စပိန်နှင့်ပွဲတွင် မော်ရိုကိုအတွက် အဆုံးအဖြတ်ပင်နယ်တီအနိုင်ဂိုးသွင်းပြီးနောက် မိခင်နှင့်အတူအောင်ပွဲခံခဲ့တဲ့ ဟာကီမီ

မော်ရိုကိုဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာမထင်မှတ်တဲ့ရလဒ်ရယူနိုင်တဲ့ပွဲအဖြစ်မနေ့ညတုန်းကစပိန်ကိုကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာပင်နယ်တီဖြင့်အနိုင်ယူပြီးကွာတားဖိုင်နယ်သို့တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

မော်ရိုကိုအတွက်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ပထမဆုံးအကြိမ်အဖြစ်ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်စေမဲ့အဆုံးအဖြတ်ပင်နယ်တီဂိုးကိုသွင်းယူခဲ့တဲ့သူကတော့အေရှရက်ဖ်ဟာကီမီဖြစ်ပါတယ်။

ပီအက်စ်ဂျီညာနောက်ခံလူဟာ၂၀၁၀ကမ္ဘာ့ဖလားချန်ပီယံစပိန်နှင့်ပွဲမှာအဆုံးအဖြတ်ပင်နယ်တီကန်သွင်းခဲ့တာဖြစ်ပါတယ်။ယင်းပင်နယ်တီကအဆုံးအဖြတ်ပင်နယ်တီဖြစ်တာကြောင့်ဟာကီမီအတွက်ဖိအားများစွာရှိနေပါတယ်။

ဒါပေမဲ့ဟာကီမီဟာ Panenka ကန်ချက်ဖြင့်လှပစွာကန်သွင်းကာ မော်ရိုကိုကိုကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ပထမဆုံးအကြိမ်တက်ရောက်နိုင်စေခဲ့ပါတယ်။

ဟာကီမီဟာစပိန်နိုင်ငံ၊မက်ဒရစ်မှာကြီးပြင်းလာခဲ့သူဖြစ်ပြီးအသက်၇နှစ်အရွယ်ကတည်းကရီးရဲလ်မက်ဒရစ်အကယ်ဒမီသို့ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာစပိန်အတွက်ကစားနိုင်ပေမဲ့လည်းမိဘတွေရဲ့မွေးရပ်ဇာတိမော်ရိုကိုအတွက်ကစားဖို့ရွေးချယ်ခဲ့ပါတယ်။

သူ့ရဲ့မိဘတွေဟာဟာကီမီကိုဘောလုံးသမားတစ်ဦးဖြစ်လာအောင်ဘဝတစ်ခုလုံးရင်းပြီးမြေတောင်မြှောက်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဟာကီမီဟာသူ့ကစားသမားဘဝတစ်ခုလုံးအောင်မြင်မှုကိုသူ့မိဘတွေအတွက်ရည်ရွယ်လာခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်းစပိန်နှင့်ပွဲမှာအဆုံးအဖြတ်ပင်နယ်တီဂိုးသွင်းယူပြီးနောက်ဟာကီမီဟာမိခင်ရှိရာပွဲကြည့်စင်သို့သွားရောက်ပြီးအတူအောင်ပွဲခံခဲ့ပါတယ်။

မိခင်ဖြစ်သူကလည်းမော်ရိုကိုကိုကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့တဲ့သားဖြစ်သူကိုဂုဏ်ပြုအနမ်းချီးမြှင့်ခဲ့ပါတယ်။

ယခင်တုန်းကဒေါ့မွန်မှာအငှားဖြင့်ကစားနေစဉ်တုန်းကမိဘတွေနဲ့ပတ်သက်ပြီးဟာကီမီက “ကျွန်တော့်အမေကအိမ်သန့်ရှင်းလုပ်တယ်။အဖေကလမ်းဘေးဈေးသည်။ကျွန်တော်တို့ရှင်သန်ဖို့စားဖို့သောက်ဖို့ရုန်းကန်ရတဲ့ဘဝကလာတာပါ။ဒီကနေ့မှာကျွန်တော်သူတို့အတွက်နေ့တိုင်းတိုက်ပွဲဝင်တယ်။သူတို့(မိဘ)ဟာကျွန်တော့်အတွက်ရင်းပြီးပေးဆပ်ခဲ့ကြသူတွေပါ”လို့ပြောကြားခဲ့ဖူးပါတယ်။

ဟာကီမီဟာရီးရဲလ်မက်ဒရစ်၊ဒေါ့မွန်၊အင်တာမီလန်တို့နှင့်အတူကစားခဲ့သူဖြစ်ပြီးလက်ရှိအချိန်မှာပီအက်စ်ဂျီမှာကစားနေကာကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူတွေထဲကတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

စပိန္ႏွင့္ပြဲတြင္ ေမာ္႐ိုကိုအတြက္ အဆုံးအျဖတ္ပင္နယ္တီအႏိုင္ဂိုးသြင္းၿပီးေနာက္ မိခင္ႏွင့္အတူေအာင္ပြဲခံခဲ့တဲ့ ဟာကီမီ

ေမာ္႐ိုကိုဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာမထင္မွတ္တဲ့ရလဒ္ရယူႏိုင္တဲ့ပြဲအျဖစ္မေန႔ညတုန္းကစပိန္ကိုကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာပင္နယ္တီျဖင့္အႏိုင္ယူၿပီးကြာတားဖိုင္နယ္သို႔တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေမာ္႐ိုကိုအတြက္ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ပထမဆုံးအႀကိမ္အျဖစ္ကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ေစမဲ့အဆုံးအျဖတ္ပင္နယ္တီဂိုးကိုသြင္းယူခဲ့တဲ့သူကေတာ့ေအရွရက္ဖ္ဟာကီမီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီညာေနာက္ခံလူဟာ၂၀၁၀ကမာၻ႔ဖလားခ်န္ပီယံစပိန္ႏွင့္ပြဲမွာအဆုံးအျဖတ္ပင္နယ္တီကန္သြင္းခဲ့တာျဖစ္ပါတယ္။ယင္းပင္နယ္တီကအဆုံးအျဖတ္ပင္နယ္တီျဖစ္တာေၾကာင့္ဟာကီမီအတြက္ဖိအားမ်ားစြာရွိေနပါတယ္။

ဒါေပမဲ့ဟာကီမီဟာ Panenka ကန္ခ်က္ျဖင့္လွပစြာကန္သြင္းကာ ေမာ္႐ိုကိုကိုကမာၻ႔ဖလားကြာတားဖိုင္နယ္သို႔ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ေစခဲ့ပါတယ္။

ဟာကီမီဟာစပိန္ႏိုင္ငံ၊မက္ဒရစ္မွာႀကီးျပင္းလာခဲ့သူျဖစ္ၿပီးအသက္၇ႏွစ္အ႐ြယ္ကတည္းကရီးရဲလ္မက္ဒရစ္အကယ္ဒမီသို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာစပိန္အတြက္ကစားႏိုင္ေပမဲ့လည္းမိဘေတြရဲ႕ေမြးရပ္ဇာတိေမာ္႐ိုကိုအတြက္ကစားဖို႔ေ႐ြးခ်ယ္ခဲ့ပါတယ္။

သူ႔ရဲ႕မိဘေတြဟာဟာကီမီကိုေဘာလုံးသမားတစ္ဦးျဖစ္လာေအာင္ဘဝတစ္ခုလုံးရင္းၿပီးေျမေတာင္ေျမႇာက္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ဟာကီမီဟာသူ႔ကစားသမားဘဝတစ္ခုလုံးေအာင္ျမင္မႈကိုသူ႔မိဘေတြအတြက္ရည္႐ြယ္လာခဲ့တာလည္းျဖစ္ပါတယ္။

အခုလည္းစပိန္ႏွင့္ပြဲမွာအဆုံးအျဖတ္ပင္နယ္တီဂိုးသြင္းယူၿပီးေနာက္ဟာကီမီဟာမိခင္ရွိရာပြဲၾကည့္စင္သို႔သြားေရာက္ၿပီးအတူေအာင္ပြဲခံခဲ့ပါတယ္။

မိခင္ျဖစ္သူကလည္းေမာ္႐ိုကိုကိုကမာၻ႔ဖလားကြာတားဖိုင္နယ္သို႔ပို႔ေဆာင္ေပးခဲ့တဲ့သားျဖစ္သူကိုဂုဏ္ျပဳအနမ္းခ်ီးျမႇင့္ခဲ့ပါတယ္။

ယခင္တုန္းကေဒါ့မြန္မွာအငွားျဖင့္ကစားေနစဥ္တုန္းကမိဘေတြနဲ႔ပတ္သက္ၿပီးဟာကီမီက “ကြၽန္ေတာ့္အေမကအိမ္သန႔္ရွင္းလုပ္တယ္။အေဖကလမ္းေဘးေဈးသည္။ကြၽန္ေတာ္တို႔ရွင္သန္ဖို႔စားဖို႔ေသာက္ဖို႔႐ုန္းကန္ရတဲ့ဘဝကလာတာပါ။ဒီကေန႔မွာကြၽန္ေတာ္သူတို႔အတြက္ေန႔တိုင္းတိုက္ပြဲဝင္တယ္။သူတို႔(မိဘ)ဟာကြၽန္ေတာ့္အတြက္ရင္းၿပီးေပးဆပ္ခဲ့ၾကသူေတြပါ”လို႔ေျပာၾကားခဲ့ဖူးပါတယ္။

ဟာကီမီဟာရီးရဲလ္မက္ဒရစ္၊ေဒါ့မြန္၊အင္တာမီလန္တို႔ႏွင့္အတူကစားခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္မွာပီအက္စ္ဂ်ီမွာကစားေနကာကမာၻ႔အေကာင္းဆုံးညာေနာက္ခံလူေတြထဲကတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။