
စပိန်နှင့်ဘာစီလိုနာစတားဂါဗီဟာမနေ့ညတုန်းကကော်စတာရီကာကိုစပိန်က၇-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်စပိန်သမိုင်းတွင်အသက်အငယ်ဆုံးကမ္ဘာ့ဖလားဂိုးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာကွင်းလယ်ကစားသမားဂါဗီဟာမနေ့ညတုန်းကကော်စတာရီကာနှင့်ပွဲတွင်စပိန်အတွက်ငါးဂိုးမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီး၁၈နှစ်နှင့်၁၁၀ရက်ဖြင့်စပိန်သမိုင်းတွင်အသက်အငယ်ဆုံးကမ္ဘာ့ဖလားဂိုးသွင်းသူဖြစ်လာပါတယ်။
ယခင်တုန်းကစပိန်အတွက်ကမ္ဘာ့ဖလားသမိုင်းတွင်အသက်အငယ်ဆုံးဂိုးသွင်းယူသူအဖြစ်ပီရီက၁၉၆၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားနှင့်ပွဲမှာဂိုးသွင်းယူပြီးနောက်အသက်၂၁နှစ်နှင့်၁၂၄ရက်ဖြင့်ရပ်တည်ထားခဲ့တာပါ။
မနေ့ညတုန်းကကော်စတာရီကာနှင့်ပွဲတွင်စပိန်အတွက်အနိုင်ဂိုးများကိုဖာရန်တောရက်စ်ကနှစ်ဂိုး၊ဒါနီအိုလ်မို၊မာကိုအဆန်စီယို၊ကားလို့စ်ဆိုလာ၊ဂါဗီနှင့်မိုရာတာတို့ကသွင်းယူခဲ့ကြပါတယ်။
ဂါဗီဟာကော်စတာရီကာနှင့်ပွဲမှဂိုးကြောင့်ကမ္ဘာ့ဖလားသမိုင်းတွင်တတိယအသက်အငယ်ဆုံးဂိုးသွင်းသူလည်းဖြစ်လာပါတယ်။
ကမ္ဘာ့ဖလားသမိုင်းတွင်အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်ပီလီက၁၇နှစ်နှင့်၃၀၄ရက်ဖြင့်ရပ်တည်နေပြီးဒုတိယအသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်မန်နူရယ်ရိုဆာက၁၉၃၀ကမ္ဘာ့ဖလားတွင်အာဂျင်တီးနားနှင့်ပွဲမှာမက္ကဆီကိုအတွက်ဂိုးသွင်းပြီးနောက်၁၈နှစ်နှင့်၉၃ရက်ဖြင့်ရပ်တည်နေပါတယ်။
ZawGyi
စပိန္အတြက္ အသက္အငယ္ဆုံးကမာၻ႔ဖလားဂိုးသြင္းႏိုင္သူ ျဖစ္လာတဲ့ ဂါဗီ
စပိန္ႏွင့္ဘာစီလိုနာစတားဂါဗီဟာမေန႔ညတုန္းကေကာ္စတာရီကာကိုစပိန္က၇-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္စပိန္သမိုင္းတြင္အသက္အငယ္ဆုံးကမာၻ႔ဖလားဂိုးသြင္းယူႏိုင္သူျဖစ္လာခဲ့ပါတယ္။
ဘာစီလိုနာကြင္းလယ္ကစားသမားဂါဗီဟာမေန႔ညတုန္းကေကာ္စတာရီကာႏွင့္ပြဲတြင္စပိန္အတြက္ငါးဂိုးေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး၁၈ႏွစ္ႏွင့္၁၁၀ရက္ျဖင့္စပိန္သမိုင္းတြင္အသက္အငယ္ဆုံးကမာၻ႔ဖလားဂိုးသြင္းသူျဖစ္လာပါတယ္။
ယခင္တုန္းကစပိန္အတြက္ကမာၻ႔ဖလားသမိုင္းတြင္အသက္အငယ္ဆုံးဂိုးသြင္းယူသူအျဖစ္ပီရီက၁၉၆၆ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားႏွင့္ပြဲမွာဂိုးသြင္းယူၿပီးေနာက္အသက္၂၁ႏွစ္ႏွင့္၁၂၄ရက္ျဖင့္ရပ္တည္ထားခဲ့တာပါ။
မေန႔ညတုန္းကေကာ္စတာရီကာႏွင့္ပြဲတြင္စပိန္အတြက္အႏိုင္ဂိုးမ်ားကိုဖာရန္ေတာရက္စ္ကႏွစ္ဂိုး၊ဒါနီအိုလ္မို၊မာကိုအဆန္စီယို၊ကားလို႔စ္ဆိုလာ၊ဂါဗီႏွင့္မိုရာတာတို႔ကသြင္းယူခဲ့ၾကပါတယ္။
ဂါဗီဟာေကာ္စတာရီကာႏွင့္ပြဲမွဂိုးေၾကာင့္ကမာၻ႔ဖလားသမိုင္းတြင္တတိယအသက္အငယ္ဆုံးဂိုးသြင္းသူလည္းျဖစ္လာပါတယ္။
ကမာၻ႔ဖလားသမိုင္းတြင္အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ပီလီက၁၇ႏွစ္ႏွင့္၃၀၄ရက္ျဖင့္ရပ္တည္ေနၿပီးဒုတိယအသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္မန္ႏူရယ္႐ိုဆာက၁၉၃၀ကမာၻ႔ဖလားတြင္အာဂ်င္တီးနားႏွင့္ပြဲမွာမကၠဆီကိုအတြက္ဂိုးသြင္းၿပီးေနာက္၁၈ႏွစ္ႏွင့္၉၃ရက္ျဖင့္ရပ္တည္ေနပါတယ္။