စာချုပ်ကိစ္စအဆင်ပြေပြီလို့ ယူဆထားပြီးမှ နောက်ဆုံးမိနစ်မှာ တောင်းဆိုမှုအသစ်ပြုလုပ်လာတဲ့ စတားကြောင့် ချဲလ်ဆီးအံ့ဩသင့်နေ

ချဲလ်ဆီးဟာမကြာမီစာချုပ်သက်တမ်းဆုံးတော့မယ့်စတားများထဲမှတစ်ဦးနှင့် စာချုပ်သစ်ချုပ်ဆိုရန်အားလုံးနီးပါးသဘောတူညီမှုရထားပြီလို့ယူဆထားချိန်တွင်နောက်ဆုံးအချိန်ရောက်မှစာချုပ်နဲ့ပတ်သက်ပြီးတောင်းဆိုမှုတစ်ခုပြုလုပ်လာတဲ့ကစားသမားကြောင့်အံ့ဩသင့်လျက်ရှိနေပါတယ်။

ချဲလ်ဆီးဟာသူတို့ရဲ့အဓိကကစားသမားအများစုတို့ကိုစာချုပ်သက်တမ်းတိုးနိုင်ရေးကြိုးပမ်းနေပါတယ်။

အန်တိုနီယိုရူဒီဂါမှာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူများထဲမှတစ်ဦးဖြစ်ပြီးချဲလ်ဆီးဘက်ကစာချုပ်သစ်ချုပ်ဆိုနိုင်ရန်မျှော်လင့်နေပါတယ်။

အင်ဒရေခရစ်တင်ဆင်မှာလည်းယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။ချဲလ်ဆီးဟာသူ့ကိုစတမ်းဖို့ဒ်ဘရစ်ချ်မှာကာလရှည်ကြာထိန်းထားလိုနေပါတယ်။

ချဲလ်ဆီးဟာဒိန်းမတ်နောက်ခံလူနှင့်စာချုပ်သစ်ကိစ္စဆွေးနွေးမှုများပြုလုပ်လာခဲ့ရာအဆင်ပြေမှုရလာခဲ့ပါတယ်။ဒါပေမယ့်နောက်ဆုံးအချိန်ရောက်တဲ့အချိန်မှာဒိန်းမတ်နောက်ခံလူဘက်ကစာချုပ်နဲ့ပတ်သက်ပြီးအံ့ဩစရာကောင်းတဲ့တောင်းဆိုမှုတစ်ခုပြုလုပ်လာပါတယ်။

အသက်၂၅နှစ်ရှိဗဟိုနောက်ခံလူဟာချဲလ်ဆီးနှင့်လုပ်ခတိုးမြှင့်ကာငါးနှစ်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆင်ပြေနေခဲ့ပါတယ်။

ဒါပေမယ့်The Telegraph ရဲ့ဖော်ပြချက်အရခရစ်တင်ဆင်ဟာစာချုပ်သစ်ချုပ်ဆိုလုနီးပါးအချိန်ရောက်မှစိတ်ပြောင်းလဲမှုပြုလုပ်လာကြောင်းသိရပါတယ်။ဒိန်းမတ်နောက်ခံလူဟာငါးနှစ်စာချုပ်သစ်မချုပ်ဆိုဘဲသုံးနှစ်စာချုပ်သစ်သာချုပ်ဆိုရန်တောင်းဆိုမှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်းချဲလ်ဆီးနှင့်ကစားသမားတို့အကြားတွင်စာချုပ်သက်တမ်းနှင့်ပတ်သက်ပြီးထပ်မံဆွေးနွေးမှုပြုလုပ်လာရတော့မှာဖြစ်ပါတယ်။တကယ်လို့များသဘောတူညီမှုမရရှိဘူးဆိုလျှင်ခရစ်တင်ဆင်ဟာယခုရာသီအကုန်မှာအခြားကလပ်တစ်ခုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ရှိနေပါတယ်။

ZawGyi

စာခ်ဳပ္ကိစၥအဆင္ေျပၿပီလို႔ ယူဆထားၿပီးမွ ေနာက္ဆုံးမိနစ္မွာ ေတာင္းဆိုမႈအသစ္ျပဳလုပ္လာတဲ့ စတားေၾကာင့္ ခ်ဲလ္ဆီးအံ့ဩသင့္ေန

ခ်ဲလ္ဆီးဟာမၾကာမီစာခ်ဳပ္သက္တမ္းဆုံးေတာ့မယ့္စတားမ်ားထဲမွတစ္ဦးႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အားလုံးနီးပါးသေဘာတူညီမႈရထားၿပီလို႔ယူဆထားခ်ိန္တြင္ေနာက္ဆုံးအခ်ိန္ေရာက္မွစာခ်ဳပ္နဲ႔ပတ္သက္ၿပီးေတာင္းဆိုမႈတစ္ခုျပဳလုပ္လာတဲ့ကစားသမားေၾကာင့္အံ့ဩသင့္လ်က္ရွိေနပါတယ္။

ခ်ဲလ္ဆီးဟာသူတို႔ရဲ႕အဓိကကစားသမားအမ်ားစုတို႔ကိုစာခ်ဳပ္သက္တမ္းတိုးႏိုင္ေရးႀကိဳးပမ္းေနပါတယ္။

အန္တိုနီယို႐ူဒီဂါမွာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူမ်ားထဲမွတစ္ဦးျဖစ္ၿပီးခ်ဲလ္ဆီးဘက္ကစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

အင္ဒေရခရစ္တင္ဆင္မွာလည္းယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာသူ႔ကိုစတမ္းဖို႔ဒ္ဘရစ္ခ်္မွာကာလရွည္ၾကာထိန္းထားလိုေနပါတယ္။

ခ်ဲလ္ဆီးဟာဒိန္းမတ္ေနာက္ခံလူႏွင့္စာခ်ဳပ္သစ္ကိစၥေဆြးေႏြးမႈမ်ားျပဳလုပ္လာခဲ့ရာအဆင္ေျပမႈရလာခဲ့ပါတယ္။ဒါေပမယ့္ေနာက္ဆုံးအခ်ိန္ေရာက္တဲ့အခ်ိန္မွာဒိန္းမတ္ေနာက္ခံလူဘက္ကစာခ်ဳပ္နဲ႔ပတ္သက္ၿပီးအံ့ဩစရာေကာင္းတဲ့ေတာင္းဆိုမႈတစ္ခုျပဳလုပ္လာပါတယ္။

အသက္၂၅ႏွစ္ရွိဗဟိုေနာက္ခံလူဟာခ်ဲလ္ဆီးႏွင့္လုပ္ခတိုးျမႇင့္ကာငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈအဆင္ေျပေနခဲ့ပါတယ္။

ဒါေပမယ့္The Telegraph ရဲ႕ေဖာ္ျပခ်က္အရခရစ္တင္ဆင္ဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလုနီးပါးအခ်ိန္ေရာက္မွစိတ္ေျပာင္းလဲမႈျပဳလုပ္လာေၾကာင္းသိရပါတယ္။ဒိန္းမတ္ေနာက္ခံလူဟာငါးႏွစ္စာခ်ဳပ္သစ္မခ်ဳပ္ဆိုဘဲသုံးႏွစ္စာခ်ဳပ္သစ္သာခ်ဳပ္ဆိုရန္ေတာင္းဆိုမႈျပဳလုပ္လာခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းခ်ဲလ္ဆီးႏွင့္ကစားသမားတို႔အၾကားတြင္စာခ်ဳပ္သက္တမ္းႏွင့္ပတ္သက္ၿပီးထပ္မံေဆြးေႏြးမႈျပဳလုပ္လာရေတာ့မွာျဖစ္ပါတယ္။တကယ္လို႔မ်ားသေဘာတူညီမႈမရရွိဘူးဆိုလွ်င္ခရစ္တင္ဆင္ဟာယခုရာသီအကုန္မွာအျခားကလပ္တစ္ခုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခြင့္ရွိေနပါတယ္။