စပိန်လူစာရင်းတွင် ချန်လှပ်ခံရမှုအပေါ် ရာမို့စ်တုံ့ပြန်လာ

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ဟာစပိန်နည်းပြလူးဝစ်အန်းနရစ်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်စပိန်အသင်းလူစာရင်းတွင်ချန်လှပ်မှုအားတုံ့ပြန်မှုပြုလုပ်လာပါတယ်။

လူးဝစ်အန်းနရစ်ဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်ကစားသမား၂၆ဦးရွေးချယ်နိုင်သော်လည်းကစားသမား၂၄ဦးသာထုတ်ပြန်ကြေညာခဲ့ပါတယ်။လူးဝစ်အန်းနရစ်ရဲ့စပိန်လူစာရင်းမှာရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးမျှလည်းမပါဝင်ပါဘူး။

အသက်၃၅နှစ်ရှိစပိန်အသင်းခေါင်းဆောင်ရာမို့စ်ဟာစပိန်အတွက်ပွဲ၁၈၀ကစားပေးထားကာစပိန်သမိုင်းတွင်ပွဲအများဆုံးကစားထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ရာမို့စ်ဟာယခုရာသီမှာဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာခဲ့ရပြီးဇန်နဝါရီလ၉ရက်နေ့နောက်ပိုင်းတွင်၁ပွဲတည်းသာကစားထားနိုင်ပါတယ်။

ရာမို့စ်က “ဘဝမှာမကြုံဖူးတဲ့ခက်ခဲတဲ့လအနည်းငယ်နဲ့ထူးဆန်းတဲ့ရာသီအပြီးမှာယူရိုရောက်လာပါတယ်။စပိန်အတွက်ဘာမှအကူအညီမပေး၊မကစားနိုင်လို့နာကျင်ရပါတယ်။ဒါပေမယ့်အခုအချိန်မှာအကောင်းဆုံးကတော့အနားယူဖို့၊ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်ဖို့၊လာမယ့်ရာသီမှာအရင်နှစ်တွေတုန်းကလိုဘဲပြန်လာဖို့ဖြစ်ပါတယ်။ကိုယ့်နိုင်ငံအတွက်ကစားခွင့်မရတာနာကျင်ရပါတယ်။ဒါပေမယ့်ကျွန်တော့်အနေနဲ့ရိုးသားဖို့၊စိတ်ရင်းအတိုင်းရှိနေဖို့လိုပါတယ်။ကျွန်တော့်ကစားဖော်တွေအရမ်းကိုကံကောင်းကြပါစေလို့ဆုတောင်းပါတယ်။ကြီးကျယ်တဲ့ယူရိုပြိုင်ပွဲနဲ့ကြုံပါစေ။ကျွန်တော်ကအိမ်ကနေအားပေးနေပေမယ့်နောက်ထပ်ပရိသတ်တစ်ဦးဖြစ်လာပါမယ်”လို့တွစ်တာမှာရေးသားသွားပါတယ်။

စပိန်နည်းပြအန်းနရစ်ဟာရာမို့စ်အပြင်ယခုရာသီတွင်ခြေစွမ်းပြကစားနေတဲ့နာချိုဖာနန်ဒက်စ်ကိုလည်းချန်လှပ်ထားခဲ့ကာကာဗာဂျယ်နှင့်အဆန်စီယိုတို့လည်းချန်လှပ်ခံရပါတယ်။

ZawGyi

စပိန္လူစာရင္းတြင္ ခ်န္လွပ္ခံရမႈအေပၚ ရာမို႔စ္တုံ႔ျပန္လာ

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္ဟာစပိန္နည္းျပလူးဝစ္အန္းနရစ္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္စပိန္အသင္းလူစာရင္းတြင္ခ်န္လွပ္မႈအားတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

လူးဝစ္အန္းနရစ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ကစားသမား၂၆ဦးေ႐ြးခ်ယ္ႏိုင္ေသာ္လည္းကစားသမား၂၄ဦးသာထုတ္ျပန္ေၾကညာခဲ့ပါတယ္။လူးဝစ္အန္းနရစ္ရဲ႕စပိန္လူစာရင္းမွာရီးရဲလ္မက္ဒရစ္ကစားသမားတစ္ဦးမွ်လည္းမပါဝင္ပါဘူး။

အသက္၃၅ႏွစ္ရွိစပိန္အသင္းေခါင္းေဆာင္ရာမို႔စ္ဟာစပိန္အတြက္ပြဲ၁၈၀ကစားေပးထားကာစပိန္သမိုင္းတြင္ပြဲအမ်ားဆုံးကစားထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

ရာမို႔စ္ဟာယခုရာသီမွာဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာခဲ့ရၿပီးဇန္နဝါရီလ၉ရက္ေန႔ေနာက္ပိုင္းတြင္၁ပြဲတည္းသာကစားထားႏိုင္ပါတယ္။

ရာမို႔စ္က “ဘဝမွာမႀကဳံဖူးတဲ့ခက္ခဲတဲ့လအနည္းငယ္နဲ႔ထူးဆန္းတဲ့ရာသီအၿပီးမွာယူ႐ိုေရာက္လာပါတယ္။စပိန္အတြက္ဘာမွအကူအညီမေပး၊မကစားႏိုင္လို႔နာက်င္ရပါတယ္။ဒါေပမယ့္အခုအခ်ိန္မွာအေကာင္းဆုံးကေတာ့အနားယူဖို႔၊ႀကံ့ခိုင္မႈျပည့္ဝေအာင္လုပ္ဖို႔၊လာမယ့္ရာသီမွာအရင္ႏွစ္ေတြတုန္းကလိုဘဲျပန္လာဖို႔ျဖစ္ပါတယ္။ကိုယ့္ႏိုင္ငံအတြက္ကစားခြင့္မရတာနာက်င္ရပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္အေနနဲ႔႐ိုးသားဖို႔၊စိတ္ရင္းအတိုင္းရွိေနဖို႔လိုပါတယ္။ကြၽန္ေတာ့္ကစားေဖာ္ေတြအရမ္းကိုကံေကာင္းၾကပါေစလို႔ဆုေတာင္းပါတယ္။ႀကီးက်ယ္တဲ့ယူ႐ိုၿပိဳင္ပြဲနဲ႔ႀကဳံပါေစ။ကြၽန္ေတာ္ကအိမ္ကေနအားေပးေနေပမယ့္ေနာက္ထပ္ပရိသတ္တစ္ဦးျဖစ္လာပါမယ္”လို႔တြစ္တာမွာေရးသားသြားပါတယ္။

စပိန္နည္းျပအန္းနရစ္ဟာရာမို႔စ္အျပင္ယခုရာသီတြင္ေျခစြမ္းျပကစားေနတဲ့နာခ်ိဳဖာနန္ဒက္စ္ကိုလည္းခ်န္လွပ္ထားခဲ့ကာကာဗာဂ်ယ္ႏွင့္အဆန္စီယိုတို႔လည္းခ်န္လွပ္ခံရပါတယ္။