စာချုပ်ဖျက်သိမ်းခံရမှုအတွက် ဘာစီလိုနာအားဘရာဇီးလူငယ်စတားတရားစွဲ
ဘရာဇီးလူငယ်စတားမားသီးယပ်စ်ဖာနန်ဒက်စ်ဟာစာချုပ်ဖျက်သိမ်းခြင်းခံရမှုအတွက်ဘာစီလိုနာကိုတရားစွဲဆိုလိုက်ပါတယ်။
ဘာစီလိုနာဟာမကြာသေးမီတုန်းကအသင်းအတွက်၁၇မိနစ်သာကစားခွင့်ရရှိခဲ့ပြီးစာချုပ်သက်တမ်း၄နှစ်ကျန်နေသေးတဲ့ဘရာဇီးအလယ်တန်းကစားသမားမားသီးယပ်စ်ဖာနန်ဒက်စ်ကိုစာချုပ်ဖျက်သိမ်းလိုက်ပါတယ်။
ဘရာဇီးလူငယ်ကစားသမားဟာ၂၀၂၀ခုနှစ်၊ဇန်ဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပါးမီးရပ်စ်မှဘာစီလိုနာသို့ယူရို၇သန်းဖြင့်ရောက်လာပြီးနောက်ဗယ်လာဒိုးလစ်သို့အငှားချခြင်းခံခဲ့ရပါတယ်။
သူဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်ချန်ပီယံလိဂ်မှာဒိုင်နမိုကိဗ်အား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပီဒရီအစားဝင်ရောက်ကစားကာ၁၇မိနစ်ကစားခွင့်ရရှိခဲ့ပါတယ်။ယင်းပွဲမှာသူ့ရဲ့ဘာစီလိုနာအတွက်ပထမဆုံးကစားတဲ့ပွဲဖြစ်သလိုတစ်ပွဲတည်းသောကစားခွင့်ရတဲ့ပွဲလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာဘာစီလိုနာနှင့်အတူကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာပြီးခဲ့တဲ့အပတ်တုန်းကဘာစီလိုနာရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက်လက်ကျန်၄နှစ်စာချုပ်အတွက်နစ်နာကြေးရရှိရန်တရားရုံးမှာတရားစွဲဆိုဖို့လုပ်ဆောင်လာပြီဖြစ်ပါတယ်။
ZawGyi
စာချုပ်ဖျက်သိမ်းခံရမှုအတွက် ဘာစီလိုနာအတွက် ဘရာဇီးလူငယ်စတားတရားစွဲ
ဘာစီလိုနာဟာမကြာသေးမီတုန်းကအသင်းအတွက်၁၇မိနစ်သာကစားခွင့်ရရှိခဲ့ပြီးစာချုပ်သက်တမ်း၎နှစ်ကျန်နေသေးတဲ့ဘရာဇီးအလယ်တန်းကစားသမားမားသီးယပ်စ်ဖာနန်ဒက်စ်ကိုစာချုပ်ဖျက်သိမ်းလိုက်ပါတယ်။
သူဟာပြီးခဲ့တဲ့အပတ်တုန်းကဘာစီလိုနာရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက်လက်ကျန်၎နှစ်စာချုပ်အတွက်နစ်နာကြေးရရှိရန်တရားရုံးမှာတရားစွဲဆိုဖို့လုပ်ဆောင်လာပြီဖြစ်ပါတယ်။