စပို့တင်းသို့ ရော်နယ်ဒို ပြန်ပြောင်းရေးအတွက် မိခင်ဖြစ်သူ ဆက်လက်လှုပ်ရှားနေ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဟာသားဖြစ်သူကိုတစ်နေ့တွင်စပို့တင်းလစ္စဘွန်းသို့ပြောင်းရွှေ့ကစားရေးအတွက်ဆက်လက်လှုပ်ရှားနေပါတယ်။

ဒိုလောအေဗဲရိုဟာသားဖြစ်သူရဲ့အမည်နှင့်ကျောနံပါတ်၂၈ပါ စပို့တင်းလစ္စဘွန်းအင်္ကျီကိုင်ဆောင်ထားတဲ့ဓာတ်ပုံကိုအွန်လိုင်းတွင်တင်လာတာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့မိခင်ဟာနယူးကာဆယ်နှင့်ပွဲတွင်ရော်နယ်ဒိုရဲ့မန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲကိုကွင်းအတွင်းလိုက်ပါအားပေးခဲ့သူဖြစ်ပြီးသားဖြစ်သူနှစ်ဂိုးသွင်းနိုင်မှုကြောင့်အပျော်မျက်ရည်ကျခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်းသူမဟာသားဖြစ်သူကိုကစားသမားဘဝအားကစားသမားဘဝစတင်ရာစပို့တင်းလစ္စဘွန်းတွင်ကုန်ဆုံးစေလိုနေသူလည်းဖြစ်ပါတယ်။

သူမဟာနွေရာသီတုန်းကမန်ယူသို့ရော်နယ်ဒိုမပြောင်းစဉ်စပို့တင်းလစ္စဘွန်းသို့ပြောင်းကစားရန်လူသိရှင်ကြားတောင်းဆိုပြောကြားခဲ့သူလည်းဖြစ်ပါတယ်။

အေဗဲရိုက “စပို့တင်းသို့သူပြန်လာရပါမယ်။ကျွန်မအတွက်ပြန်လာရပါမယ်။သူကစပို့တင်းရဲ့ပွဲတွေကိုကြည့်ရတာကြိုက်တယ်။ငါမသေခင်စပို့တင်းသို့မင်းပြန်လာတာမြင်ချင်တယ်လို့ပြောထားပြီးပါပြီ”လို့ပြောကြားခဲ့ဖူးပါတယ်။

ZawGyi






