စာချုပ်သစ်တွင် ပိတ်ပင်ထားတဲ့အချက်ကို ထည့်သွင်းပေးရန် ပီအက်စ်ဂျီကို ဘက်ပေး တောင်းဆိုထား

ကီလီယန်ဘက်ပေးဟာရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့နိုင်မယ့်အချက်အားစာချုပ်သစ်တွင်ထည့်သွင်းပေးရန်ပီအက်စ်ဂျီအားတောင်းဆိုထားကြောင်းသိရပါတယ်။

အသက်၂၂နှစ်ရှိပြင်သစ်စူပါစတားဟာပီအက်စ်ဂျီအသင်းနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်ရှိတော့ပြီဖြစ်ပါတယ်။သူ့ကိုရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးတို့ကခေါ်ယူရန်ထိပ်ဆုံးမှစိတ်ဝင်စားနေပါတယ်။

Marca ရဲ့ဖော်ပြချက်အရပီအက်စ်ဂျီဘက်ကသာစာချုပ်အတွင်းတွင်မည်သည့်အချိန်တွင်မှအသင်းမှထွက်ခွာနိုင်တဲ့အချက်အားထည့်သွင်းပါကစာချုပ်သစ်ချုပ်ဆိုရန်အသင့်ရှိကြောင်းကီလီယန်ဘက်ပေးကအကြောင်းကြားထားကြောင်းသိရပါတယ်။

ပြင်သစ်လီဂူး၁တွင်ကစားသမားရဲ့စာချုပ်အတွင်းတွင်အသင်းမှထွက်ခွာနိုင်တဲ့အချက်အားထည့်သွင်းနိုင်မှုအားပိတ်ပင်ထားပါတယ်။

ဒါကြောင့်ဘက်ပေးအနေဖြင့်ပီအက်စ်ဂျီမှထွက်ခွာနိုင်တဲ့အချက်ကိုစာချုပ်အတွင်းတွင်တရားဝင်ထည့်သွင်းနိုင်ခြင်းမရှိပါဘူး။ဒါပေမယ့်ဘက်ပေးကပီအက်စ်ဂျီအသင်းတာဝန်ရှိသူများထံမှအထက်ပါကတိအားတောင်းဆိုထားတာပါ။

ပီအက်စ်ဂျီဟာတစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ဘက်ပေးကိုစာချုပ်သစ်ချုပ်ဆိုရေးအပြင်းအထန်ကြိုးပမ်းနေပြီးကစားသမားဘက်ကသာမချုပ်ပါကအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရနိုင်တာကြောင့်ယခုနွေတွင်ပင်ရောင်းချဖို့ရှိပါတယ်။

တစ်ဖက်တွင်ပီအက်စ်ဂျီဥက္ကဌကိုယ်တိုင်မှာလည်းဘက်ပေးအားစာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်ကိုယ်တိုင်ဆွေးနွေးမှုပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

ZawGyi

စာခ်ဳပ္သစ္တြင္ ပိတ္ပင္ထားတဲ့အခ်က္ကို ထည့္သြင္းေပးရန္ ပီအက္စ္ဂ်ီကို ဘက္ေပး ေတာင္းဆိုထား

ကီလီယန္ဘက္ေပးဟာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ႏိုင္မယ့္အခ်က္အားစာခ်ဳပ္သစ္တြင္ထည့္သြင္းေပးရန္ပီအက္စ္ဂ်ီအားေတာင္းဆိုထားေၾကာင္းသိရပါတယ္။

အသက္၂၂ႏွစ္ရွိျပင္သစ္စူပါစတားဟာပီအက္စ္ဂ်ီအသင္းႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ရွိေတာ့ၿပီျဖစ္ပါတယ္။သူ႔ကိုရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးတို႔ကေခၚယူရန္ထိပ္ဆုံးမွစိတ္ဝင္စားေနပါတယ္။

Marca ရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီဘက္ကသာစာခ်ဳပ္အတြင္းတြင္မည္သည့္အခ်ိန္တြင္မွအသင္းမွထြက္ခြာႏိုင္တဲ့အခ်က္အားထည့္သြင္းပါကစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အသင့္ရွိေၾကာင္းကီလီယန္ဘက္ေပးကအေၾကာင္းၾကားထားေၾကာင္းသိရပါတယ္။

ျပင္သစ္လီဂူး၁တြင္ကစားသမားရဲ႕စာခ်ဳပ္အတြင္းတြင္အသင္းမွထြက္ခြာႏိုင္တဲ့အခ်က္အားထည့္သြင္းႏိုင္မႈအားပိတ္ပင္ထားပါတယ္။

ဒါေၾကာင့္ဘက္ေပးအေနျဖင့္ပီအက္စ္ဂ်ီမွထြက္ခြာႏိုင္တဲ့အခ်က္ကိုစာခ်ဳပ္အတြင္းတြင္တရားဝင္ထည့္သြင္းႏိုင္ျခင္းမရွိပါဘူး။ဒါေပမယ့္ဘက္ေပးကပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူမ်ားထံမွအထက္ပါကတိအားေတာင္းဆိုထားတာပါ။

ပီအက္စ္ဂ်ီဟာတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ဘက္ေပးကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအျပင္းအထန္ႀကိဳးပမ္းေနၿပီးကစားသမားဘက္ကသာမခ်ဳပ္ပါကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရႏိုင္တာေၾကာင့္ယခုေႏြတြင္ပင္ေရာင္းခ်ဖို႔ရွိပါတယ္။

တစ္ဖက္တြင္ပီအက္စ္ဂ်ီဥကၠဌကိုယ္တိုင္မွာလည္းဘက္ေပးအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္ကိုယ္တိုင္ေဆြးေႏြးမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။