စပိန်လက်ရွေးစင်ကစားသမားဘဝမှ အတင်းအနားယူစေခြင်းခံခဲ့ရတဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်ဂိုးသမားဒေးဗစ်ဒီဂီယာဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူခြင်းမရှိသေးပေမဲ့လည်းစပိန်ဘောလုံးအဖွဲ့ချုပ်က အနားယူခြင်းအတွက်ဂုဏ်ပြုနှုတ်ဆက်မက်ဆေ့ချ်အပိုခံခဲ့ရပါတယ်။

အသက်၃၂နှစ်ရှိဒီဂီယာဟာလူးဝစ်အန်းနရစ်ရဲ့စပိန်လက်ရွေးစင်အသင်းကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်ခြင်းမရှိပါဘူး။စပိန်နည်းပြဟာဒီဂီယာကိုချန်လှပ်ကာအူနိုင်းဆိုင်မွန်၊ရောဘတ်ဆန်းချက်ဇ်၊ဒေးဗစ်ရာယာတို့ကိုသာရွေးချယ်သွားခဲ့ပါတယ်။

ဒီဂီယာဟာခြောက်နှစ်တာကာလအတွင်းတွင်စပိန်အတွက်၄၅ပွဲကစားထားသူလည်းဖြစ်ပါတယ်။သူဟာကမ္ဘာ့ဖလားမှာချန်လှပ်ခံခဲ့ရပေမဲ့လည်းစပိန်လက်ရွေးစင်ကစားသမားဘဝမှအနားယူကြောင်းမကြေညာသေးပါဘူး။

ဒါပေမဲ့လည်းစပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌလူးဝစ်ရူဘိုင်ယာလက်စ်ဟာဒီဂီယာကိုကစားသမားဘဝမှအနားယူသွားမှုအတွက်မက်ဆေ့ချ်ပို့ခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက “နောက်ဆုံးမှာဒါနဲ့(အနားယူဖို့)ပတ်သက်ပြီးဆုံးဖြတ်လာတဲ့အတွက်ဝမ်းသာတယ်။လက်ရွေးစင်အသင်းကနေထွက်တော့လို့မင်းကိုငါပြောပြီးသားပါ”လို့မက်ဆေ့ချ်ပို့ခဲ့ပါတယ်။

ယင်းကိုဒီဂီယာကလည်း “ဆောရီးပါ။ကျွန်တော်အနားယူလိုက်ပြီလို့ခင်ဗျားကိုဘယ်သူပြောလဲ။နည်းပြကတော့ကျွန်တော့်ကိုစဉ်းစားမှာမဟုတ်ဘူးလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ဟာဘယ်တုန်းကမှလက်ရွေးစင်အသင်းကနေ အနားမယူပါဘူး။တကယ်လို့ရွေးချယ်လာရင်ကစားဖို့အသင့်ပါပဲ”လို့တုံ့ပြန်ခဲ့ပါတယ်။

ဒေးဗစ်ဒီဂီယာဟာလူးဝစ်အန်းနရစ်လက်ထက်တွင်စပိန်အသင်းမှာနေရာပျောက်လာသူဖြစ်ပြီး၂၀၂၀ခုနှစ်၊အောက်တိုဘာလတုန်းကယူကရိန်းနှင့်ပွဲတွင်အမှားလုပ်ပြီးနောက်ကစားခွင့်မရရှိလာခဲ့ပါဘူး။

စပိန်နည်းပြလူးဝစ်အန်းနရစ်ဟာပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာကတည်းကဘီလ်ဘာအိုနည်းပြအိုနိုင်းဆိုင်မွန်ကိုနံပါတ်တစ်ဂိုးသမားအဖြစ်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။၎င်းကဒီဂီယာကိုဘောလုံးပေးပို့မှုမကောင်းမွန်မှု၊ဘောလုံးကောင်းမွန်စွာမကစားတတ်မှုတို့ကြောင့်မရွေးချယ်ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi

စပိန္လက္ေ႐ြးစင္ကစားသမားဘဝမွ အတင္းအနားယူေစျခင္းခံခဲ့ရတဲ့ ဒီဂီယာ

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားေဒးဗစ္ဒီဂီယာဟာလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူျခင္းမရွိေသးေပမဲ့လည္းစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အနားယူျခင္းအတြက္ဂုဏ္ျပဳႏႈတ္ဆက္မက္ေဆ့ခ်္အပိုခံခဲ့ရပါတယ္။

အသက္၃၂ႏွစ္ရွိဒီဂီယာဟာလူးဝစ္အန္းနရစ္ရဲ႕စပိန္လက္ေ႐ြးစင္အသင္းကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ျခင္းမရွိပါဘူး။စပိန္နည္းျပဟာဒီဂီယာကိုခ်န္လွပ္ကာအူႏိုင္းဆိုင္မြန္၊ေရာဘတ္ဆန္းခ်က္ဇ္၊ေဒးဗစ္ရာယာတို႔ကိုသာေ႐ြးခ်ယ္သြားခဲ့ပါတယ္။

ဒီဂီယာဟာေျခာက္ႏွစ္တာကာလအတြင္းတြင္စပိန္အတြက္၄၅ပြဲကစားထားသူလည္းျဖစ္ပါတယ္။သူဟာကမာၻ႔ဖလားမွာခ်န္လွပ္ခံခဲ့ရေပမဲ့လည္းစပိန္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူေၾကာင္းမေၾကညာေသးပါဘူး။

ဒါေပမဲ့လည္းစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌလူးဝစ္႐ူဘိုင္ယာလက္စ္ဟာဒီဂီယာကိုကစားသမားဘဝမွအနားယူသြားမႈအတြက္မက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။

စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌက “ေနာက္ဆုံးမွာဒါနဲ႔(အနားယူဖို႔)ပတ္သက္ၿပီးဆုံးျဖတ္လာတဲ့အတြက္ဝမ္းသာတယ္။လက္ေ႐ြးစင္အသင္းကေနထြက္ေတာ့လို႔မင္းကိုငါေျပာၿပီးသားပါ”လို႔မက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။

ယင္းကိုဒီဂီယာကလည္း “ေဆာရီးပါ။ကြၽန္ေတာ္အနားယူလိုက္ၿပီလို႔ခင္ဗ်ားကိုဘယ္သူေျပာလဲ။နည္းျပကေတာ့ကြၽန္ေတာ့္ကိုစဥ္းစားမွာမဟုတ္ဘူးလို႔ေျပာတယ္။ဒါေပမဲ့ကြၽန္ေတာ္ဟာဘယ္တုန္းကမွလက္ေ႐ြးစင္အသင္းကေန အနားမယူပါဘူး။တကယ္လို႔ေ႐ြးခ်ယ္လာရင္ကစားဖို႔အသင့္ပါပဲ”လို႔တုံ႔ျပန္ခဲ့ပါတယ္။

ေဒးဗစ္ဒီဂီယာဟာလူးဝစ္အန္းနရစ္လက္ထက္တြင္စပိန္အသင္းမွာေနရာေပ်ာက္လာသူျဖစ္ၿပီး၂၀၂၀ခုႏွစ္၊ေအာက္တိုဘာလတုန္းကယူကရိန္းႏွင့္ပြဲတြင္အမွားလုပ္ၿပီးေနာက္ကစားခြင့္မရရွိလာခဲ့ပါဘူး။

စပိန္နည္းျပလူးဝစ္အန္းနရစ္ဟာၿပီးခဲ့တဲ့ယူ႐ိုၿပိဳင္ပြဲမွာကတည္းကဘီလ္ဘာအိုနည္းျပအိုႏိုင္းဆိုင္မြန္ကိုနံပါတ္တစ္ဂိုးသမားအျဖစ္အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။၎ကဒီဂီယာကိုေဘာလုံးေပးပို႔မႈမေကာင္းမြန္မႈ၊ေဘာလုံးေကာင္းမြန္စြာမကစားတတ္မႈတို႔ေၾကာင့္မေ႐ြးခ်ယ္ျခင္းျဖစ္ေၾကာင္းဆိုထားပါတယ္။