စပီဇီယာနောက်ခံလူယာကူ့ကီဝီယော်ကို ပေါင် ၂၁ သန်းဖြင့် ခေါ်ယူလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာစီးရီးအေကလပ်စပီဇီယာမှနောက်ခံလူယာကူ့ကီဝီယော်ကိုပြောင်းရွှေ့ကြေးပေါင်၂၁သန်းဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပထမဆုံးခေါ်ယူမှုအဖြစ်ဘရိုက်တန်မှလီယန်ဒရိုထရိုဆတ်အားခေါ်ယူလိုက်ပြီးတဲ့နောက်ပိုလန်စတားကိုထပ်မံခေါ်ယူလာတာဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိကီဝီယော်ဟာပြီးခဲ့တဲ့အပတ်ကတည်းကလန်ဒန်သို့ရောက်ရှိနေခဲ့တာဖြစ်ပြီးမန်ချက်စတာယူနိုက်တက်ကို၃-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲကိုကြည့်ရှုခဲ့သူလည်းဖြစ်ပါတယ်။

သူဟာနောက်တစ်နေ့တွင်ဆေးစစ်မှုအောင်မြင်ပြီးနောက်အာဆင်နယ်သို့၂၀၂၇ခုနှစ်အထိစာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။သူ့ရဲ့စာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ကီဝီယော်ကမီခေးလ်အာတီတာကာလရှည်ကြာအလိုရှိလာခဲ့တဲ့ဘယ်ခြမ်းဗဟိုနောက်ခံလူဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိကီဝီယော်ဟာအန်ဒါလက်ချ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ဆလိုဗေးနီးယားကလပ်များတွင်ကစားပြီးနောက်၂၀၂၁ခုနှစ်တွင်စပီဇီယာသို့ရောက်လာခဲ့တာဖြစ်ပါတယ်။

ZawGyi

စပီဇီယာေနာက္ခံလူယာကူ႔ကီဝီေယာ္ကို ေပါင္ ၂၁ သန္းျဖင့္ ေခၚယူလိုက္တဲ့ အာဆင္နယ္

အာဆင္နယ္ဟာစီးရီးေအကလပ္စပီဇီယာမွေနာက္ခံလူယာကူ႔ကီဝီေယာ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၂၁သန္းျဖင့္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ပထမဆုံးေခၚယူမႈအျဖစ္ဘ႐ိုက္တန္မွလီယန္ဒ႐ိုထ႐ိုဆတ္အားေခၚယူလိုက္ၿပီးတဲ့ေနာက္ပိုလန္စတားကိုထပ္မံေခၚယူလာတာျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိကီဝီေယာ္ဟာၿပီးခဲ့တဲ့အပတ္ကတည္းကလန္ဒန္သို႔ေရာက္ရွိေနခဲ့တာျဖစ္ၿပီးမန္ခ်က္စတာယူႏိုက္တက္ကို၃-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲကိုၾကည့္ရႈခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေနာက္တစ္ေန႔တြင္ေဆးစစ္မႈေအာင္ျမင္ၿပီးေနာက္အာဆင္နယ္သို႔၂၀၂၇ခုႏွစ္အထိစာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။သူ႔ရဲ႕စာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္မဲ့အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ကီဝီေယာ္ကမီေခးလ္အာတီတာကာလရွည္ၾကာအလိုရွိလာခဲ့တဲ့ဘယ္ျခမ္းဗဟိုေနာက္ခံလူျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိကီဝီေယာ္ဟာအန္ဒါလက္ခ်္အကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီး ဆလိုေဗးနီးယားကလပ္မ်ားတြင္ကစားၿပီးေနာက္၂၀၂၁ခုႏွစ္တြင္စပီဇီယာသို႔ေရာက္လာခဲ့တာျဖစ္ပါတယ္။