စပိန်လက်ရွေးစင်ကစားသမားဘဝမှ အသင်းခေါင်းဆောင်ဘက်စကွက်ဇ် အနားယူ

စပိန်အသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိအလယ်တန်းကစားသမားဟာစပိန်နှင့်အတူ၂၀၁၀ကမ္ဘာ့ဖလားနှင့်ယူရို၂၀၁၂ ဖလားတို့ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်စပိန်အသင်းမှာ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရမှုနှင့်အတူကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဘက်စကွက်ဇ်ဟာဘာစီလိုနာကွင်းလယ်ကစားဖော်များဖြစ်ကြတဲ့ဇာဗီး၊အင်နီယေစတာတို့နှင့်အတူ စပိန်ကွင်းလယ်တွင်ကစားခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၀၉ခုနှစ်၊ဧပြီလ၁ရက်နေ့တုန်းကတူရကီနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်စပိန်အတွက်ပထမဆုံးပွဲကစားပြီးနောက် စပိန်နှင့်အတူကမ္ဘာ့ဖလား၄ကြိမ်၊ယူရို၃ကြိမ်ယှဉ်ပြိုင်ခဲ့ပါတယ်။

သူဟာစပိန်အသင်းအတွက်ကစားတဲ့ကာလအတွင်းတွင်၁၄၃ပွဲကစားပေးခဲ့ပါတယ်။

zawgyi






သူဟာ၂၀၀၉ခုနှစ်၊ဧပြီလ၁ရက်နေ့တုန်းကတူရကီနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်စပိန်အတွက်ပထမဆုံးပွဲကစားပြီးနောက် စပိန်နှင့်အတူကမ္ဘာ့ဖလား၎ကြိမ်၊ယူရို၃ကြိမ်ယှဉ်ပြိုင်ခဲ့ပါတယ်။
