စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရပြီး ၆ လကြာချိန်တွင်မှ လက်မှတ်ထိုးလာတော့မယ့် လိဒ်နည်းပြ

မာဆယ်လိုဘီရဲလ်ဆာဟာလိဒ်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းတိုးရန်သဘောတူညီမှုရရှိပြီးခြောက်လကြာမြင့်ပြီးချိန်တွင်မှစာချုပ်သစ်ချုပ်ဆိုလာတော့မှာဖြစ်ကြောင်းသိရပါတယ်။ါတယ်။

လိဒ်ယူနိုက်တက်နည်းပြဟာပြီးခဲ့တဲ့ရာသီတုန်းကလည်းရာသီစတင်ရန်တစ်ရက်အလိုတွင်မှလိဒ်ယူနိုက်တက်နှင့်တစ်နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာလည်းအာဂျင်တီးနားလူမျိုးဝါရင့်နည်းပြဟာပရီးမီးယားလိဂ်ရာသီသစ်စတင်ရန်ရက်အနည်းငယ်သာလိုတော့တဲ့အချိန်တွင်လိဒ်နှင့်စာချုပ်သစ်ချုပ်ဆိုလာတော့မှာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်စီအီးအိုအန်ဂပ်စ်ကန်နီယာကအာဂျင်တီးနားလူမျိုးနည်းပြကစာချုပ်ကိစ္စကိုစိတ်ဝင်စားမှုနည်းပါးမှုနဲ့အတူယခုကဲ့သို့နောက်ကျပြီးမှစာချုပ်သစ်ချုပ်ဆိုရန်နောက်ကျရခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

ကန်နီယာက “သူ့ဘက်ကအသင့်ဖြစ်နေပါပြီ။သူ့စာချုပ်ကအသင့်မဖြစ်သေးတာပါ။ဒါပေမယ့်သူကတော့အသင့်ဖြစ်နေပါတယ်။ယခုအပတ်မှာစာချုပ်ချုပ်ဆိုသွားပါမယ်။စိတ်လှုပ်ရှားဖို့ကောင်းစွာဘဲကြေညာလာပါမယ်။ကျွန်တော်တို့ဟာလွန်ခဲ့တဲ့ခြောက်လကတည်းကသဘောတူညီမှုရထားပြီးသားပါ။အသေးစိတ်လည်းဆွေးနွေးပြီးသားပါ။ပြောရမယ်ဆိုရင်သူ့ဘက်ကစာချုပ်အပေါ်သိပ်စိတ်မဝင်စားပါဘူး။ဆွေးနွေးတုန်းကလည်းအသေးစားအရာတွေဘဲဆွေးနွေးခဲ့ရတာပါ”လို့ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၉နေရာမှာရပ်တည်နိုင်ခဲ့တဲ့လိဒ်ယူနိုက်တက်ဟာလာမယ့်စနေနေ့မှာအိုးထရက်ဖို့ဒ်သို့သွားရောက်ကာမန်ယူနှင့်ရာသီအဖွင့်ပွဲကစားရပါမယ်။

၎င်းတို့ဟာယခုနွေရာသီမှာမန်စီးတီးမှဂျက်ဟာရီဆင်ကိုအငှားဖြင့်လည်းကောင်း၊ဘာစီလိုနာမှဘယ်နောက်ခံလူဂျူနီယာဖာပိုကိုလည်းကောင်း၊ဗာလီရန်ဂါမှဂိုးသမားကလပ်စ်ဆင်ကိုလည်းကောင်းခေါ်ယူထားပါတယ်။

ZawGyi

စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီမႈရၿပီး ၆ လၾကာခ်ိန္တြင္မွ လက္မွတ္ထိုးလာေတာ့မယ့္ လိဒ္နည္းျပ

မာဆယ္လိုဘီရဲလ္ဆာဟာလိဒ္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းတိုးရန္သေဘာတူညီမႈရရွိၿပီးေျခာက္လၾကာျမင့္ၿပီးခ်ိန္တြင္မွစာခ်ဳပ္သစ္ခ်ဳပ္ဆိုလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ါတယ္။

လိဒ္ယူႏိုက္တက္နည္းျပဟာၿပီးခဲ့တဲ့ရာသီတုန္းကလည္းရာသီစတင္ရန္တစ္ရက္အလိုတြင္မွလိဒ္ယူႏိုက္တက္ႏွင့္တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ယခုအခါမွာလည္းအာဂ်င္တီးနားလူမ်ိဳးဝါရင့္နည္းျပဟာပရီးမီးယားလိဂ္ရာသီသစ္စတင္ရန္ရက္အနည္းငယ္သာလိုေတာ့တဲ့အခ်ိန္တြင္လိဒ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာေတာ့မွာျဖစ္ပါတယ္။

လိဒ္ယူႏိုက္တက္စီအီးအိုအန္ဂပ္စ္ကန္နီယာကအာဂ်င္တီးနားလူမ်ိဳးနည္းျပကစာခ်ဳပ္ကိစၥကိုစိတ္ဝင္စားမႈနည္းပါးမႈနဲ႔အတူယခုကဲ့သို႔ေနာက္က်ၿပီးမွစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေနာက္က်ရျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

ကန္နီယာက “သူ႔ဘက္ကအသင့္ျဖစ္ေနပါၿပီ။သူ႔စာခ်ဳပ္ကအသင့္မျဖစ္ေသးတာပါ။ဒါေပမယ့္သူကေတာ့အသင့္ျဖစ္ေနပါတယ္။ယခုအပတ္မွာစာခ်ဳပ္ခ်ဳပ္ဆိုသြားပါမယ္။စိတ္လႈပ္ရွားဖို႔ေကာင္းစြာဘဲေၾကညာလာပါမယ္။ကြၽန္ေတာ္တို႔ဟာလြန္ခဲ့တဲ့ေျခာက္လကတည္းကသေဘာတူညီမႈရထားၿပီးသားပါ။အေသးစိတ္လည္းေဆြးေႏြးၿပီးသားပါ။ေျပာရမယ္ဆိုရင္သူ႔ဘက္ကစာခ်ဳပ္အေပၚသိပ္စိတ္မဝင္စားပါဘူး။ေဆြးေႏြးတုန္းကလည္းအေသးစားအရာေတြဘဲေဆြးေႏြးခဲ့ရတာပါ”လို႔ေျပာၾကားသြားပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္တြင္အဆင့္၉ေနရာမွာရပ္တည္ႏိုင္ခဲ့တဲ့လိဒ္ယူႏိုက္တက္ဟာလာမယ့္စေနေန႔မွာအိုးထရက္ဖို႔ဒ္သို႔သြားေရာက္ကာမန္ယူႏွင့္ရာသီအဖြင့္ပြဲကစားရပါမယ္။

၎တို႔ဟာယခုေႏြရာသီမွာမန္စီးတီးမွဂ်က္ဟာရီဆင္ကိုအငွားျဖင့္လည္းေကာင္း၊ဘာစီလိုနာမွဘယ္ေနာက္ခံလူဂ်ဴနီယာဖာပိုကိုလည္းေကာင္း၊ဗာလီရန္ဂါမွဂိုးသမားကလပ္စ္ဆင္ကိုလည္းေကာင္းေခၚယူထားပါတယ္။