စပိန်အတွက် ပထမဆုံးကစားတဲ့ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ နိုင်ငံပြောင်းကစားလာတော့မဲ့ ဘရာဟမ်ဒိုင်ယက်ဇ်

စပိန်လက်ရွေးစင်ကစားသမားဘရာဟမ်ဒိုင်ယက်ဇ်ဟာလာမယ့်ရက်သတ္တပတ်များတွင်နိုင်ငံအသင်းပြောင်းကစားလာတော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိအလယ်တန်းတိုက်စစ်သမားဟာစပိန်အသင်းအတွက်ယူ-၁၇၊ယူ-၁၉နှင့်ယူ-၂၁အသင်းတို့အတွက်ကစားခဲ့တဲ့အပြင်၂၀၂၁ခုနှစ်၊ဇွန်လတုန်းကစပိန်အသင်းကြီးအတွက်ပထမဆုံးနိုင်ငံတကာပွဲကစားပေးခဲ့ပါတယ်။

သူဟာအသင်းငယ်လေးလစ်သူယေးနီးယားကို၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာပထမဆုံးပွဲကစားပြီးပထမဆုံးဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ရီးရဲလ်မက်ဒရစ်မှအေစီမီလန်သို့နှစ်ရာသီအငှားဖြင့်လာကစားနေတဲ့ ဘရာဟမ်ဒိုင်ယက်ဇ်ဟာယင်းနောက်ပိုင်းမှာတော့စပိန်အသင်းရဲ့ရွေးချယ်ခြင်းခံလာခဲ့ရခြင်းမရှိပါဘူး။

သူဟာစပိန်အသင်းရဲ့ရွေးချယ်ခြင်းခံ့ရရန်နှစ်အနည်းငယ်ကြာစောင့်ဆိုင်းပြီးတဲ့နောက် စိတ်ပျက်လာမှုနဲ့အတူ ကစားသမားဘဝအတွက်အကြီးမားဆုံးဆုံးဖြတ်ချက်တွေထဲကတစ်ခုကိုချမှတ်လာရပြီဖြစ်ပါတယ်။

မန်စီးတီးအကယ်ဒမီကစားသမားဟောင်းဟာမော်ရိုကိုအသင်းအတွက်ပြောင်းကစားရန်ဆုံးဖြတ်လာပြီဖြစ်ပါတယ်။သူဟာအဖွားဖြစ်သူမှာမော်ရိုကိုနိုင်ငံသူဖြစ်ရာမော်ရိုကိုအသင်းအတွက်ကစားခွင့်ရှိနေပါတယ်။

သူဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီကတည်းကမော်ရိုကိုအသင်းကိုကိုယ်စားပြုကစားရန်ကမ်းလှမ်းခြင်းခံရပေမဲ့လည်းငြင်းပယ်ခဲ့ပါတယ်။

ယခုအခါမှာတော့ဒိုင်ယက်ဇ်ဟာစိတ်ပြောင်းကာမော်ရိုကိုအသင်းအတွက်ပြောင်းကစားလာတော့မှာလည်းဖြစ်ပါတယ်။

သူဟာမတ်လတွင်ကိုလံဘီယာနှင့်ရင်ဆိုင်ကစားရမဲ့ မော်ရိုကိုအသင်းတွင်ရွေးချယ်ခြင်းခံရရန်၉၉.၉၉ရာခိုင်နှုန်းသေချာနေပြီဖြစ်ကြောင်းသိရပါတယ်။

မော်ရိုကိုဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကဆီမီးဖိုင်နယ်သို့တက်ရောက်ကာကမ္ဘာ့ဖလားဆီမီးရောက်ပထမဆုံးအာဖရိကအသင်းဖြစ်လာခဲ့ပါတယ်။

ZawGyi

စပိန္အတြက္ ပထမဆုံးကစားတဲ့ပြဲတြင္ ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ ႏိုင္ငံေျပာင္းကစားလာေတာ့မဲ့ ဘရာဟမ္ဒိုင္ယက္ဇ္

စပိန္လက္ေ႐ြးစင္ကစားသမားဘရာဟမ္ဒိုင္ယက္ဇ္ဟာလာမယ့္ရက္သတၱပတ္မ်ားတြင္ႏိုင္ငံအသင္းေျပာင္းကစားလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိအလယ္တန္းတိုက္စစ္သမားဟာစပိန္အသင္းအတြက္ယူ-၁၇၊ယူ-၁၉ႏွင့္ယူ-၂၁အသင္းတို႔အတြက္ကစားခဲ့တဲ့အျပင္၂၀၂၁ခုႏွစ္၊ဇြန္လတုန္းကစပိန္အသင္းႀကီးအတြက္ပထမဆုံးႏိုင္ငံတကာပြဲကစားေပးခဲ့ပါတယ္။

သူဟာအသင္းငယ္ေလးလစ္သူေယးနီးယားကို၄-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာပထမဆုံးပြဲကစားၿပီးပထမဆုံးဂိုးလည္းသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ရီးရဲလ္မက္ဒရစ္မွေအစီမီလန္သို႔ႏွစ္ရာသီအငွားျဖင့္လာကစားေနတဲ့ ဘရာဟမ္ဒိုင္ယက္ဇ္ဟာယင္းေနာက္ပိုင္းမွာေတာ့စပိန္အသင္းရဲ႕ေ႐ြးခ်ယ္ျခင္းခံလာခဲ့ရျခင္းမရွိပါဘူး။

သူဟာစပိန္အသင္းရဲ႕ေ႐ြးခ်ယ္ျခင္းခံ့ရရန္ႏွစ္အနည္းငယ္ၾကာေစာင့္ဆိုင္းၿပီးတဲ့ေနာက္ စိတ္ပ်က္လာမႈနဲ႔အတူ ကစားသမားဘဝအတြက္အႀကီးမားဆုံးဆုံးျဖတ္ခ်က္ေတြထဲကတစ္ခုကိုခ်မွတ္လာရၿပီျဖစ္ပါတယ္။

မန္စီးတီးအကယ္ဒမီကစားသမားေဟာင္းဟာေမာ္႐ိုကိုအသင္းအတြက္ေျပာင္းကစားရန္ဆုံးျဖတ္လာၿပီျဖစ္ပါတယ္။သူဟာအဖြားျဖစ္သူမွာေမာ္႐ိုကိုႏိုင္ငံသူျဖစ္ရာေမာ္႐ိုကိုအသင္းအတြက္ကစားခြင့္ရွိေနပါတယ္။

သူဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီကတည္းကေမာ္႐ိုကိုအသင္းကိုကိုယ္စားျပဳကစားရန္ကမ္းလွမ္းျခင္းခံရေပမဲ့လည္းျငင္းပယ္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ဒိုင္ယက္ဇ္ဟာစိတ္ေျပာင္းကာေမာ္႐ိုကိုအသင္းအတြက္ေျပာင္းကစားလာေတာ့မွာလည္းျဖစ္ပါတယ္။

သူဟာမတ္လတြင္ကိုလံဘီယာႏွင့္ရင္ဆိုင္ကစားရမဲ့ ေမာ္႐ိုကိုအသင္းတြင္ေ႐ြးခ်ယ္ျခင္းခံရရန္၉၉.၉၉ရာခိုင္ႏႈန္းေသခ်ာေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေမာ္႐ိုကိုဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကဆီမီးဖိုင္နယ္သို႔တက္ေရာက္ကာကမာၻ႔ဖလားဆီမီးေရာက္ပထမဆုံးအာဖရိကအသင္းျဖစ္လာခဲ့ပါတယ္။