စပိန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲလူစာရင်းတွင် ရာမို့စ်ချန်လှပ်ခံရပြီး ၆ ပွဲတည်းသာ ကစားခွင့်ရထားတဲ့ ဂါစီယာရွေးချယ်ခံရ

စပိန်ဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအတွက်လူစာရင်းထုတ်ပြန်ကြေညာခဲ့ရာမှာအသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်အားအငြင်းပွားဖွယ်ရာချန်လှပ်မှုပြုလုပ်ခဲ့ပါတယ်။

စပိန်နည်းပြလူးဝစ်အန်းနရစ်ဟာနွေရာသီတွင်ကျင်းပမယ့်ယူရိုပြိုင်ပွဲမှာနိုင်ငံအတွက်ပွဲအများဆုံးကစားထားသူအဖြစ်ရပ်တည်နေတဲ့ရာမို့စ်ကိုချန်လှပ်ထားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာယူရို၂၀၂၀ခြေစစ်ပွဲ၁၀ပွဲတွင်၉ပွဲကစားပြီးခြေစစ်ပွဲအောင်မြင်အောင်ကူညီထားသူလည်းဖြစ်ပါတယ်။ဒါ့အပြင်သူဟာစပိန်နှင့်အတူယူရိုဖလားနှစ်ကြိမ်ဆွတ်ခူးထားတဲ့အပြင်၂၀၁၀ကမ္ဘာ့ဖလားလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ရာမို့စ်ဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာဒဏ်ရာပြဿနာများနှင့်ကြုံတွေ့ခဲ့ရမှုနဲ့အတူလာမယ့်လတွင်ကျင်းပမယ့်ယူရိုမှာစပိန်ကိုဆုဖလားရရှိအောင်ကူညီနိုင်တော့မှာမဟုတ်ပါဘူး။

ရာမို့စ်ဟာယခုရာသီမှာရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၁ပွဲတည်းသာကစားထားနိုင်ပြီးကြံ့ခိုင်မှုပိုင်းပြဿနာရဲ့အကျိုးဆက်အဖြစ်ပေးဆပ်လိုက်ရတာပါ။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့စပိန်အသင်းရဲ့နိုင်ငံတကာပြိုင်ပွဲကြီးအတွက်လူစာရင်းထဲတွင်ပထမဆုံးအကြိမ်အဖြစ်ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးမျှမပါဝင်လာတာလည်းဖြစ်နေပါတယ်။

လူးဝစ်အန်းနရစ်က “အရမ်းကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ဒါပေမယ့်ရာမို့စ်ဟာပြီးခဲ့တဲ့ကာလတွေမှာလေ့ကျင့်ခန်းအများကြီးမလုပ်နိုင်ခဲ့သလိုပွဲလည်းမကစားနိုင်ခဲ့ပါဘူး။ရာမို့စ်ကိုလူစာရင်းမှာထည့်သွင်းချင်ပေမယ့်သူကပွဲကစားနိုင်မယ့်အလားအလာလည်းမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ရာမို့စ်ချန်လှပ်ခံခဲ့ရပေမယ့်လည်းမန်စီးတီးနောက်ခံလူအဲရစ်ဂါစီယာကတော့စပိန်အသင်းမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။သူဟာပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအတွက်လိဂ်ပွဲ၆ပွဲတည်းသာကစားခွင့်ရထားသူဖြစ်ပါတယ်။ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားဟာနွေရာသီမှာဘာစီလိုနာသို့ပြောင်းမယ်လို့လည်းသတင်းထွက်နေသူပါ။

သူဟာမန်စီးတီးကစားဖော်အေမီရစ်လာပေါ်တီနှင့်အတူစပိန်အသင်းမှာရွေးချယ်ခြင်းခံခဲ့ရတာပါ။လာပေါ်တီမှာလည်းပြင်သစ်လက်ရွေးစင်အသင်းတွင်အခွင့်အရေးမရရှိမှုနဲ့အတူယခုလအစောပိုင်းကမှစပိန်အသင်းအတွက်ကစားရန်နိုင်ငံပြောင်းလာခဲ့သူလည်းဖြစ်ပါတယ်။

လူးဝစ်အန်းနရစ်က “ရာမို့စ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ခဲ့တာကအငြင်းပွားဖို့ကောင်းနေပါလိမ့်မယ်။မီဒီယာတွေကဘယ်လောက်ဘဲဆူညံပွက်လောရိုက်အောင်ရေးလာပါစေလက်ခံသွားပါမယ်။အေမီရစ်လာပေါ်တီကိုရွေးခဲ့တာရာမို့စ်အခြေအနေနဲ့ဘာမှမဆိုင်ပါဘူး။ရာမို့စ်ကထိပ်တန်းကစားသမားပါ။ကျွန်တော်တို့နိုင်ငံအသင်းကိုအများကြီးအကူအညီပေးနိုင်ပါတယ်။နိုင်ငံရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းမှာလည်းကစားနေသူပါ။စပိန်အသင်းမှာရာမို့စ်မပါဝင်တာကိုအခြားရွေးချယ်ခံရသူနဲ့မရောယှက်ကြပါနဲ့။ကျွန်တော်လည်းသူ့ကိုအသင်းမှာပါစေချင်တာပါ”လို့ပြောကြားခဲ့ပါတယ်။

လူးဝစ်အန်းနရစ်ဟာယူအီးအက်ဖ်အေကစည်းမျဉ်းအပြောင်းအလဲပြုလုပ်မှုကြောင့်ကစားသမား၂၆ဦးရွေးချယ်ခွင့်ရှိနေပါတယ်။ဒါပေမယ့်သူဟာကစားသမား၂၆ဦးအပြည့်ရွေးချယ်ခြင်းမရှိဘဲ၂၄ဦးတည်းသာရွေးချယ်ကာရာမို့စ်ကိုချန်လှပ်ခဲ့ပါတယ်။

စပိန်ဟာဇွန်လ၁၄ရက်နေ့မှာယူရို၂၀၂၀အဖွင့်ပွဲစဉ်အဖြစ်ဆွီဒင်အသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

စပိန်ရဲ့ယူရို၂၀၂၀လူစာရင်း

ဂိုး-အူနိုင်းဆိုင်မွန်(ဘီလ်ဘာအို)၊ဒီဂီယာ(မန်ယူ)၊ရောဘတ်ဆန်းချက်ဇ်(ဘရိုက်တန်)။

နောက်တန်း-ပေါ်တောရက်စ်(ဗီလာရီးရဲလ်)၊အေမီရစ်လာပေါ်တီ(မန်စီးတီး)၊ဒီယေဂိုလိုရန်တီ(လိဒ်)၊အဲရစ်ဂါစီယာ(မန်စီးတီး)၊ဂျော်ဒီအယ်လ်ဘာ(ဘာစီလိုနာ)၊ဟိုဆေးဂါယာ(ဗလင်စီယာ)၊ဆီဇာအက်ဇ်ပီလီကူတာ(ချဲလ်ဆီး)။

အလယ်တန်း-ဆာဂျီယိုဘက်စကွက်(ဘာစီလိုနာ)၊ရိုဒရီ(မန်စီးတီး)၊တီယာဂို(လီဗာပူး)၊ပီဒရီ(ဘာစီလိုနာ)၊မားကို့စ်လိုရန်တီ(အက်သလက်တီကို)၊ကိုကီ(အက်သလက်တီကို)၊ဖေဘီယန်ရုဇ်(နာပိုလီ)။

ရှေ့တန်း-ဂါရတ်မိုရီနို(ဗီလာရီးရဲလ်)၊ဖာရန်တောရက်စ်(မန်စီးတီး)၊အိုယာဇာဘယ်(ဆိုစီဒက်)၊မိုရာတာ(ဂျူဗင်တပ်)၊အိုလ်မို(လိုက်ဇစ်)၊ပါဘလိုဆာရာဘီယာ(ပီအက်စ်ဂျီ)၊အဒါမာထရာအိုရီ(ဝုဗ်)။

ZawGyi

စပိန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲလူစာရင္းတြင္ ရာမို႔စ္ခ်န္လွပ္ခံရၿပီး ၆ ပြဲတည္းသာ ကစားခြင့္ရထားတဲ့ ဂါစီယာေ႐ြးခ်ယ္ခံရ

စပိန္ဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္လူစာရင္းထုတ္ျပန္ေၾကညာခဲ့ရာမွာအသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္အားအျငင္းပြားဖြယ္ရာခ်န္လွပ္မႈျပဳလုပ္ခဲ့ပါတယ္။

စပိန္နည္းျပလူးဝစ္အန္းနရစ္ဟာေႏြရာသီတြင္က်င္းပမယ့္ယူ႐ိုၿပိဳင္ပြဲမွာႏိုင္ငံအတြက္ပြဲအမ်ားဆုံးကစားထားသူအျဖစ္ရပ္တည္ေနတဲ့ရာမို႔စ္ကိုခ်န္လွပ္ထားခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဟာယူ႐ို၂၀၂၀ေျခစစ္ပြဲ၁၀ပြဲတြင္၉ပြဲကစားၿပီးေျခစစ္ပြဲေအာင္ျမင္ေအာင္ကူညီထားသူလည္းျဖစ္ပါတယ္။ဒါ့အျပင္သူဟာစပိန္ႏွင့္အတူယူ႐ိုဖလားႏွစ္ႀကိမ္ဆြတ္ခူးထားတဲ့အျပင္၂၀၁၀ကမာၻ႔ဖလားလည္းဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ရာမို႔စ္ဟာ၂၀၂၀-၂၁ေဘာလုံးရာသီမွာဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရမႈနဲ႔အတူလာမယ့္လတြင္က်င္းပမယ့္ယူ႐ိုမွာစပိန္ကိုဆုဖလားရရွိေအာင္ကူညီႏိုင္ေတာ့မွာမဟုတ္ပါဘူး။

ရာမို႔စ္ဟာယခုရာသီမွာရီးရဲလ္မက္ဒရစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၁ပြဲတည္းသာကစားထားႏိုင္ၿပီးႀကံ့ခိုင္မႈပိုင္းျပႆနာရဲ႕အက်ိဳးဆက္အျဖစ္ေပးဆပ္လိုက္ရတာပါ။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့စပိန္အသင္းရဲ႕ႏိုင္ငံတကာၿပိဳင္ပြဲႀကီးအတြက္လူစာရင္းထဲတြင္ပထမဆုံးအႀကိမ္အျဖစ္ရီးရဲလ္မက္ဒရစ္ကစားသမားတစ္ဦးမွ်မပါဝင္လာတာလည္းျဖစ္ေနပါတယ္။

လူးဝစ္အန္းနရစ္က “အရမ္းကိုခက္ခက္ခဲခဲဆုံးျဖတ္ခဲ့ရတာပါ။ဒါေပမယ့္ရာမို႔စ္ဟာၿပီးခဲ့တဲ့ကာလေတြမွာေလ့က်င့္ခန္းအမ်ားႀကီးမလုပ္ႏိုင္ခဲ့သလိုပြဲလည္းမကစားႏိုင္ခဲ့ပါဘူး။ရာမို႔စ္ကိုလူစာရင္းမွာထည့္သြင္းခ်င္ေပမယ့္သူကပြဲကစားႏိုင္မယ့္အလားအလာလည္းမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ရာမို႔စ္ခ်န္လွပ္ခံခဲ့ရေပမယ့္လည္းမန္စီးတီးေနာက္ခံလူအဲရစ္ဂါစီယာကေတာ့စပိန္အသင္းမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။သူဟာပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအတြက္လိဂ္ပြဲ၆ပြဲတည္းသာကစားခြင့္ရထားသူျဖစ္ပါတယ္။ဘာစီလိုနာအကယ္ဒမီထြက္ကစားသမားဟာေႏြရာသီမွာဘာစီလိုနာသို႔ေျပာင္းမယ္လို႔လည္းသတင္းထြက္ေနသူပါ။

သူဟာမန္စီးတီးကစားေဖာ္ေအမီရစ္လာေပၚတီႏွင့္အတူစပိန္အသင္းမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရတာပါ။လာေပၚတီမွာလည္းျပင္သစ္လက္ေ႐ြးစင္အသင္းတြင္အခြင့္အေရးမရရွိမႈနဲ႔အတူယခုလအေစာပိုင္းကမွစပိန္အသင္းအတြက္ကစားရန္ႏိုင္ငံေျပာင္းလာခဲ့သူလည္းျဖစ္ပါတယ္။

လူးဝစ္အန္းနရစ္က “ရာမို႔စ္နဲ႔ပတ္သက္ၿပီးဆုံးျဖတ္ခဲ့တာကအျငင္းပြားဖို႔ေကာင္းေနပါလိမ့္မယ္။မီဒီယာေတြကဘယ္ေလာက္ဘဲဆူညံပြက္ေလာ႐ိုက္ေအာင္ေရးလာပါေစလက္ခံသြားပါမယ္။ေအမီရစ္လာေပၚတီကိုေ႐ြးခဲ့တာရာမို႔စ္အေျခအေနနဲ႔ဘာမွမဆိုင္ပါဘူး။ရာမို႔စ္ကထိပ္တန္းကစားသမားပါ။ကြၽန္ေတာ္တို႔ႏိုင္ငံအသင္းကိုအမ်ားႀကီးအကူအညီေပးႏိုင္ပါတယ္။ႏိုင္ငံရဲ႕အေကာင္းဆုံးအသင္းေတြထဲကတစ္သင္းမွာလည္းကစားေနသူပါ။စပိန္အသင္းမွာရာမို႔စ္မပါဝင္တာကိုအျခားေ႐ြးခ်ယ္ခံရသူနဲ႔မေရာယွက္ၾကပါနဲ႔။ကြၽန္ေတာ္လည္းသူ႔ကိုအသင္းမွာပါေစခ်င္တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

လူးဝစ္အန္းနရစ္ဟာယူအီးအက္ဖ္ေအကစည္းမ်ဥ္းအေျပာင္းအလဲျပဳလုပ္မႈေၾကာင့္ကစားသမား၂၆ဦးေ႐ြးခ်ယ္ခြင့္ရွိေနပါတယ္။ဒါေပမယ့္သူဟာကစားသမား၂၆ဦးအျပည့္ေ႐ြးခ်ယ္ျခင္းမရွိဘဲ၂၄ဦးတည္းသာေ႐ြးခ်ယ္ကာရာမို႔စ္ကိုခ်န္လွပ္ခဲ့ပါတယ္။

စပိန္ဟာဇြန္လ၁၄ရက္ေန႔မွာယူ႐ို၂၀၂၀အဖြင့္ပြဲစဥ္အျဖစ္ဆြီဒင္အသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။

စပိန္ရဲ႕ယူ႐ို၂၀၂၀လူစာရင္း

ဂိုး-အူႏိုင္းဆိုင္မြန္(ဘီလ္ဘာအို)၊ဒီဂီယာ(မန္ယူ)၊ေရာဘတ္ဆန္းခ်က္ဇ္(ဘ႐ိုက္တန္)။

ေနာက္တန္း-ေပၚေတာရက္စ္(ဗီလာရီးရဲလ္)၊ေအမီရစ္လာေပၚတီ(မန္စီးတီး)၊ဒီေယဂိုလိုရန္တီ(လိဒ္)၊အဲရစ္ဂါစီယာ(မန္စီးတီး)၊ေဂ်ာ္ဒီအယ္လ္ဘာ(ဘာစီလိုနာ)၊ဟိုေဆးဂါယာ(ဗလင္စီယာ)၊ဆီဇာအက္ဇ္ပီလီကူတာ(ခ်ဲလ္ဆီး)။

အလယ္တန္း-ဆာဂ်ီယိုဘက္စကြက္(ဘာစီလိုနာ)၊႐ိုဒရီ(မန္စီးတီး)၊တီယာဂို(လီဗာပူး)၊ပီဒရီ(ဘာစီလိုနာ)၊မားကို႔စ္လိုရန္တီ(အက္သလက္တီကို)၊ကိုကီ(အက္သလက္တီကို)၊ေဖဘီယန္႐ုဇ္(နာပိုလီ)။

ေရွ႕တန္း-ဂါရတ္မိုရီႏို(ဗီလာရီးရဲလ္)၊ဖာရန္ေတာရက္စ္(မန္စီးတီး)၊အိုယာဇာဘယ္(ဆိုစီဒက္)၊မိုရာတာ(ဂ်ဴဗင္တပ္)၊အိုလ္မို(လိုက္ဇစ္)၊ပါဘလိုဆာရာဘီယာ(ပီအက္စ္ဂ်ီ)၊အဒါမာထရာအိုရီ(ဝုဗ္)။