စာချုပ်သစ်ချုပ်ဆိုခွင့်ရရန် အစွမ်းပြရမည်ဟု အဂူရိုကို ဂွါဒီယိုလာ ပြောကြား

ဆာဂျီယိုအဂူရိုအနေဖြင့်မန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်တနင်္ဂနွေနေ့တွင်ဘာမင်ဂမ်နှင့်ကစားရမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင်စတင်ကြိုးပမ်းလာရတော့မှာဖြစ်ပါတယ်။

မန်စီးတီးအတွက်၂၅၆ဂိုးသွင်းယူကာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့အဂူရိုဟာ မန်စီးတီးနှင့်စာချုပ်သက်တမ်း၆လမျှသာကျန်တော့ပြီဖြစ်ပြီးအခြားကလပ်များနှင့်လွတ်လပ်စွာဆွေးနွေးခွင့် ရှိနေသူလည်းဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးကမန်စီးတီးတွင်ဆက်ကစားလိုနေသော်လည်းကလပ်ဘက်ကယခုတိုင်စာချုပ်သစ် ကိစ္စအားဆွေးနွေးလာခြင်းမရှိသေးပါဘူး။

အဂူရိုဟာယခုရာသီမှာဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရမှုနဲ့အတူသုံးပွဲတည်းသာပွဲထွက်နိုင်ပြီးခြောက်ပွဲကိုအရန်အ ဖြစ်ကစားထားပါတယ်။

ဒါပေမယ့်ဂွါဒီယိုလာဟာမနက်ဖြန်ဘာမင်ဂမ်နှင့်ကစားရမယ့်ပွဲစဉ်မှာအဂူရိုကိုပွဲထွက်ကစားစေရန်စီစဉ်ထားပါတယ်။

အသက်၄၉နှစ်ရှိဂွါဒီယိုလာက “ဒီရာသီရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်တဲ့ကစားသမားတိုင်းအတွက်ဘာမဆိုဖြစ်နိုင် တုန်းပါ။စာချုပ်ရှိတဲ့ကစားသမားရော စာချုပ်ကုန်ခါးနီးကစားရော ထွက်ခွာချင်တဲ့ကစားသမားတွေအတွက်ရော ဘာမဆိုဖြစ်လာနိုင်တုန်းပါ။ နည်းပြမှာလည်း ကိုယ့်နေရာတည်မြဲရေးလုပ်ရပါတယ်။မဟုတ်ရင်အထုတ်ခံရပါမယ်။ ဆာဂျီယိုနဲ့ပတ်သက်ပြီးပြောရရင်သူ့ကိုဘယ်လောက်အထိကျွန်တော်လိုအပ်နေတယ်ဆိုတာသူသိပါတယ်။သူက ပြိုင်ဘက်ကင်းပါ။ဒါပေမယ့်ဆိုးရွားတဲ့ဒဏ်ရာရပြီးခက်ခဲတဲ့ကာလကျော်ဖြတ်ခဲ့ရတယ်။အရေးအကြီးဆုံးစိတ်အား ထက်သန်နေမှုရှိဖို့ပါ။အခုအရင်ကတောင်ကောင်းနေပါသေးတယ်။သူကဒီအုပ်စုမှာအရေးပါတဲ့သူတစ်ဦးပါ။အားလုံး ရဲ့ချစ်ခင်မှုရတယ်။သူကလည်းအကောင်းမြင်တယ်။အကောင်းတွေးတယ်။ရာသီကောင်းတစ်ခုဖြစ်အောင်လုပ်မယ်၊ ဂိုးတွေအများကြီးသွင်းမယ်လို့ဘဲအမြဲပြောတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

စာခ်ဳပ္သစ္ခ်ဳပ္ဆိုခြင့္ရရန္ အစြမ္းျပရမည္ဟု အဂူ႐ိုကို ဂြါဒီယိုလာ ေျပာၾကား

ဆာဂ်ီယိုအဂူ႐ိုအေနျဖင့္မန္စီးတီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္တနဂၤေႏြေန႔တြင္ဘာမင္ဂမ္ႏွင့္ကစားရမယ့္ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္တြင္စတင္ႀကိဳးပမ္းလာရေတာ့မွာျဖစ္ပါတယ္။

မန္စီးတီးအတြက္၂၅၆ဂိုးသြင္းယူကာကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့အဂူ႐ိုဟာ မန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္း၆လမွ်သာက်န္ေတာ့ၿပီျဖစ္ၿပီးအျခားကလပ္မ်ားႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ ရွိေနသူလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးကမန္စီးတီးတြင္ဆက္ကစားလိုေနေသာ္လည္းကလပ္ဘက္ကယခုတိုင္စာခ်ဳပ္သစ္ ကိစၥအားေဆြးေႏြးလာျခင္းမရွိေသးပါဘူး။

အဂူ႐ိုဟာယခုရာသီမွာဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရမႈနဲ႔အတူသုံးပြဲတည္းသာပြဲထြက္ႏိုင္ၿပီးေျခာက္ပြဲကိုအရန္အ ျဖစ္ကစားထားပါတယ္။

ဒါေပမယ့္ဂြါဒီယိုလာဟာမနက္ျဖန္ဘာမင္ဂမ္ႏွင့္ကစားရမယ့္ပြဲစဥ္မွာအဂူ႐ိုကိုပြဲထြက္ကစားေစရန္စီစဥ္ထားပါတယ္။

အသက္၄၉ႏွစ္ရွိဂြါဒီယိုလာက “ဒီရာသီရဲ႕အစိတ္အပိုင္းအျဖစ္ပါဝင္တဲ့ကစားသမားတိုင္းအတြက္ဘာမဆိုျဖစ္ႏိုင္ တုန္းပါ။စာခ်ဳပ္ရွိတဲ့ကစားသမားေရာ စာခ်ဳပ္ကုန္ခါးနီးကစားေရာ ထြက္ခြာခ်င္တဲ့ကစားသမားေတြအတြက္ေရာ ဘာမဆိုျဖစ္လာႏိုင္တုန္းပါ။ နည္းျပမွာလည္း ကိုယ့္ေနရာတည္ၿမဲေရးလုပ္ရပါတယ္။မဟုတ္ရင္အထုတ္ခံရပါမယ္။ ဆာဂ်ီယိုနဲ႔ပတ္သက္ၿပီးေျပာရရင္သူ႔ကိုဘယ္ေလာက္အထိကြၽန္ေတာ္လိုအပ္ေနတယ္ဆိုတာသူသိပါတယ္။သူက ၿပိဳင္ဘက္ကင္းပါ။ဒါေပမယ့္ဆိုး႐ြားတဲ့ဒဏ္ရာရၿပီးခက္ခဲတဲ့ကာလေက်ာ္ျဖတ္ခဲ့ရတယ္။အေရးအႀကီးဆုံးစိတ္အား ထက္သန္ေနမႈရွိဖို႔ပါ။အခုအရင္ကေတာင္ေကာင္းေနပါေသးတယ္။သူကဒီအုပ္စုမွာအေရးပါတဲ့သူတစ္ဦးပါ။အားလုံး ရဲ႕ခ်စ္ခင္မႈရတယ္။သူကလည္းအေကာင္းျမင္တယ္။အေကာင္းေတြးတယ္။ရာသီေကာင္းတစ္ခုျဖစ္ေအာင္လုပ္မယ္၊ ဂိုးေတြအမ်ားႀကီးသြင္းမယ္လို႔ဘဲအၿမဲေျပာတယ္”လို႔ေျပာၾကားသြားပါတယ္။