စပိန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင် ဆာဂျီယိုရာမို့စ်ချန်လှပ်ခံရတဲ့အကြောင်းရင်းများ

ဆာဂျီယိုရာမို့စ်ဟာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်အိပ်မက်မရရှိလာတော့ပါဘူး။ယခုရာသီတွင်ပီအက်စ်ဂျီမှာပုံမှန်ကစားခွင့်ရရှိနေတဲ့အသက်၃၆နှစ်ရှိဆာဂျီယိုရာမို့စ်ဟာလူးဝစ်အန်းနရစ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်စပိန်လက်ရွေးစင်အသင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

လူးဝစ်အန်းနရစ်ဟာဆာဂျီယိုရာမို့စ်ကိုချန်လှပ်ထားခဲ့ပြီးအခြားကစားသမားတွေကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

ယနေ့တွင် SPORT ရဲ့ဖော်ပြလာမှုအရလူးဝစ်အန်းနရစ်ဟာအကြောင်းပြချက်နှစ်ခုကြောင့်ရာမို့စ်ကိုချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ပထမအကြောင်းပြချက်မှာမန်စီးတီးနောက်ခံလူအေမီရစ်လာပေါ်တေး ကြံ့ခိုင်မှုပြည့်ဝလာမှုကြောင့်ဖြစ်ပါတယ်။လာပေါ်တေး ကြံ့ခိုင်မှုပြည့်ဝကာပုံမှန်ကစားလာနိုင်မှုကြောင့်ရာမို့စ်ကိုချန်လှပ်ဖို့ အန်းနရစ်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယအကြောင်းပြချက်မှာဟူဂိုဂူလာမွန်မှာဗလင်စီယာတွင်အကောင်းဆုံးပုံစံဖြင့်ကစားနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းအန်းနရစ်ဟာဂူလာမွန်ကိုအဲရစ်ဂါစီယာ၊ပူတောရက်စ်တို့နဲ့အတူစပိန်အသင်းမှာရွေးချယ်ဖို့ထိုက်တန်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။

စပိန်နည်းပြလူးဝစ်အန်းနရစ်ဟာ၂၀၂၁ခုနှစ်ကတည်းကဆာဂျီယိုရာမို့စ်ကိုစပိန်အသင်းတွင်ချန်လှပ်လာခဲ့တာဖြစ်ပါတယ်။

စပိန်ဟာနိုဝင်ဘာလ၂၃ရက်နေ့တွင်ကော့စတာရီကာနှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကစားရပါမယ်။ယင်းပွဲအပြီးတွင်စပိန်ဟာနိုဝင်ဘာလ၂၈ရက်နေ့တွင် ဂျာမနီနှင့်လည်းကောင်း၊ဒီဇင်ဘာလ၂ရက်နေ့တွင်ဂျပန်နှင့်လည်းကောင်းရင်ဆိုင်ကစားရပါမယ်။

ZawGyi

စပိန္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ ဆာဂ်ီယိုရာမို႔စ္ခ်န္လွပ္ခံရတဲ့အေၾကာင္းရင္းမ်ား

ဆာဂ်ီယိုရာမို႔စ္ဟာသူ႔ရဲ႕ကစားသမားဘဝေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္အိပ္မက္မရရွိလာေတာ့ပါဘူး။ယခုရာသီတြင္ပီအက္စ္ဂ်ီမွာပုံမွန္ကစားခြင့္ရရွိေနတဲ့အသက္၃၆ႏွစ္ရွိဆာဂ်ီယိုရာမို႔စ္ဟာလူးဝစ္အန္းနရစ္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္စပိန္လက္ေ႐ြးစင္အသင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

လူးဝစ္အန္းနရစ္ဟာဆာဂ်ီယိုရာမို႔စ္ကိုခ်န္လွပ္ထားခဲ့ၿပီးအျခားကစားသမားေတြကိုေ႐ြးခ်ယ္ဖို႔ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

ယေန႔တြင္ SPORT ရဲ႕ေဖာ္ျပလာမႈအရလူးဝစ္အန္းနရစ္ဟာအေၾကာင္းျပခ်က္ႏွစ္ခုေၾကာင့္ရာမို႔စ္ကိုခ်န္လွပ္ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ပထမအေၾကာင္းျပခ်က္မွာမန္စီးတီးေနာက္ခံလူေအမီရစ္လာေပၚေတး ႀကံ့ခိုင္မႈျပည့္ဝလာမႈေၾကာင့္ျဖစ္ပါတယ္။လာေပၚေတး ႀကံ့ခိုင္မႈျပည့္ဝကာပုံမွန္ကစားလာႏိုင္မႈေၾကာင့္ရာမို႔စ္ကိုခ်န္လွပ္ဖို႔ အန္းနရစ္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယအေၾကာင္းျပခ်က္မွာဟူဂိုဂူလာမြန္မွာဗလင္စီယာတြင္အေကာင္းဆုံးပုံစံျဖင့္ကစားေနတာျဖစ္ပါတယ္။ဒါေၾကာင့္လည္းအန္းနရစ္ဟာဂူလာမြန္ကိုအဲရစ္ဂါစီယာ၊ပူေတာရက္စ္တို႔နဲ႔အတူစပိန္အသင္းမွာေ႐ြးခ်ယ္ဖို႔ထိုက္တန္တယ္လို႔ဆုံးျဖတ္ခဲ့ပါတယ္။

စပိန္နည္းျပလူးဝစ္အန္းနရစ္ဟာ၂၀၂၁ခုႏွစ္ကတည္းကဆာဂ်ီယိုရာမို႔စ္ကိုစပိန္အသင္းတြင္ခ်န္လွပ္လာခဲ့တာျဖစ္ပါတယ္။

စပိန္ဟာႏိုဝင္ဘာလ၂၃ရက္ေန႔တြင္ေကာ့စတာရီကာႏွင့္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲကစားရပါမယ္။ယင္းပြဲအၿပီးတြင္စပိန္ဟာႏိုဝင္ဘာလ၂၈ရက္ေန႔တြင္ ဂ်ာမနီႏွင့္လည္းေကာင္း၊ဒီဇင္ဘာလ၂ရက္ေန႔တြင္ဂ်ပန္ႏွင့္လည္းေကာင္းရင္ဆိုင္ကစားရပါမယ္။