စပိန်တွင် စံချိန်တင်သွားခဲ့တဲ့ မက်ဆီရဲ့ပီအက်စ်ဂျီအတွက်ပထမဆုံးပွဲ

လီယွန်နယ်မက်ဆီရဲ့ပီအက်စ်ဂျီအတွက်ပထမဆုံးကစားတဲ့ပွဲစဉ်ဟာစပိန်ရုပ်သံသမိုင်းတွင်လူကြည့်အများဆုံးပြင်သစ်ဘောလုံးပွဲအဖြစ်စံချိန်တင်လာကြောင်းသိရပါတယ်။

အာဂျင်တီးနားစူပါစတားဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကရိမ်းစ်နှင့်ပွဲစဉ်တွင်သူ့ရဲ့ပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုဝင်ရောက်ကစားခဲ့ပါတယ်။အဆိုပါပွဲစဉ်ကစပိန်မှသန်းပေါင်းများစွာသောဘာစီလိုနာပရိသတ်များဟာရုပ်သံမှကြည့်ရှုခဲ့ပုံရပါတယ်။

စပိန်တွင်ပြင်သစ်လီဂူး၁ပွဲစဉ်အားထုတ်လွှင့်ပြသခွင့်ကိုမက်ဆီရဲ့ဘာစီလိုနာကစားဖော်ဟောင်းပီကေးပိုင်ဆိုင်တဲ့ Kosmos ကုမ္ပဏီကဝယ်ယူထားပါတယ်။ပီကေးဟာပီအက်စ်ဂျီသို့မက်ဆီပြောင်းသွားပြီးနောက်စပိန်တွင်ပြင်သစ်လီဂူး၁ပွဲစဉ်များအားထုတ်လွှင့်ပြသခွင့်အားဝယ်ယူခဲ့ပါတယ်။

မက်ဆီရဲ့ပီအက်စ်ဂျီအတွက်ပထမဆုံးပွဲစဉ်ကိုစပိန်ပရိသတ်၆၇၃၄၀၀၀တို့ကရုပ်သံကကြည့်ရှုခဲ့ကြောင်းသိပါတယ်။

ဘာစီလိုနာဂန္ထဝင်ကစားသမားမက်ဆီဟာရိမ်းစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၆၆မိနစ်မှာနေမာအစားလူစားဝင်ရောက်ကစားခဲ့ပါတယ်။

မက်ဆီဟာအဆိုပါပွဲစဉ်တွင်ကွင်းအတွင်းဝင်ရောက်လာပြီးနောက်ပြိုင်ဘက်ရိမ်းစ်ပရိသတ်များရဲ့လက်ခုပ်သံကိုပါရရှိခဲ့ပါတယ်။

ဒါ့အပြင်မက်ဆီဟာပွဲအပြီးမှာရိမ်းစ်ဂိုးသမားကသူ့သားငယ်နဲ့ဓာတ်ပုံအတွဲရိုက်ကူးပေးရန်တောင်းဆိုလာမှုအားလက်ခံပေးခဲ့ကာဖခင်တစ်ဦးရဲ့မေတ္တာတရားကိုဖြည့်ဆည်းပေးခဲ့ပါသေးတယ်။

ZawGyi

စပိန္တြင္ စံခ်ိန္တင္သြားခဲ့တဲ့ မက္ဆီရဲ႕ပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲ

လီယြန္နယ္မက္ဆီရဲ႕ပီအက္စ္ဂ်ီအတြက္ပထမဆုံးကစားတဲ့ပြဲစဥ္ဟာစပိန္႐ုပ္သံသမိုင္းတြင္လူၾကည့္အမ်ားဆုံးျပင္သစ္ေဘာလုံးပြဲအျဖစ္စံခ်ိန္တင္လာေၾကာင္းသိရပါတယ္။

အာဂ်င္တီးနားစူပါစတားဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကရိမ္းစ္ႏွင့္ပြဲစဥ္တြင္သူ႔ရဲ႕ပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုဝင္ေရာက္ကစားခဲ့ပါတယ္။အဆိုပါပြဲစဥ္ကစပိန္မွသန္းေပါင္းမ်ားစြာေသာဘာစီလိုနာပရိသတ္မ်ားဟာ႐ုပ္သံမွၾကည့္ရႈခဲ့ပုံရပါတယ္။

စပိန္တြင္ျပင္သစ္လီဂူး၁ပြဲစဥ္အားထုတ္လႊင့္ျပသခြင့္ကိုမက္ဆီရဲ႕ဘာစီလိုနာကစားေဖာ္ေဟာင္းပီေကးပိုင္ဆိုင္တဲ့ Kosmos ကုမၸဏီကဝယ္ယူထားပါတယ္။ပီေကးဟာပီအက္စ္ဂ်ီသို႔မက္ဆီေျပာင္းသြားၿပီးေနာက္စပိန္တြင္ျပင္သစ္လီဂူး၁ပြဲစဥ္မ်ားအားထုတ္လႊင့္ျပသခြင့္အားဝယ္ယူခဲ့ပါတယ္။

မက္ဆီရဲ႕ပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲစဥ္ကိုစပိန္ပရိသတ္၆၇၃၄၀၀၀တို႔က႐ုပ္သံကၾကည့္ရႈခဲ့ေၾကာင္းသိပါတယ္။

ဘာစီလိုနာဂႏၴဝင္ကစားသမားမက္ဆီဟာရိမ္းစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ၆၆မိနစ္မွာေနမာအစားလူစားဝင္ေရာက္ကစားခဲ့ပါတယ္။

မက္ဆီဟာအဆိုပါပြဲစဥ္တြင္ကြင္းအတြင္းဝင္ေရာက္လာၿပီးေနာက္ၿပိဳင္ဘက္ရိမ္းစ္ပရိသတ္မ်ားရဲ႕လက္ခုပ္သံကိုပါရရွိခဲ့ပါတယ္။

ဒါ့အျပင္မက္ဆီဟာပြဲအၿပီးမွာရိမ္းစ္ဂိုးသမားကသူ႔သားငယ္နဲ႔ဓာတ္ပုံအတြဲ႐ိုက္ကူးေပးရန္ေတာင္းဆိုလာမႈအားလက္ခံေပးခဲ့ကာဖခင္တစ္ဦးရဲ႕ေမတၱာတရားကိုျဖည့္ဆည္းေပးခဲ့ပါေသးတယ္။