စာချုပ်သစ်မချုပ်လျှင် တစ်နှစ်လုံး ဘက်ပေးကို အရန်ခုံမှာ ထိုင်ခိုင်းထားမယ့် ပီအက်စ်ဂျီ

အဲရစ်ဒီမီကိုကပီအက်စ်ဂျီအနေဖြင့်ကီလီယန်ဘက်ပေးသာအသင်းကကမ်းလှမ်းတဲ့စာချုပ်သစ်အားမချုပ်ဆိုလျှင်တစ်နှစ်လုံးအရန်ခုံတွင်ထိုင်ခိုင်းထားသင့်ကြောင်းပြောကြားလာပါတယ်။

အသက်၂၂နှစ်ရှိပြင်သစ်စူပါစတားဟာမိုနာကိုမှပေါင််၁၆၅.၇သန်းဖြင့်ပြောင်းလာပြီးနောက်ပီအက်စ်ဂျီတွင်အဓိကကစားသမားအဖြစ်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ဘက်ပေးဟာ၂၀၂၂ခုနှစ်၊ဇွန်လတွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာအနာဂတ်မရေမရာဖြစ်လျက်ရှိပါတယ်။

ပြင်သစ်စတားဟာယခုနွေရာသီအပြောင်းအရွှေ့မှာရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။

ဒါပေမယ့်အသက်၅၇နှစ်ရှိပြင်သစ်လက်ရွေးစင်ဟောင်းကပီအက်စ်ဂျီအနေဖြင့်ဘက်ပေးဘက်ကသာစာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုပါကစာချုပ်သက်တမ်းကုန်ဆုံးအထိအရန်ခုံတွင်ထိုင်ခိုင်းထားသင့်ကြောင်းဆိုသွားပါတယ်။

၎င်းက “ဒီဇာတ်လမ်းရဲ့အဓိကပြဿနာကသူ့စာချုပ်သက်တမ်းကနောက်ဆုံးနှစ်သို့ရောက်နေလို့ဖြစ်ပါတယ်။ဒီတော့သူ့မှာလုပ်ပိုင်ခွင့်ကရှိနေပါတယ်။ပီအက်စ်ဂျီမှာရှိနေတဲ့အချိန်မှာမင်းဘာလုပ်နိုင်မလဲ။ဒါပေမယ့်ပီအက်စ်ဂျီမှာသူ့ဘက်ကဆက်မကစားချင်ဘူးဆိုရင်တစ်နှစ်လုံးအရန်ခုံမှာထိုင်ခိုင်းထားခွင့်ရှိပါတယ်”လို့ပြောကြားသွားပါတယ်။

ပီအက်စ်ဂျီအနေဖြင့်ဘက်ပေးဘက်သာစာချုပ်မချုပ်ဆိုဘဲတစ်နှစ်လုံးအရန်ခုံတွင်ထိုင်ခိုင်းထားပါကလည်းလာမယ့်နှစ်နွေမှာအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရပါမယ်။ယင်းသို့အနေအထားကြောင့်ပီအက်စ်ဂျီအနေဖြင့်ကစားသမားဘက်ကသာစာချုပ်သစ်မချုပ်ဆိုလျှင်ယခုနွေရာသီတွင်အမြင့်ဆုံးဈေးဖြင့်ရောင်းချမှုကသာအသင်းအတွက်အကျိုးအရှိဆုံးဖြစ်နေပါတယ်။

ကီလီယန်ဘက်ပေးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်မှာ၄၇ပွဲကစားခဲ့ရာမှာ၄၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

စာခ်ဳပ္သစ္မခ်ဳပ္လွ်င္ တစ္ႏွစ္လုံး ဘက္ေပးကို အရန္ခုံမွာ ထိုင္ခိုင္းထားမယ့္ ပီအက္စ္ဂ်ီ

အဲရစ္ဒီမီကိုကပီအက္စ္ဂ်ီအေနျဖင့္ကီလီယန္ဘက္ေပးသာအသင္းကကမ္းလွမ္းတဲ့စာခ်ဳပ္သစ္အားမခ်ဳပ္ဆိုလွ်င္တစ္ႏွစ္လုံးအရန္ခုံတြင္ထိုင္ခိုင္းထားသင့္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၂ႏွစ္ရွိျပင္သစ္စူပါစတားဟာမိုနာကိုမွေပါင္္၁၆၅.၇သန္းျဖင့္ေျပာင္းလာၿပီးေနာက္ပီအက္စ္ဂ်ီတြင္အဓိကကစားသမားအျဖစ္ကစားလာခဲ့သူလည္းျဖစ္ပါတယ္။

ဘက္ေပးဟာ၂၀၂၂ခုႏွစ္၊ဇြန္လတြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ရာအနာဂတ္မေရမရာျဖစ္လ်က္ရွိပါတယ္။

ျပင္သစ္စတားဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚေနပါတယ္။

ဒါေပမယ့္အသက္၅၇ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ေဟာင္းကပီအက္စ္ဂ်ီအေနျဖင့္ဘက္ေပးဘက္ကသာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုပါကစာခ်ဳပ္သက္တမ္းကုန္ဆုံးအထိအရန္ခုံတြင္ထိုင္ခိုင္းထားသင့္ေၾကာင္းဆိုသြားပါတယ္။

၎က “ဒီဇာတ္လမ္းရဲ႕အဓိကျပႆနာကသူ႔စာခ်ဳပ္သက္တမ္းကေနာက္ဆုံးႏွစ္သို႔ေရာက္ေနလို႔ျဖစ္ပါတယ္။ဒီေတာ့သူ႔မွာလုပ္ပိုင္ခြင့္ကရွိေနပါတယ္။ပီအက္စ္ဂ်ီမွာရွိေနတဲ့အခ်ိန္မွာမင္းဘာလုပ္ႏိုင္မလဲ။ဒါေပမယ့္ပီအက္စ္ဂ်ီမွာသူ႔ဘက္ကဆက္မကစားခ်င္ဘူးဆိုရင္တစ္ႏွစ္လုံးအရန္ခုံမွာထိုင္ခိုင္းထားခြင့္ရွိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ပီအက္စ္ဂ်ီအေနျဖင့္ဘက္ေပးဘက္သာစာခ်ဳပ္မခ်ဳပ္ဆိုဘဲတစ္ႏွစ္လုံးအရန္ခုံတြင္ထိုင္ခိုင္းထားပါကလည္းလာမယ့္ႏွစ္ေႏြမွာအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရပါမယ္။ယင္းသို႔အေနအထားေၾကာင့္ပီအက္စ္ဂ်ီအေနျဖင့္ကစားသမားဘက္ကသာစာခ်ဳပ္သစ္မခ်ဳပ္ဆိုလွ်င္ယခုေႏြရာသီတြင္အျမင့္ဆုံးေဈးျဖင့္ေရာင္းခ်မႈကသာအသင္းအတြက္အက်ိဳးအရွိဆုံးျဖစ္ေနပါတယ္။

ကီလီယန္ဘက္ေပးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္မွာ၄၇ပြဲကစားခဲ့ရာမွာ၄၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။