
အေဒင်ဟာဇက်ဟာစာချုပ်ပါအချက်တစ်ခုကြောင့်ရီးရဲလ်မက်ဒရစ်သမိုင်းတွင်ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ဘယ်လ်ဂျီယံစတားအေဒင်ဟာဇက်ဟာ၂၀၁၉ခုနှစ်နွေရာသီတုန်းကချဲလ်ဆီးမှရီးရဲလ်မက်ဒရစ်သို့ ငါးနှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာအေဒင်ဟာဇက်ကိုပြောင်းရွှေ့ကြေးပေါင်၁၄၂သန်းအထိပေးရမဲ့အချက်များပါဝင်တဲ့စာချုပ်ဖြင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။
အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့ကာလအတွင်းတွင်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရမှုနှင့်အတူအချက်အများစုမှာဖြစ်မြောက်လာခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ The Athletic ရဲ့ဖော်ပြလာမှုအရအေဒင်ဟာဇက်အတွက်ရီးရဲလ်မက်ဒရစ်ရဲ့ပေးရမှုမှာမြင့်မားလာတော့မှာဖြစ်ပါတယ်။
ယခင်တုန်းကရီးရဲလ်မက်ဒရစ်သမိုင်းတွင်အမြင့်မားဆုံးကစားသမားခေါ်ယူမှုအဖြစ်ဂါရတ်ဘေးလ်ကိုပေါင်၈၆သန်းဖြင့်ခေါ်ယူမှုဖြင့်ရပ်တည်နေခဲ့ပါတယ်။
အသက်၃၂နှစ်ရှိအေဒင်ဟာဇက်ဟာဘာနေဗျူးတွင်ကစားစဉ်အတွင်းဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာအကောင်းဆုံးပုံစံရရှိရေးရုန်းကန်လာခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာ၂၀၂၂ခုနှစ်၊စက်တင်ဘာလနောက်ပိုင်းတွင်ရီးရဲလ်မက်ဒရစ်အတွက်လာလီဂါပွဲတစ်ပွဲမျှကစားရခြင်းမရှိသေးပါဘူး။
သူဟာရီးရဲလ်မက်ဒရစ်တွင်ပွဲကစားချိန်နည်းပါးနေပေမဲ့လည်းစာချုပ်သက်တမ်းကုန်ဆုံးမဲ့ ၂၀၂၄ခုနှစ်နွေရာသီအထိဆက်ကစားသွားရန်စီစဉ်ထားကြောင်းသိရပါတယ်။
ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာလက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်ရဲ့လုပ်ခအများဆုံးကစားသမားအဖြစ်ရပ်တည်နေသူဖြစ်ပြီးမက်ဒရစ်တွင်အထိုင်ကျနေပါတယ်။
သူ့မိသားစုဝင်များမှာလည်းမက်ဒရစ်တွင်အထိုင်ကျနေသလိုအသက်၁၀နှစ်အရွယ်သားဖြစ်သူလီယိုမှာရီးရဲလ်မက်ဒရစ်အကယ်ဒမီတွင်တက်ရောက်နေပါတယ်။
ဒါကြောင့်လည်းအေဒင်ဟာဇက်ဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာရီးရဲလ်မက်ဒရစ်ကသူ့ကိုရောင်းချရန်ကြိုးပမ်းလာပေမဲ့လည်းမပြောင်းဘဲဆက်ကစားလာခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ဟာအေဒင်ဟာဇက်ဘက်ကစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိကစားလာမှာဖြစ်တာကြောင့်စာချုပ်ပါအချက်အရချဲလ်ဆီးကိုအပိုဆုကြေးငွေထပ်မံပေးလာရဦးမှာလည်းဖြစ်ပါတယ်။
ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ကစားသမားများကလည်းအေဒင်ဟာဇက်မှာနဂိုပါရမီရှိသူတစ်ဦးဖြစ်ပြီးဒဏ်ရာပြဿနာများကြောင့်သာအကောင်းဆုံးပုံစံရဖို့ရုန်းကန်နေရတာလို့ယုံကြည်ကာလေးစားမှုရှိနေကြဆဲဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီကတော့ယခုအခါအက်စ်ပန်ညိုနှင့်ရင်ဆိုင်ကစားရမဲ့ပွဲတွင်အေဒင်ဟာဇက်ကိုကစားခွင့်ပေးလာမယ်လို့ဆိုထားပါတယ်။ရီးရဲလ်မက်ဒရစ်ဟာလာမယ့်အပတ်တွင်ဘာနေဗျူးကွင်းမှာလီဗာပူးကိုဧည့်ခံကစားရပါမယ်။ရီးရဲလ်မက်ဒရစ်ဟာပထမအကျော့တုန်းကအန်ဖီးလ်မှာ၅-၂ဂိုးဖြင့်အနိုင်ရထားပါတယ်။
ZawGyi
စာခ်ဳပ္ပါ အခ်က္တစ္ခုေၾကာင့္ ရီးရဲလ္မက္ဒရစ္သမိုင္းတြင္ ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံး ကစားသမားျဖစ္လာတဲ့ ေအဒင္ဟာဇက္
ေအဒင္ဟာဇက္ဟာစာခ်ဳပ္ပါအခ်က္တစ္ခုေၾကာင့္ရီးရဲလ္မက္ဒရစ္သမိုင္းတြင္ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံးကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယံစတားေအဒင္ဟာဇက္ဟာ၂၀၁၉ခုႏွစ္ေႏြရာသီတုန္းကခ်ဲလ္ဆီးမွရီးရဲလ္မက္ဒရစ္သို႔ ငါးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာေအဒင္ဟာဇက္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၁၄၂သန္းအထိေပးရမဲ့အခ်က္မ်ားပါဝင္တဲ့စာခ်ဳပ္ျဖင့္ေခၚယူလိုက္တာျဖစ္ပါတယ္။
ေအဒင္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့ကာလအတြင္းတြင္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနရမႈႏွင့္အတူအခ်က္အမ်ားစုမွာျဖစ္ေျမာက္လာခဲ့ျခင္းမရွိပါဘူး။ဒါေပမဲ့ The Athletic ရဲ႕ေဖာ္ျပလာမႈအရေအဒင္ဟာဇက္အတြက္ရီးရဲလ္မက္ဒရစ္ရဲ႕ေပးရမႈမွာျမင့္မားလာေတာ့မွာျဖစ္ပါတယ္။
ယခင္တုန္းကရီးရဲလ္မက္ဒရစ္သမိုင္းတြင္အျမင့္မားဆုံးကစားသမားေခၚယူမႈအျဖစ္ဂါရတ္ေဘးလ္ကိုေပါင္၈၆သန္းျဖင့္ေခၚယူမႈျဖင့္ရပ္တည္ေနခဲ့ပါတယ္။
အသက္၃၂ႏွစ္ရွိေအဒင္ဟာဇက္ဟာဘာေနဗ်ဴးတြင္ကစားစဥ္အတြင္းဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရကာအေကာင္းဆုံးပုံစံရရွိေရး႐ုန္းကန္လာခဲ့ရသူလည္းျဖစ္ပါတယ္။
သူဟာ၂၀၂၂ခုႏွစ္၊စက္တင္ဘာလေနာက္ပိုင္းတြင္ရီးရဲလ္မက္ဒရစ္အတြက္လာလီဂါပြဲတစ္ပြဲမွ်ကစားရျခင္းမရွိေသးပါဘူး။
သူဟာရီးရဲလ္မက္ဒရစ္တြင္ပြဲကစားခ်ိန္နည္းပါးေနေပမဲ့လည္းစာခ်ဳပ္သက္တမ္းကုန္ဆုံးမဲ့ ၂၀၂၄ခုႏွစ္ေႏြရာသီအထိဆက္ကစားသြားရန္စီစဥ္ထားေၾကာင္းသိရပါတယ္။
ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ဟာလက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနသူျဖစ္ၿပီးမက္ဒရစ္တြင္အထိုင္က်ေနပါတယ္။
သူ႔မိသားစုဝင္မ်ားမွာလည္းမက္ဒရစ္တြင္အထိုင္က်ေနသလိုအသက္၁၀ႏွစ္အ႐ြယ္သားျဖစ္သူလီယိုမွာရီးရဲလ္မက္ဒရစ္အကယ္ဒမီတြင္တက္ေရာက္ေနပါတယ္။
ဒါေၾကာင့္လည္းေအဒင္ဟာဇက္ဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာရီးရဲလ္မက္ဒရစ္ကသူ႔ကိုေရာင္းခ်ရန္ႀကိဳးပမ္းလာေပမဲ့လည္းမေျပာင္းဘဲဆက္ကစားလာခဲ့တာပါ။ ရီးရဲလ္မက္ဒရစ္ဟာေအဒင္ဟာဇက္ဘက္ကစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိကစားလာမွာျဖစ္တာေၾကာင့္စာခ်ဳပ္ပါအခ်က္အရခ်ဲလ္ဆီးကိုအပိုဆုေၾကးေငြထပ္မံေပးလာရဦးမွာလည္းျဖစ္ပါတယ္။
ဒါ့အျပင္ရီးရဲလ္မက္ဒရစ္ကစားသမားမ်ားကလည္းေအဒင္ဟာဇက္မွာနဂိုပါရမီရွိသူတစ္ဦးျဖစ္ၿပီးဒဏ္ရာျပႆနာမ်ားေၾကာင့္သာအေကာင္းဆုံးပုံစံရဖို႔႐ုန္းကန္ေနရတာလို႔ယုံၾကည္ကာေလးစားမႈရွိေနၾကဆဲျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီကေတာ့ယခုအခါအက္စ္ပန္ညိဳႏွင့္ရင္ဆိုင္ကစားရမဲ့ပြဲတြင္ေအဒင္ဟာဇက္ကိုကစားခြင့္ေပးလာမယ္လို႔ဆိုထားပါတယ္။ရီးရဲလ္မက္ဒရစ္ဟာလာမယ့္အပတ္တြင္ဘာေနဗ်ဴးကြင္းမွာလီဗာပူးကိုဧည့္ခံကစားရပါမယ္။ရီးရဲလ္မက္ဒရစ္ဟာပထမအေက်ာ့တုန္းကအန္ဖီးလ္မွာ၅-၂ဂိုးျဖင့္အႏိုင္ရထားပါတယ္။