စာချုပ်သက်တမ်း ၁၈လသာကျန်တော့တဲ့ မရာ့ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီးအလျှင်စလိုလုပ်ဆောင်လာ

မန်စီးတီးဟာရီယာ့မရာ့ဇ်ကိုစာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်အလျှင်စလိုလုပ်ဆောင်လာပါတယ်။အသက်၃၀နှစ်ရှိအယ်ဂျီးရီးယားတောင်ပံကစားသမားဟာမန်စီးတီးနှင့်တစ်ပတ်လုပ်ခပေါင်၁၆၀၀၀၀တန်တစ်နှစ်ခွဲစာချုပ်သာကျန်တော့သူဖြစ်ပါတယ်။

မရာ့ဇ်ဟာမန်ချက်စတာတွင်ပျော်ရွှင်နေသူဖြစ်ပြီးနွေရာသီတုန်းကချစ်သူနှင့်စေ့စပ်လိုက်ပြီးနောက်ဆက်လက်နေထိုင်ရန်ဆန္ဒပြင်းပြနေသူလည်းဖြစ်ပါတယ်။

မရာ့ဇ်ဟာပြီးခဲ့တဲ့ပွဲအချို့တို့တွင်အရန်ခုံတွင်ထိုင်နေရပေမယ့်လည်းမန်စီးတီးနည်းပြဂွါဒီယိုလာရဲ့စီမံကိန်းတွင်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတုန်းဖြစ်ပါတယ်။

လက်စတာကစားသမားဟောင်းဟာလာမယ့်ဇန်နဝါရီလတွင်အယ်ဂျီးရီးယားနှင့်အာဖရိကဖလားပြိုင်ပွဲကစားရန်ထွက်ခွာပါမယ်။

မန်စီးတီးဟာလာမယ့်ဖေဖော်ဝါရီလတွင်၃၁နှစ်ပြည့်မယ့်မရာ့ဇ်ကိုအာဖရိကဖလားပြိုင်ပွဲသို့မသွားမီစာချုပ်သစ်ချုပ်ဆိုလိုနေပါတယ်။

အကယ်၍မန်စီးတီးအနေဖြင့်မရာ့ဇ်ကိုဇန်နဝါရီမတိုင်မီစာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါကလာမယ့်နွေရာသီတွင်ပြောင်းရွှေ့ကြေးအနည်းငယ်ဖြင့်လက်လွှတ်ရဖို့ရှိပါတယ်။

တစ်ဖက်တွင်မန်စီးတီးဟာမရာ့ဇ်ကိုပင်၁၈လစာချုပ်သက်တမ်းသာကျန်တော့တဲ့အသက်၂၆နှစ်ရှိရာဟမ်းစတာလင်းကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်ကြိုးပမ်းနေပါတယ်။

ZawGyi

စာခ်ဳပ္သက္တမ္း ၁၈လသာက်န္ေတာ့တဲ့ မရာ့ဇ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ မန္စီးတီးအလွ်င္စလိုလုပ္ေဆာင္လာ

မန္စီးတီးဟာရီယာ့မရာ့ဇ္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္အလွ်င္စလိုလုပ္ေဆာင္လာပါတယ္။အသက္၃၀ႏွစ္ရွိအယ္ဂ်ီးရီးယားေတာင္ပံကစားသမားဟာမန္စီးတီးႏွင့္တစ္ပတ္လုပ္ခေပါင္၁၆၀၀၀၀တန္တစ္ႏွစ္ခြဲစာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။

မရာ့ဇ္ဟာမန္ခ်က္စတာတြင္ေပ်ာ္႐ႊင္ေနသူျဖစ္ၿပီးေႏြရာသီတုန္းကခ်စ္သူႏွင့္ေစ့စပ္လိုက္ၿပီးေနာက္ဆက္လက္ေနထိုင္ရန္ဆႏၵျပင္းျပေနသူလည္းျဖစ္ပါတယ္။

မရာ့ဇ္ဟာၿပီးခဲ့တဲ့ပြဲအခ်ိဳ႕တို႔တြင္အရန္ခုံတြင္ထိုင္ေနရေပမယ့္လည္းမန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕စီမံကိန္းတြင္အေရးပါတဲ့အခန္းက႑ကပါဝင္ေနတုန္းျဖစ္ပါတယ္။

လက္စတာကစားသမားေဟာင္းဟာလာမယ့္ဇန္နဝါရီလတြင္အယ္ဂ်ီးရီးယားႏွင့္အာဖရိကဖလားၿပိဳင္ပြဲကစားရန္ထြက္ခြာပါမယ္။

မန္စီးတီးဟာလာမယ့္ေဖေဖာ္ဝါရီလတြင္၃၁ႏွစ္ျပည့္မယ့္မရာ့ဇ္ကိုအာဖရိကဖလားၿပိဳင္ပြဲသို႔မသြားမီစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနပါတယ္။

အကယ္၍မန္စီးတီးအေနျဖင့္မရာ့ဇ္ကိုဇန္နဝါရီမတိုင္မီစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိပါကလာမယ့္ေႏြရာသီတြင္ေျပာင္းေ႐ႊ႕ေၾကးအနည္းငယ္ျဖင့္လက္လႊတ္ရဖို႔ရွိပါတယ္။

တစ္ဖက္တြင္မန္စီးတီးဟာမရာ့ဇ္ကိုပင္၁၈လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့အသက္၂၆ႏွစ္ရွိရာဟမ္းစတာလင္းကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ႀကိဳးပမ္းေနပါတယ္။