
စပိန်နှင့်အတူ ၂၀၁၀ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ဆာဂျီယိုရာမို့စ်ဟာနည်းပြသစ်လူးဝစ်ဒီလာဖူအန်တီကလက်ရွေးစင်အသင်းတွင်ဆက်လက်ရွေးချယ်လာတော့မှာမဟုတ်ကြောင်းအသိပေးပြောကြားခြင်းခံရပြီးနောက်စပိန်လက်ရွေးစင်ကစားသမားဘဝမှအနားယူလာခဲ့ပြီဖြစ်ပါတယ်။
အသက်၃၆နှစ်ရှိပီအက်စ်ဂျီဗဟိုနောက်ခံလူဟာစပိန်အတွက်ပွဲ၁၈၀ကစားကာစပိန်သမိုင်းတွင်ပွဲအများဆုံးကစားထားသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးထားသူလည်းဖြစ်ပါတယ်။
သူဟာ၂၀၂၁ခုနှစ်၊မတ်လကတည်းကစပိန်အတွက်ကစားခွင့်မရလာခဲ့သူဖြစ်ပြီး၂၀၂၂ကမ္ဘာ့ဖလားလူစာရင်းတွင်လည်းရွေးချယ်ခြင်းမခံခဲ့ရပါဘူး။
ကမ္ဘာ့ဖလားအပြီးတွင်လူးဝစ်အန်းနရစ်နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့လူးဝစ်ဒီလာဖူအန်တီဟာကြာသပတေးနေ့တုန်းကဆာဂျီယိုရာမို့စ်ထံသို့ဖုန်းဖြင့်ဆက်သွယ်ပြီးမည်သည့်အခြေအနေမျိုးတွင်မဆို စပိန်အသင်းမှာရွေးချယ်လာတော့မှာမဟုတ်ကြောင်းအကြောင်းကြားအသိပေးခဲ့ပါတယ်။
ဒါကြောင့်လည်းရာမို့စ်ဟာစပိန်လက်ရွေးစင်ကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။
ရာမို့စ်ဟာအသက်၁၈နှစ်အရွယ်တွင်ပင်စပိန်အတွက်ကစားခွင့်ရရှိပြီးနောက်၂၀၁၀ကမ္ဘာ့ဖလား၊ယူရို၂၀၀၈နှင့်ယူရို၂၀၁၂ဖလားတို့ဆွတ်ခူးခဲ့ဖြစ်ပါတယ်။
ZawGyi
စပိန္လက္ေ႐ြးစင္ကစားသမားဘဝမွ ဆာဂ်ီယိုရာမို႔စ္ အနားယူ
စပိန္ႏွင့္အတူ ၂၀၁၀ကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့ဆာဂ်ီယိုရာမို႔စ္ဟာနည္းျပသစ္လူးဝစ္ဒီလာဖူအန္တီကလက္ေ႐ြးစင္အသင္းတြင္ဆက္လက္ေ႐ြးခ်ယ္လာေတာ့မွာမဟုတ္ေၾကာင္းအသိေပးေျပာၾကားျခင္းခံရၿပီးေနာက္စပိန္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူလာခဲ့ၿပီျဖစ္ပါတယ္။
အသက္၃၆ႏွစ္ရွိပီအက္စ္ဂ်ီဗဟိုေနာက္ခံလူဟာစပိန္အတြက္ပြဲ၁၈၀ကစားကာစပိန္သမိုင္းတြင္ပြဲအမ်ားဆုံးကစားထားသူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးထားသူလည္းျဖစ္ပါတယ္။
သူဟာ၂၀၂၁ခုႏွစ္၊မတ္လကတည္းကစပိန္အတြက္ကစားခြင့္မရလာခဲ့သူျဖစ္ၿပီး၂၀၂၂ကမာၻ႔ဖလားလူစာရင္းတြင္လည္းေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။
ကမာၻ႔ဖလားအၿပီးတြင္လူးဝစ္အန္းနရစ္ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတဲ့လူးဝစ္ဒီလာဖူအန္တီဟာၾကာသပေတးေန႔တုန္းကဆာဂ်ီယိုရာမို႔စ္ထံသို႔ဖုန္းျဖင့္ဆက္သြယ္ၿပီးမည္သည့္အေျခအေနမ်ိဳးတြင္မဆို စပိန္အသင္းမွာေ႐ြးခ်ယ္လာေတာ့မွာမဟုတ္ေၾကာင္းအေၾကာင္းၾကားအသိေပးခဲ့ပါတယ္။
ဒါေၾကာင့္လည္းရာမို႔စ္ဟာစပိန္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူရန္ဆုံးျဖတ္လိုက္ရတာျဖစ္ပါတယ္။
ရာမို႔စ္ဟာအသက္၁၈ႏွစ္အ႐ြယ္တြင္ပင္စပိန္အတြက္ကစားခြင့္ရရွိၿပီးေနာက္၂၀၁၀ကမာၻ႔ဖလား၊ယူ႐ို၂၀၀၈ႏွင့္ယူ႐ို၂၀၁၂ဖလားတို႔ဆြတ္ခူးခဲ့ျဖစ္ပါတယ္။