စာချုပ်သစ်ချုပ်ဆိုရန် ဆက်ငြင်းနေလျှင် ဇန်နဝါရီတွင် လင်ဂတ်ကို ရောင်းထုတ်သွားတော့မယ့် သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာစာချုပ်သစ်ချုပ်ဆိုရန်ဆက်လက်ငြင်းဆိုနေလျှင်ဂျက်စီလင်ဂတ်ကိုလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပေါင်၁၅သန်းဖြင့်ရောင်းချသွားရန်စဉ်းစားနေကြောင်းသိရပါတယ်။

အင်္ဂလန်လက်ရွေးစင်စတားဟာယခုရာသီတွင်မန်ယူပွဲထွက်လူစာရင်းတွင်ပါဝင်ခွင့်ရရှိရန်ရုန်းကန်နေရသူဖြစ်ပါတယ်။သူဟာအရန်ခုံမှထလာကာဝက်စ်ဟမ်းနှင့်ပွဲတွင်အနိုင်ဂိုးသွင်းခဲ့သလိုဗီလာရီးရဲလ်နှင့်ပွဲတွင်လည်းရော်နယ်ဒိုအနိုင်ဂိုးသွင်းနိုင်အောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သက်တမ်းတိုးရန်ဆွေးနွေးလာခဲ့ကြပါတယ်။

လင်ဂတ်ဟာလုပ်ခတိုးမြှင့်ကာတစ်ပတ်လုပ်ခပေါင်၁၃၅၀၀၀ဖြင့်စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရသော်လည်းမန်ယူကစားခွင့်ရရှိရန်ရုန်းကန်နေရမှုကြောင့်စာချုပ်သစ်ချုပ်ဆိုရေးလက်တွန့်နေပါတယ်။

မန်ယူဟာရာသီအကုန်တွင်လင်ဂတ်ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်မလွှတ်လိုမှုနဲ့အတူခရစ္စမတ်မတိုင်မီစာချုပ်သစ်မချုပ်ဆိုလျှင်ဇန်နဝါရီတွင်ပင်ရောင်းချသွားတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်လင်ဂတ်ကိုခေါ်ယူရန်ပိုင်ရှင်သစ်လက်အောက်သို့ရောက်သွားတဲ့ နယူးကာဆယ်ကထိပ်ဆုံးရေပန်းစားနေပါတယ်။

ZawGyi

စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ဆက္ျငင္းေနလွ်င္ ဇန္နဝါရီတြင္ လင္ဂတ္ကို ေရာင္းထုတ္သြားေတာ့မယ့္ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ဆက္လက္ျငင္းဆိုေနလွ်င္ဂ်က္စီလင္ဂတ္ကိုလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေပါင္၁၅သန္းျဖင့္ေရာင္းခ်သြားရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္စတားဟာယခုရာသီတြင္မန္ယူပြဲထြက္လူစာရင္းတြင္ပါဝင္ခြင့္ရရွိရန္႐ုန္းကန္ေနရသူျဖစ္ပါတယ္။သူဟာအရန္ခုံမွထလာကာဝက္စ္ဟမ္းႏွင့္ပြဲတြင္အႏိုင္ဂိုးသြင္းခဲ့သလိုဗီလာရီးရဲလ္ႏွင့္ပြဲတြင္လည္းေရာ္နယ္ဒိုအႏိုင္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သက္တမ္းတိုးရန္ေဆြးေႏြးလာခဲ့ၾကပါတယ္။

လင္ဂတ္ဟာလုပ္ခတိုးျမႇင့္ကာတစ္ပတ္လုပ္ခေပါင္၁၃၅၀၀၀ျဖင့္စာခ်ဳပ္သစ္ကမ္းလွမ္းျခင္းခံထားရေသာ္လည္းမန္ယူကစားခြင့္ရရွိရန္႐ုန္းကန္ေနရမႈေၾကာင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးလက္တြန႔္ေနပါတယ္။

မန္ယူဟာရာသီအကုန္တြင္လင္ဂတ္ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္မလႊတ္လိုမႈနဲ႔အတူခရစၥမတ္မတိုင္မီစာခ်ဳပ္သစ္မခ်ဳပ္ဆိုလွ်င္ဇန္နဝါရီတြင္ပင္ေရာင္းခ်သြားေတာ့မွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္လင္ဂတ္ကိုေခၚယူရန္ပိုင္ရွင္သစ္လက္ေအာက္သို႔ေရာက္သြားတဲ့ နယူးကာဆယ္ကထိပ္ဆုံးေရပန္းစားေနပါတယ္။