
စပိန်ရှိဘောလုံးပွဲတစ်ပွဲရဲ့ပွဲပြီးဆုံးချိန်တွင်နည်းပြတစ်ဦးဟာဓားထိုးခံရပြီးတုန်လှုပ်ဖွယ်အဖြစ်အပျက်ဖြစ်ပျက်ခဲ့ပါတယ်။
ပီဒရိုဟီဒယ်ဂိုဘီနှင့်ဖာဂက်စ်တို့ကစားတဲ့ Second Regional division ပွဲတွင်အထက်ပါတုန်လှုပ်ဖွယ်အဖြစ်အပျက်ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။
El Periodico ရဲ့ဖော်ပြချက်အရနည်းပြဟာဓားထိုးခံရပြီးနောက်ဆေးရုံတွင်အရေးပေါ်ကုသမှုခံနေရပြီးအခြားပရိသတ်၃ဦးလည်းတိုက်ခိုက်ခံရကာဆေးရုံတင်ထားရပါတယ်။
စနေနေ့တုန်းကဖာဂက်စ်က၂-၁ဂိုးဖြင့်အနိုင်ရတဲ့ယင်းပွဲစဉ်အပြီးည၈နာရီအချိန်တွင်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲမှာငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့တာဖြစ်ပြီး ပွဲအပြီးအဝတ်အစားလဲခန်းထဲသို့ဝင်ချိန်တွင်လူနှစ်ဦးကရောက်လာပြီးဓားကိုင်ထားသူတစ်ဦးက နည်းပြကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်သူများဟာအခင်းဖြစ်ပွားပြီးနောက်လျှင်မြန်စွာပင်ထွက်ပြေးတိမ်းရှောင်ပြေးသွားခဲ့ကြပါတယ်။ယင်းတိုက်ခိုက်မှုကြောင့်နည်းပြဒါနီရယ်ဟိုဆေးထရာဗီဆိုနှင့်ကစားသမားတစ်ဦးတို့ဒဏ်ရာရရှိခဲ့ပါတယ်။ကစားသမားမှာလည်ပင်းတွင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
ZawGyi
စပိန်ရှိ ဘောလုံးပွဲတစ်ပွဲတွင် နည်းပြတစ်ဦးဓားထိုးခံရ