
အန်တိုနီယိုကွန်တီဟာမနေ့ညတုန်းကစပို့တင်းလစ္စဘွန်းနှင့်ပွဲတွင်ဟယ်ရီကိန်းရဲ့၉၅မိနစ်အနိုင်ဂိုးကို VAR ကငြင်းပယ်လိုက်ပြီးနောက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အိမ်ရှင်စပါးစ်ဟာအကယ်ဒမီကစားသမားဟောင်းမားကပ်စ်အက်ဝတ်ရဲ့ဂိုးကြောင့်ပထမပိုင်းတွင်စပို့တင်းလစ္စဘွန်းကို၁-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။
ဒါပေမဲ့ပွဲချိန်မိနစ်၈၀မှာရိုဒရီဂိုဘန်တန်ကော်က စပါးစ်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။
ယင်းနောက်ပွဲပြီးရန်စက္ကန့်ပိုင်းအလိုတွင်အီမာဆင်ရွိုင်ရယ်ရဲ့ခေါင်းတိုက်ပေးမှုကနေဟယ်ရီကိန်းကစပါးစ်အတွက်အနိုင်ဂိုးသွင်းခဲ့ပါတယ်။
ယင်းဂိုးကြောင့်စပါးစ်ဟာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ရောက်သွားပြီလို့အားလုံးကယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ VAR ဟာအထက်ပါဖြစ်ရပ်ကို မိနစ်အတန်ကြာစစ်ဆေးမှုပြုလုပ်ပြီးနောက် လူကျွံဘောအဖြစ်သတ်မှတ်ကာဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။
ကွန်တီနှင့်စပါးစ်နည်းပြအဖွဲ့ဝင်များဟာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုအကြီးအကျယ်စောဒကတက်ခဲ့ပြီးအနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
စပါးစ်ဟာစပို့တင်းလစ္စဘွန်းနှင့်တစ်ဂိုးစီသရေကျမှုကြောင့်လာမယ့်အပတ် မာဆေးလ်နှင့်အဝေးကွင်းပွဲစဉ်တွင်အနည်းဆုံးသရေကျမှသာလျှင် ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားတော့မှာဖြစ်ပါတယ်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ကွန်တီဟာသတင်းထောက်ရဲ့မေးခွန်းတစ်ခုကိုသာဖြေဆိုပြီးနောက်ဒေါသတကြီး ထွက်ခွာသွားခဲ့ပါတယ်။ယင်းအင်တာဗျူးတွင်ကွန်တီက VAR ကြောင့်ဘောလုံးပျက်စီးသွားပြီဖြစ်ကြောင်း အပြင်းအထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။
ZawGyi
စပို႔တင္းႏွင့္ပြဲတြင္ ဟယ္ရီကိန္းရဲ႕ ၉၅ မိနစ္အႏိုင္ဂိုးကို VAR ျငင္းပယ္လိုက္ၿပီးေနာက္ ကြန္တီ အနီကတ္ျပသခံရ
အန္တိုနီယိုကြန္တီဟာမေန႔ညတုန္းကစပို႔တင္းလစၥဘြန္းႏွင့္ပြဲတြင္ဟယ္ရီကိန္းရဲ႕၉၅မိနစ္အႏိုင္ဂိုးကို VAR ကျငင္းပယ္လိုက္ၿပီးေနာက္ အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
အိမ္ရွင္စပါးစ္ဟာအကယ္ဒမီကစားသမားေဟာင္းမားကပ္စ္အက္ဝတ္ရဲ႕ဂိုးေၾကာင့္ပထမပိုင္းတြင္စပို႔တင္းလစၥဘြန္းကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ပါတယ္။
ဒါေပမဲ့ပြဲခ်ိန္မိနစ္၈၀မွာ႐ိုဒရီဂိုဘန္တန္ေကာ္က စပါးစ္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။
ယင္းေနာက္ပြဲၿပီးရန္စကၠန႔္ပိုင္းအလိုတြင္အီမာဆင္႐ြိဳင္ရယ္ရဲ႕ေခါင္းတိုက္ေပးမႈကေနဟယ္ရီကိန္းကစပါးစ္အတြက္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။
ယင္းဂိုးေၾကာင့္စပါးစ္ဟာခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ေရာက္သြားၿပီလို႔အားလုံးကယူဆခဲ့ၾကပါတယ္။
ဒါေပမဲ့ VAR ဟာအထက္ပါျဖစ္ရပ္ကို မိနစ္အတန္ၾကာစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ လူကြၽံေဘာအျဖစ္သတ္မွတ္ကာဂိုးအျဖစ္သတ္မွတ္ေပးခဲ့ျခင္းမရွိပါဘူး။
ကြန္တီႏွင့္စပါးစ္နည္းျပအဖြဲ႕ဝင္မ်ားဟာ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုအႀကီးအက်ယ္ေစာဒကတက္ခဲ့ၿပီးအနီကတ္ျပသျခင္းခံခဲ့ရပါတယ္။
စပါးစ္ဟာစပို႔တင္းလစၥဘြန္းႏွင့္တစ္ဂိုးစီသေရက်မႈေၾကာင့္လာမယ့္အပတ္ မာေဆးလ္ႏွင့္အေဝးကြင္းပြဲစဥ္တြင္အနည္းဆုံးသေရက်မွသာလွ်င္ ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားေတာ့မွာျဖစ္ပါတယ္။
ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ကြန္တီဟာသတင္းေထာက္ရဲ႕ေမးခြန္းတစ္ခုကိုသာေျဖဆိုၿပီးေနာက္ေဒါသတႀကီး ထြက္ခြာသြားခဲ့ပါတယ္။ယင္းအင္တာဗ်ဴးတြင္ကြန္တီက VAR ေၾကာင့္ေဘာလုံးပ်က္စီးသြားၿပီျဖစ္ေၾကာင္း အျပင္းအထန္ေဝဖန္ေျပာဆိုခဲ့ပါတယ္။