စာချုပ်သစ်ချုပ်ရန် ခက်နေတဲ့ ရူဒီဂါကို ဇန်နဝါရီတွင် ရောင်းပြီး ခွန်ဒဲအတွက် ငွေရှာဖို့ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှ့ဈေးကွက်မှာအန်တိုနီယိုရူဒီဂါကိုရောင်းချပြီးဂျူးခွန်ဒဲအတွက်ငွေ‌ရှာရန်လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

ဂျာမနီလက်ရွေးစင်နောက်ခံလူဟာဘိုင်ယန်မြူးနစ်၊ရီးရဲလ်မက်ဒရစ်တို့ရဲ့စောင့်ကြည့်ခြင်းခံနေရသူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိရူဒီဂါဟာသောမတ်စ်တူချယ်ရဲ့လက်အောက်မှာအကောင်းဆုံးပုံစံပြန်လည်ရရှိကာချန်ပီယံလိဂ်ဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဗဟိုနောက်ခံလူဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးချဲလ်ဆီးဟာယခုတိုင်စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိမှုအပေါ် စိတ်မရှည်နိုင်အောင်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချဲလ်ဆီးအတွက်၃၄ပွဲကစားခဲ့တဲ့ရူဒီဂါဟာစာချုပ်သစ်အတွက်လုပ်ခတိုးမြှင့်တောင်းဆိုနေတာလည်းဖြစ်ပါတယ်။သူဟာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀အထိရရှိနေလိုပြီးချဲလ်ဆီးကပေါင်၁၄၀၀၀၀ဖြင့်သာကမ်းလှမ်းထားပါတယ်။

ချဲလ်ဆီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင်သူ့ကိုရောင်းချပြီးလာမယ့်နှစ်နွေရာသီတွင်ဆီဗီလာနောက်ခံလူဂျူးခွန်ဒဲအားခေါ်ယူရေးကမ်းလှမ်းရန်ငွေရှာသွားဖို့ရှိနေပါတယ်။ချဲလ်ဆီးဟာနွေရာသီတုန်းကခွန်ဒဲအားကမ်းလှမ်းခဲ့ပေမယ့်ဆီဗီလာလိုချင်တဲ့ပမာဏမပေးနိုင်မှုကြောင့်မအောင်မြင်ခဲ့တာပါ။

ZawGyi

စာခ်ဳပ္သစ္ခ်ဳပ္ရန္ ခက္ေနတဲ့ ႐ူဒီဂါကို ဇန္နဝါရီတြင္ ေရာင္းၿပီး ခြန္ဒဲအတြက္ ေငြရွာဖို႔ရွိေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအ႐ႊ႕ေဈးကြက္မွာအန္တိုနီယို႐ူဒီဂါကိုေရာင္းခ်ၿပီးဂ်ဴးခြန္ဒဲအတြက္ေငြ‌ရွာရန္လုပ္ေဆာင္သြားဖို႔ရွိေနပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူဟာဘိုင္ယန္ျမဴးနစ္၊ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ေစာင့္ၾကည့္ျခင္းခံေနရသူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိ႐ူဒီဂါဟာေသာမတ္စ္တူခ်ယ္ရဲ႕လက္ေအာက္မွာအေကာင္းဆုံးပုံစံျပန္လည္ရရွိကာခ်န္ပီယံလိဂ္ဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးခ်ဲလ္ဆီးဟာယခုတိုင္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိမႈအေပၚ စိတ္မရွည္ႏိုင္ေအာင္ျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်ဲလ္ဆီးအတြက္၃၄ပြဲကစားခဲ့တဲ့႐ူဒီဂါဟာစာခ်ဳပ္သစ္အတြက္လုပ္ခတိုးျမႇင့္ေတာင္းဆိုေနတာလည္းျဖစ္ပါတယ္။သူဟာတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀အထိရရွိေနလိုၿပီးခ်ဲလ္ဆီးကေပါင္၁၄၀၀၀၀ျဖင့္သာကမ္းလွမ္းထားပါတယ္။

ခ်ဲလ္ဆီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္သူ႔ကိုေရာင္းခ်ၿပီးလာမယ့္ႏွစ္ေႏြရာသီတြင္ဆီဗီလာေနာက္ခံလူဂ်ဴးခြန္ဒဲအားေခၚယူေရးကမ္းလွမ္းရန္ေငြရွာသြားဖို႔ရွိေနပါတယ္။ခ်ဲလ္ဆီးဟာေႏြရာသီတုန္းကခြန္ဒဲအားကမ္းလွမ္းခဲ့ေပမယ့္ဆီဗီလာလိုခ်င္တဲ့ပမာဏမေပးႏိုင္မႈေၾကာင့္မေအာင္ျမင္ခဲ့တာပါ။