စပိန်ရဲ့ကြောင်တောင်တောင်ဥပဒေကြောင့် မက်ဆီရဲ့ကျောနံပါတ် ၁၀ ကို အနားပေးလို့ရမှာမဟုတ်တဲ့ ဘာကာ

ဘာစီလိုနာဟာအသင်းမှထွက်ခွာသွားခဲ့တဲ့လီယွန်နယ်မက်ဆီကိုဂုဏ်ပြုသောအားဖြင့်ကျောနံပါတ်၁၀ကိုဘယ်တော့မှအနားပေးနိုင်တော့မှာမဟုတ်ပါဘူး။

အသက်၃၄နှစ်ရှိအာဂျင်တီးနားစူပါစတားဟာဘာစီလိုနာတွင်နှစ်ပေါင်းနှစ်ဆယ်ကြာကစားပြီးနောက်ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကထွက်ခွာသွားခဲ့ပါတယ်။

မက်ဆီဟာလူငယ်ဘဝတုန်းကဘာစီလိုနာတွင်ကျောနံပါတ်၃၀နှင့်၁၉တို့ကိုဝတ်ဆင်ခဲ့သော်လည်းကျောနံပါတ်၁၀ကိုဝတ်ဆင်လာခဲ့တဲ့၁၃နှစ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။

ဘာစီလိုနာပရိသတ်များဟာကလပ်အတွက်ဆုဖလားပေါင်းများစွာရယူပေးခဲ့တဲ့မက်ဆီဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုအနားပေးလိုနေပါတယ်။ဒါပေမယ့်စပိန်စည်းမျဉ်းအရဘာစီလိုနာအနေနဲ့ကျောနံပါတ်၁၀ကိုအနားပေးလို့မရပါဘူး။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့စည်းမျဉ်းအရကလပ်အသင်းတိုင်းဟာပထမအသင်းအတွက်ကစားသမား၂၅ဦးထည့်သွင်းရမှာဖြစ်ပြီးကျောနံပါတ်ကိုလည်း၁မှ၂၅အထိထားရပါမယ်။အကယ်၍အရန်အသင်းမှလူငယ်ကစားသမားများပထမအသင်းနှင့်ပူးပေါင်းလာပါက၂၆မှ၅၀အထိအသုံးပြုရပါမယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်စည်းမျဉ်းအရကျောနံပါတ်ကိုအနားပေးလို့မရပေမယ့်လည်းအက်စ်ပန်ညိုအသင်းကတော့၂၀၀၉ခုနှစ်ရာသီကြိုတုန်းကသေဆုံးသွားတဲ့ဒါနီရယ်ဂျာကေးရဲ့ကျောနံပါတ်၂၁အားအနားပေးခဲ့ထားပါတယ်။

ဘောလုံးလောကတွင်နာမည်ကြီးကစားသမားများရဲ့ကျောနံပါတ်အားအနားပေးထားမှုအဖြစ်အေဂျက်စ်(ကျောနံပါတ်၁၄/ဂျိုဟန်ခရိုက်ဖ်)၊နာပိုလီ(ကျောနံပါတ်၁၀/မာရာဒိုနာ)၊ဘာမင်ဂမ်(ကျောနံပါတ်၂၂/ဂျူ့ဘယ်လင်ဂမ်)တို့ဖြစ်ပါတယ်။

တစ်ဖက်တွင်ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကလည်းမက်ဆီရဲ့ကျောနံပါတ်၁၀အားအနားပေးမှုအပေါ်လက်မခံပါဘူး။

ကိုးမန်းက “အေဂျက်စ်မှာဂျိုဟန်ခရိုက်ဖ်ရဲ့နံပါတ်(၁၄)ကိုအနားပေးထားပါတယ်။ဒါပေမယ့်တစ်ဖက်ကကြည့်ရင်ဘယ်သူမဆိုမက်ဆီလိုကောင်းကောင်းကစားနိုင်ဖို့အိပ်မက်မက်ခွင့်ရှိနေပါတယ်။ကျောနံပါတ်၁၀ကဆက်လက်ရှင်သန်နေသင့်ပါတယ်။ပြောရမယ်ဆိုရင်ဘယ်သူ့မှမပေးဘဲနေတာမျိုးပေါ့။တကယ်တော့မက်ဆီကမက်ဆီပါပဲ။သူ့အင်္ကျီကြောင့်မဟုတ်ပါဘူး။သူ့ဘောလုံးကျွမ်းကျင်မှုကြောင့်မက်ဆီဖြစ်နေတာပါ။ဒီတော့ကျွန်တော်တို့အနေနဲ့မက်ဆီလိုကောင်းချင်တဲ့လူငယ်ကစားသမားတွေကိုလွဲပြောင်းပေးရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

စပိန္ရဲ႕ေၾကာင္ေတာင္ေတာင္ဥပေဒေၾကာင့္ မက္ဆီရဲ႕ေက်ာနံပါတ္ ၁၀ ကို အနားေပးလို႔ရမွာမဟုတ္တဲ့ ဘာကာ

ဘာစီလိုနာဟာအသင္းမွထြက္ခြာသြားခဲ့တဲ့လီယြန္နယ္မက္ဆီကိုဂုဏ္ျပဳေသာအားျဖင့္ေက်ာနံပါတ္၁၀ကိုဘယ္ေတာ့မွအနားေပးႏိုင္ေတာ့မွာမဟုတ္ပါဘူး။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစူပါစတားဟာဘာစီလိုနာတြင္ႏွစ္ေပါင္းႏွစ္ဆယ္ၾကာကစားၿပီးေနာက္ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကထြက္ခြာသြားခဲ့ပါတယ္။

မက္ဆီဟာလူငယ္ဘဝတုန္းကဘာစီလိုနာတြင္ေက်ာနံပါတ္၃၀ႏွင့္၁၉တို႔ကိုဝတ္ဆင္ခဲ့ေသာ္လည္းေက်ာနံပါတ္၁၀ကိုဝတ္ဆင္လာခဲ့တဲ့၁၃ႏွစ္တိုင္တိုင္ရွိၿပီျဖစ္ပါတယ္။

ဘာစီလိုနာပရိသတ္မ်ားဟာကလပ္အတြက္ဆုဖလားေပါင္းမ်ားစြာရယူေပးခဲ့တဲ့မက္ဆီဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၀ကိုအနားေပးလိုေနပါတယ္။ဒါေပမယ့္စပိန္စည္းမ်ဥ္းအရဘာစီလိုနာအေနနဲ႔ေက်ာနံပါတ္၁၀ကိုအနားေပးလို႔မရပါဘူး။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စည္းမ်ဥ္းအရကလပ္အသင္းတိုင္းဟာပထမအသင္းအတြက္ကစားသမား၂၅ဦးထည့္သြင္းရမွာျဖစ္ၿပီးေက်ာနံပါတ္ကိုလည္း၁မွ၂၅အထိထားရပါမယ္။အကယ္၍အရန္အသင္းမွလူငယ္ကစားသမားမ်ားပထမအသင္းႏွင့္ပူးေပါင္းလာပါက၂၆မွ၅၀အထိအသုံးျပဳရပါမယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္စည္းမ်ဥ္းအရေက်ာနံပါတ္ကိုအနားေပးလို႔မရေပမယ့္လည္းအက္စ္ပန္ညိဳအသင္းကေတာ့၂၀၀၉ခုႏွစ္ရာသီႀကိဳတုန္းကေသဆုံးသြားတဲ့ဒါနီရယ္ဂ်ာေကးရဲ႕ေက်ာနံပါတ္၂၁အားအနားေပးခဲ့ထားပါတယ္။

ေဘာလုံးေလာကတြင္နာမည္ႀကီးကစားသမားမ်ားရဲ႕ေက်ာနံပါတ္အားအနားေပးထားမႈအျဖစ္ေအဂ်က္စ္(ေက်ာနံပါတ္၁၄/ဂ်ိဳဟန္ခ႐ိုက္ဖ္)၊နာပိုလီ(ေက်ာနံပါတ္၁၀/မာရာဒိုနာ)၊ဘာမင္ဂမ္(ေက်ာနံပါတ္၂၂/ဂ်ဴ႕ဘယ္လင္ဂမ္)တို႔ျဖစ္ပါတယ္။

တစ္ဖက္တြင္ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကလည္းမက္ဆီရဲ႕ေက်ာနံပါတ္၁၀အားအနားေပးမႈအေပၚလက္မခံပါဘူး။

ကိုးမန္းက “ေအဂ်က္စ္မွာဂ်ိဳဟန္ခ႐ိုက္ဖ္ရဲ႕နံပါတ္(၁၄)ကိုအနားေပးထားပါတယ္။ဒါေပမယ့္တစ္ဖက္ကၾကည့္ရင္ဘယ္သူမဆိုမက္ဆီလိုေကာင္းေကာင္းကစားႏိုင္ဖို႔အိပ္မက္မက္ခြင့္ရွိေနပါတယ္။ေက်ာနံပါတ္၁၀ကဆက္လက္ရွင္သန္ေနသင့္ပါတယ္။ေျပာရမယ္ဆိုရင္ဘယ္သူ႔မွမေပးဘဲေနတာမ်ိဳးေပါ့။တကယ္ေတာ့မက္ဆီကမက္ဆီပါပဲ။သူ႔အက်ႌေၾကာင့္မဟုတ္ပါဘူး။သူ႔ေဘာလုံးကြၽမ္းက်င္မႈေၾကာင့္မက္ဆီျဖစ္ေနတာပါ။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔မက္ဆီလိုေကာင္းခ်င္တဲ့လူငယ္ကစားသမားေတြကိုလြဲေျပာင္းေပးရပါမယ္”လို႔ေျပာၾကားသြားပါတယ္။