စာချုပ်သစ်ချုပ်ဆိုထားတဲ့ ဂီရောက်ကို ချဲလ်ဆီးက ကတိတစ်ခုပေးထား

ချဲလ်ဆီးဟာဝါရင့်တိုက်စစ်မှူးအိုလီဗီရာဂီရောက်ကိုစာချုပ်သက်တမ်းတိုးချုပ်ဆိုထားပြီးဖြစ်ပါတယ်။ဒါပေမယ့်လည်းပြင်သစ်တိုက်စစ်မှူးရဲ့အေးဂျင့်ကဂီရောက်အနေဖြင့်နိုင်ငံခြားကလပ်များရဲ့ကမ်းလှမ်းမှုရရှိပါကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်သည်ဟုကတိပေးထားကြောင်းဖွင့်ဟလာပါတယ်။

ချဲလ်ဆီးဟာအသက်၃၄နှစ်ရှိတိုက်စစ်မှူးအားစာချုပ်ပါအချက်အတိုင်းစတမ်းဖို့ဒ်ဘရစ်ချ်တွင်၂၀၂၂ခုနှစ်အထိရှိနေမယ့်စာချုပ်အားချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်ဂီရောက်အနေဖြင့်နိုင်ငံခြားကလပ်သို့သာပြောင်းမယ်ဆိုပါကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့နိုင်ပါတယ်။

La Gazzetta dello Sport ရဲ့ဖော်ပြချက်အရအေစီမီလန်ကအာဆင်နယ်တိုက်စစ်မှူးအားတစ်နှစ်လုပ်ခယူရို၄သန်းတန်၂နှစ်စာချုပ်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။ဒါကြောင့်ပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားဆွတ်ခူးထားတဲ့ဂီရောက်အနေဖြင့်အီတလီသို့သွားရောက်ကစားလိုပါကမီလန်ရဲ့ကမ်းလှမ်းမှုကိုလက်ခံရုံဖြင့်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းနိုင်ပါမယ်။

အေစီမီလန်ဟာချဲလ်ဆီးနောက်ခံလူဖီကာယိုတိုမိုရီကိုလည်းအပြီးသတ်ခေါ်ယူရန်ဆွေးနွေးနေပါတယ်။

ZawGyi

စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့ ဂီေရာက္ကို ခ်ဲလ္ဆီးက ကတိတစ္ခုေပးထား

ခ်ဲလ္ဆီးဟာဝါရင့္တိုက္စစ္မႉးအိုလီဗီရာဂီေရာက္ကိုစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုထားၿပီးျဖစ္ပါတယ္။ဒါေပမယ့္လည္းျပင္သစ္တိုက္စစ္မႉးရဲ႕ေအးဂ်င့္ကဂီေရာက္အေနျဖင့္ႏိုင္ငံျခားကလပ္မ်ားရဲ႕ကမ္းလွမ္းမႈရရွိပါကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္သည္ဟုကတိေပးထားေၾကာင္းဖြင့္ဟလာပါတယ္။

ခ်ဲလ္ဆီးဟာအသက္၃၄ႏွစ္ရွိတိုက္စစ္မႉးအားစာခ်ဳပ္ပါအခ်က္အတိုင္းစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္၂၀၂၂ခုႏွစ္အထိရွိေနမယ့္စာခ်ဳပ္အားခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ပါတယ္။

ဒါေပမယ့္ဂီေရာက္အေနျဖင့္ႏိုင္ငံျခားကလပ္သို႔သာေျပာင္းမယ္ဆိုပါကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ႏိုင္ပါတယ္။

La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရေအစီမီလန္ကအာဆင္နယ္တိုက္စစ္မႉးအားတစ္ႏွစ္လုပ္ခယူ႐ို၄သန္းတန္၂ႏွစ္စာခ်ဳပ္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။ဒါေၾကာင့္ျပင္သစ္ႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားဆြတ္ခူးထားတဲ့ဂီေရာက္အေနျဖင့္အီတလီသို႔သြားေရာက္ကစားလိုပါကမီလန္ရဲ႕ကမ္းလွမ္းမႈကိုလက္ခံ႐ုံျဖင့္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းႏိုင္ပါမယ္။

ေအစီမီလန္ဟာခ်ဲလ္ဆီးေနာက္ခံလူဖီကာယိုတိုမိုရီကိုလည္းအၿပီးသတ္ေခၚယူရန္ေဆြးေႏြးေနပါတယ္။