
အာလင်းဟာလန်းဟာစပိန်တွင်နေအိမ်ရှာဖွေနေမှုနဲ့အတူပရီးမီးယားလိဂ်သို့မပြောင်းဘဲလာလီဂါသို့သာပြောင်းရွှေ့ကစားလာဖို့ရှိနေပါတယ်။
အစောပိုင်းတုန်းကသူ့အေးဂျင့်မီနိုရိုင်အိုလာကအာလင်းဟာလန်းမှာစပိန်တွင်နေထိုင်ရသည်ကိုနှစ်သက်သူဖြစ်ပြီးအိမ်တစ်လုံးလည်းပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ယနေ့တွင် AS ရဲ့ဖော်ပြမှုအရအာလင်းဟာလန်းဟာမာဘယ်လာတွင်အပန်းဖြေရသည်ကိုနှစ်သက်သူတစ်ဦးဖြစ်ပြီးယင်းတွင်အိမ်တစ်လုံးဝယ်ယူရန်ရှာဖွေနေကြောင်းသိရပါတယ်။
ယင်းသတင်းနဲ့အတူအာလင်းဟာလန်းဟာရီးရဲလ်မက်ဒရစ်သို့ပြောင်းရန် အခြေအနေကောင်းလာပါတယ်။
ဒါပေမဲ့ရီးရဲလ်မက်ဒရစ်ဟာဟာလန်းအားခေါ်ယူရေးအတွက်ဘာစီလိုနာရဲ့ပြိုင်ဆိုင်မှုနှင့်ကြုံရပါမယ်။ဘာစီလိုနာနည်းပြဇာဗီးဟာယခုအပတ်အစောပိုင်းတုန်းကမြူးနစ်သို့သွားရောက်ကာအာလင်းဟာလန်းအားနူးကမ့်သို့လာရောက်ရေးအတွက်ဖျောင်းဖျပြောဆိုမှုပြုလုပ်ထားပါတယ်။
တဖက်တွင် ဒေါ့မွန်အတွက်ယခုရာသီမှာပွဲ၂၀ကစားထားရာမှာ၂၃ဂိုးအထိသွင်းထားတဲ့အာလင်းဟာလန်းကိုမန်စီးတီးကလည်းခေါ်ယူလိုနေပါတယ်။မန်စီးတီးဟာယခုအပတ်နှောင်းပိုင်းတွင်အာလင်းဟာလန်းအားခေါ်ယူရေး စတင်ဆွေးနွေးဖို့ကြိုးစားလာဖို့ရှိနေပါတယ်။
ဒါ့အပြင်မန်စီးတီးရဲ့မြို့ခံပြိုင်ဘက်ယူနိုက်တက်ကလည်းအာလင်းဟာလန်းအားခေါ်ယူရေးကာလရှည်ကြာကြိုးစားလာခဲ့တာနဲ့အညီ ယခုတကြိမ်လည်းခေါ်ယူနိုင်ရေးအစွမ်းကုန်ကြိုးပမ်းဖို့ရှိပါတယ်။
ZawGyi
စပိန္တြင္ အိမ္ရွာေဖြေနမႈနဲ႔အတူ ပရီးမီးယားလိဂ္သို႔ မလာေရာက္ဘဲ လာလီဂါသို႔ ေျပာင္းဖို႔ ရွိေနတဲ့ ဟာလန္း
အာလင္းဟာလန္းဟာစပိန္တြင္ေနအိမ္ရွာေဖြေနမႈနဲ႔အတူပရီးမီးယားလိဂ္သို႔မေျပာင္းဘဲလာလီဂါသို႔သာေျပာင္းေ႐ႊ႕ကစားလာဖို႔ရွိေနပါတယ္။
အေစာပိုင္းတုန္းကသူ႔ေအးဂ်င့္မီႏို႐ိုင္အိုလာကအာလင္းဟာလန္းမွာစပိန္တြင္ေနထိုင္ရသည္ကိုႏွစ္သက္သူျဖစ္ၿပီးအိမ္တစ္လုံးလည္းပိုင္ဆိုင္ထားေၾကာင္း ေျပာၾကားခဲ့ဖူးပါတယ္။
ယေန႔တြင္ AS ရဲ႕ေဖာ္ျပမႈအရအာလင္းဟာလန္းဟာမာဘယ္လာတြင္အပန္းေျဖရသည္ကိုႏွစ္သက္သူတစ္ဦးျဖစ္ၿပီးယင္းတြင္အိမ္တစ္လုံးဝယ္ယူရန္ရွာေဖြေနေၾကာင္းသိရပါတယ္။
ယင္းသတင္းနဲ႔အတူအာလင္းဟာလန္းဟာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းရန္ အေျခအေနေကာင္းလာပါတယ္။
ဒါေပမဲ့ရီးရဲလ္မက္ဒရစ္ဟာဟာလန္းအားေခၚယူေရးအတြက္ဘာစီလိုနာရဲ႕ၿပိဳင္ဆိုင္မႈႏွင့္ႀကဳံရပါမယ္။ဘာစီလိုနာနည္းျပဇာဗီးဟာယခုအပတ္အေစာပိုင္းတုန္းကျမဴးနစ္သို႔သြားေရာက္ကာအာလင္းဟာလန္းအားႏူးကမ့္သို႔လာေရာက္ေရးအတြက္ေဖ်ာင္းဖ်ေျပာဆိုမႈျပဳလုပ္ထားပါတယ္။
တဖက္တြင္ ေဒါ့မြန္အတြက္ယခုရာသီမွာပြဲ၂၀ကစားထားရာမွာ၂၃ဂိုးအထိသြင္းထားတဲ့အာလင္းဟာလန္းကိုမန္စီးတီးကလည္းေခၚယူလိုေနပါတယ္။မန္စီးတီးဟာယခုအပတ္ေႏွာင္းပိုင္းတြင္အာလင္းဟာလန္းအားေခၚယူေရး စတင္ေဆြးေႏြးဖို႔ႀကိဳးစားလာဖို႔ရွိေနပါတယ္။
ဒါ့အျပင္မန္စီးတီးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ယူႏိုက္တက္ကလည္းအာလင္းဟာလန္းအားေခၚယူေရးကာလရွည္ၾကာႀကိဳးစားလာခဲ့တာနဲ႔အညီ ယခုတႀကိမ္လည္းေခၚယူႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းဖို႔ရွိပါတယ္။