
ကီဗင်ပရင့်စ်ဘိုတန်းဟာဂျာမန်ကလပ်ဟာသာဘာလင်နှင့်၂၀၂၃ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက်ဟာသာဘာလင်ပရိသတ်များကို Kebabs ၂၀၂၃ ခုအခမဲ့မျှဝေပေးသွားပါမယ်။
ကွင်းလယ်ကစားသမားဟာဟာသာဘာလင်နှင့်၂၀၂၃ခုနှစ်အထိတစ်နှစ်စာချုပ်သစ်ချုပ်ဆိုကြောင်းကြေညာမှုတွင် Kebabs ကိုင်ကာပရိသတ်များကို Kebabs အခမဲ့မျှဝေပေးသွားမယ်လို့ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။
အသက်၃၅နှစ်ရှိဂါနာလက်ရွေးစင်ဟောင်းဟာဘာလင်ရှိ ဝက်ဒင်းမှ နာမည်ကျော်စားသောက်ဆိုင် Hakiki kiosk နှင့်ပူးပေါင်းကာလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။
သူဟာဟာသာဘာလင်ပရိသတ် ၂၀၂၃ ဦးတို့ကို Hakiki kioskတစ်ခုစီအခမဲ့မျှဝေပေးသွားမယ့်အပြင်ယင်းပရိသတ်များနှင့်လူချင်းတွေ့ဆုံမှုပြုလုပ်သွားပါမယ်။
ယင်းတွေ့ဆုံမှုကို ဖရန့်ဖတ်နှင့်ရင်ဆိုင်ကစားရမယ့်ဘွန်ဒက်စ်လီဂါအဖွင့်ပွဲမတိုင်မီပြုလုပ်သွားပါမယ်။
ဘိုတန်းဟာအီတလီကလပ်မွန်ဇာတွင်ကာလတိုကစားပြီးနောက်ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကဟာသာဘာလင်သို့ရောက်လာခဲ့သူဖြစ်ပြီး၂၁ပွဲကစားပေးခဲ့ပါတယ်။
ZawGyi
စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးေနာက္ ဟာသာဘာလင္ပရိသတ္မ်ားအတြက္ Kebabs မ်ား အခမဲ့ေကြၽးေမြးလာမဲ့ ဘိုတန္
ကီဗင္ပရင့္စ္ဘိုတန္းဟာဂ်ာမန္ကလပ္ဟာသာဘာလင္ႏွင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္ဟာသာဘာလင္ပရိသတ္မ်ားကို Kebabs ၂၀၂၃ ခုအခမဲ့မွ်ေဝေပးသြားပါမယ္။
ကြင္းလယ္ကစားသမားဟာဟာသာဘာလင္ႏွင့္၂၀၂၃ခုႏွစ္အထိတစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေၾကာင္းေၾကညာမႈတြင္ Kebabs ကိုင္ကာပရိသတ္မ်ားကို Kebabs အခမဲ့မွ်ေဝေပးသြားမယ္လို႔ကတိျပဳခဲ့တာလည္းျဖစ္ပါတယ္။
အသက္၃၅ႏွစ္ရွိဂါနာလက္ေ႐ြးစင္ေဟာင္းဟာဘာလင္ရွိ ဝက္ဒင္းမွ နာမည္ေက်ာ္စားေသာက္ဆိုင္ Hakiki kiosk ႏွင့္ပူးေပါင္းကာလုပ္ေဆာင္သြားမွာလည္းျဖစ္ပါတယ္။
သူဟာဟာသာဘာလင္ပရိသတ္ ၂၀၂၃ ဦးတို႔ကို Hakiki kioskတစ္ခုစီအခမဲ့မွ်ေဝေပးသြားမယ့္အျပင္ယင္းပရိသတ္မ်ားႏွင့္လူခ်င္းေတြ႕ဆုံမႈျပဳလုပ္သြားပါမယ္။
ယင္းေတြ႕ဆုံမႈကို ဖရန႔္ဖတ္ႏွင့္ရင္ဆိုင္ကစားရမယ့္ဘြန္ဒက္စ္လီဂါအဖြင့္ပြဲမတိုင္မီျပဳလုပ္သြားပါမယ္။
ဘိုတန္းဟာအီတလီကလပ္မြန္ဇာတြင္ကာလတိုကစားၿပီးေနာက္ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကဟာသာဘာလင္သို႔ေရာက္လာခဲ့သူျဖစ္ၿပီး၂၁ပြဲကစားေပးခဲ့ပါတယ္။