စပိန်အသင်းတွင် ဒုတိယမြောက်ကိုဗစ်ကူးစက်သူ တွေ့ရှိပြီးနောက် ယူရိုအတွက်ပြင်ဆင်မှုကိုပိုမိုထိခိုက်လာ

စပိန်အသင်းရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်မှုဟာဒုတိယမြောက်ကိုဗစ်ကူးစက်သူအဖြစ်နောက်ခံလူဒီယေဂိုလိုရန်တီတွင်တွေ့ရှိပြီးနောက်ပိုမိုအခက်တွေ့လာပါတယ်။

လူးဝစ်အန်းနရစ်ရဲ့စပိန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်နေစဉ်အတွင်းအ သင်းခေါင်းဆောင်ဘက်စကွက်ဇ်တွင်ကိုဗစ်တွေ့ရှိမှုနဲ့အတူတစ်သင်းလုံးကွာရန်တင်းဝင်နေရပါတယ်။စပိန်ကစားသမားတို့ဟာသီးသန့်နေထိုင်နေရပြီးတစ်ကိုယ်တော်လေ့ကျင့်ခန်းဆင်းမှုများသာပြုလုပ်နေရပါတယ်။

ဒါကြောင့်လည်းစပိန်အသင်းဟာအင်္ဂါနေ့ညတုန်းကလစ်သူယေးနီးယားနှင့်ခြေစမ်းပွဲစဉ်ကိုမကစားနိုင်ဘဲစပိန်ယူ-၂၁အသင်းဖြင့်ကစားခဲ့ရပါတယ်။ဒါပေမယ့်စပိန်ယူ-၂၁အသင်းဟာလစ်သူယေးနီးယားကို၄-၀ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

စပိန်အသင်းဟာကိုဗစ်ကြောင့်ယူရိုအတွက်ပြင်ဆင်မှုကိုထိခိုက်မှုနှင့်အတူလိုအပ်ပါကအချိန်မီအစားထိုးမှုပြုလုပ်နိုင်ရန်အတွက်ကီပါအာရီဇာဘာလာဂါ၊ရာအူးလ်အယ်ဘီယို၊ဘရက်စ်မန်ဒက်ဇ်၊ပါဘလိုဖော်နယ်၊ရိုဒရီဂိုမိုရီနိုနှင့်ကားလို့စ်ဆိုလာတို့အားအရေးပေါ်ဆင့်ခေါ်မှုပြုလုပ်ထားပါတယ်။

အခြားတစ်ဖက်တွင်စပိန်ယူ-၂၁အသင်းဟာလည်းမက်ဒရစ်မှာဘဲဆက်ရှိနေကာလိုအပ်ပါကအရေးပေါ်အစားထိုးနိုင်ရေးအသင့်ရှိနေပါတယ်။

ကျေနပ်စရာကောင်းတာကတော့စပိန်ကစားသမားတို့ဟာယနေ့မှာကိုဗစ်ကာကွယ်ဆေးထိုးရမယ့်အချက်ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ထားကြောင်းတွေ့ရှိတဲ့လိုရန်တီနှင့်ဘက်စကွက်ဇ်တို့ဟာအနည်းဆုံး၁၀ရက်ကွာရန်တင်းဝင်ရမည်ဖြစ်ရာဆွီဒင်နှင့်ယူရိုအဖွင့်ပွဲကိုလွဲချော်ဖို့သေချာနေပါတယ်။

အခြားတစ်ဖက်တွင်ဆွီဒင်အသင်းတွင်လည်းကိုဗစ်ကူးစက်ခံထားရသူနှစ်ဦးတွေ့ရှိမှုကြောင့်ယူရို၂၀၂၀အတွက်ပြင်ဆင်မှုကိုရပ်ဆိုင်းထားရပါတယ်။

ZawGyi

စပိန္အသင္းတြင္ ဒုတိယေျမာက္ကိုဗစ္ကူးစက္သူ ေတြ႕ရွိၿပီးေနာက္ ယူ႐ိုအတြက္ျပင္ဆင္မႈကိုပိုမိုထိခိုက္လာ

စပိန္အသင္းရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္မႈဟာဒုတိယေျမာက္ကိုဗစ္ကူးစက္သူအျဖစ္ေနာက္ခံလူဒီေယဂိုလိုရန္တီတြင္ေတြ႕ရွိၿပီးေနာက္ပိုမိုအခက္ေတြ႕လာပါတယ္။

လူးဝစ္အန္းနရစ္ရဲ႕စပိန္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္ေနစဥ္အတြင္းအ သင္းေခါင္းေဆာင္ဘက္စကြက္ဇ္တြင္ကိုဗစ္ေတြ႕ရွိမႈနဲ႔အတူတစ္သင္းလုံးကြာရန္တင္းဝင္ေနရပါတယ္။စပိန္ကစားသမားတို႔ဟာသီးသန႔္ေနထိုင္ေနရၿပီးတစ္ကိုယ္ေတာ္ေလ့က်င့္ခန္းဆင္းမႈမ်ားသာျပဳလုပ္ေနရပါတယ္။

ဒါေၾကာင့္လည္းစပိန္အသင္းဟာအဂၤါေန႔ညတုန္းကလစ္သူေယးနီးယားႏွင့္ေျခစမ္းပြဲစဥ္ကိုမကစားႏိုင္ဘဲစပိန္ယူ-၂၁အသင္းျဖင့္ကစားခဲ့ရပါတယ္။ဒါေပမယ့္စပိန္ယူ-၂၁အသင္းဟာလစ္သူေယးနီးယားကို၄-၀ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

စပိန္အသင္းဟာကိုဗစ္ေၾကာင့္ယူ႐ိုအတြက္ျပင္ဆင္မႈကိုထိခိုက္မႈႏွင့္အတူလိုအပ္ပါကအခ်ိန္မီအစားထိုးမႈျပဳလုပ္ႏိုင္ရန္အတြက္ကီပါအာရီဇာဘာလာဂါ၊ရာအူးလ္အယ္ဘီယို၊ဘရက္စ္မန္ဒက္ဇ္၊ပါဘလိုေဖာ္နယ္၊႐ိုဒရီဂိုမိုရီႏိုႏွင့္ကားလို႔စ္ဆိုလာတို႔အားအေရးေပၚဆင့္ေခၚမႈျပဳလုပ္ထားပါတယ္။

အျခားတစ္ဖက္တြင္စပိန္ယူ-၂၁အသင္းဟာလည္းမက္ဒရစ္မွာဘဲဆက္ရွိေနကာလိုအပ္ပါကအေရးေပၚအစားထိုးႏိုင္ေရးအသင့္ရွိေနပါတယ္။

ေက်နပ္စရာေကာင္းတာကေတာ့စပိန္ကစားသမားတို႔ဟာယေန႔မွာကိုဗစ္ကာကြယ္ေဆးထိုးရမယ့္အခ်က္ျဖစ္ပါတယ္။

ကိုဗစ္ကူးစက္ထားေၾကာင္းေတြ႕ရွိတဲ့လိုရန္တီႏွင့္ဘက္စကြက္ဇ္တို႔ဟာအနည္းဆုံး၁၀ရက္ကြာရန္တင္းဝင္ရမည္ျဖစ္ရာဆြီဒင္ႏွင့္ယူ႐ိုအဖြင့္ပြဲကိုလြဲေခ်ာ္ဖို႔ေသခ်ာေနပါတယ္။

အျခားတစ္ဖက္တြင္ဆြီဒင္အသင္းတြင္လည္းကိုဗစ္ကူးစက္ခံထားရသူႏွစ္ဦးေတြ႕ရွိမႈေၾကာင့္ယူ႐ို၂၀၂၀အတြက္ျပင္ဆင္မႈကိုရပ္ဆိုင္းထားရပါတယ္။