ္လည္းမသိေသးပါဘူး။ ကြၽန္ေတာ္တို႔ေစာင့္ရပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာယေန႔ညမွာကစားမယ့္ရီးရဲလ္မက္ဒရစ္ႏွင့္ဘီလ္ဘာအိုတို႔ရဲ႕ဆီမီးပြဲစဥ္မွအႏိုင္ရရွိတဲ့အသင္းႏွင့္ဗိုလ္လုပြဲရင္ဆိုင္ကစားရပါမယ္။