စာချုပ်သစ်အတွက် ပီအက်စ်ဂျီက ငွေဘယ်လောက်ပဲ ပေးလာပါစေ ထွက်ခွာသွားမယ့် ဘက်ပေး

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရကိုင်လီယန်ဘက်ပေးဟာပီအက်စ်ဂျီဘက်ကမြင့်မားတဲ့လုပ်ခနှင့်အကျိုးခံစားခွင့်ပါဝင်တဲ့စာချုပ်သစ်များဘယ်လောက်ပင် ကမ်းလှမ်းလာပါစေ ပယ်ချကာလာမယ့်နွေရာသီတွင်ထွက်ခွာရန်ဆုံးဖြတ်ထားကြောင်းသိရပါတယ်။

ပြင်သစ်ရှေ့တန်းတိုက်စစ်သမားဟာပြီးခဲ့တဲ့နွေရာသီတုန်းကရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပေမယ့်ပီအက်စ်ဂျီရဲ့ပယ်ချမှုကြောင့်အသင်းပြောင်းခွင့်မရခဲ့သူလည်းဖြစ်ပါတယ်။

သူဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီတွင်ရီးရဲလ်မက်ဒရစ်နှင့်အကြိုစာချုပ်ချုပ်ဆိုသွားဖို့ရှိနေပါတယ်။

တစ်ဖက်တွင်ပီအက်စ်ဂျီကလည်းကိုင်လီယန်ဘက်ပေးအားအသင်းတွင်ဆက်နေရေးအတွက်ငွေကြေးများစွာဖြင့်ဆွဲဆောင်နိုင်လိမ့်မယ်ယုံကြည်နေပါတယ်။

ဒါပေမယ့်ဘက်ပေးကတော့စိတ်အပြောင်းအလဲပြန်ဖြစ်လာတော့မှာမဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီတွင်ပီအက်စ်ဂျီမှထွက်ခွာရန်သေချာနေကြောင်း စပိန်ထိပ်သီးသတင်းစာ AS ကဖော်ပြလာပါတယ်။

ZawGyi

စာခ်ဳပ္သစ္အတြက္ ပီအက္စ္ဂ်ီက ေငြဘယ္ေလာက္ပဲ ေပးလာပါေစ ထြက္ခြာသြားမယ့္ ဘက္ေပး

စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရကိုင္လီယန္ဘက္ေပးဟာပီအက္စ္ဂ်ီဘက္ကျမင့္မားတဲ့လုပ္ခႏွင့္အက်ိဳးခံစားခြင့္ပါဝင္တဲ့စာခ်ဳပ္သစ္မ်ားဘယ္ေလာက္ပင္ ကမ္းလွမ္းလာပါေစ ပယ္ခ်ကာလာမယ့္ေႏြရာသီတြင္ထြက္ခြာရန္ဆုံးျဖတ္ထားေၾကာင္းသိရပါတယ္။

ျပင္သစ္ေရွ႕တန္းတိုက္စစ္သမားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္ရဲ႕ကမ္းလွမ္းမႈႏွစ္ႀကိမ္တိုင္တိုင္ရရွိခဲ့ေပမယ့္ပီအက္စ္ဂ်ီရဲ႕ပယ္ခ်မႈေၾကာင့္အသင္းေျပာင္းခြင့္မရခဲ့သူလည္းျဖစ္ပါတယ္။

သူဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးလာမယ့္ဇန္နဝါရီတြင္ရီးရဲလ္မက္ဒရစ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနပါတယ္။

တစ္ဖက္တြင္ပီအက္စ္ဂ်ီကလည္းကိုင္လီယန္ဘက္ေပးအားအသင္းတြင္ဆက္ေနေရးအတြက္ေငြေၾကးမ်ားစြာျဖင့္ဆြဲေဆာင္ႏိုင္လိမ့္မယ္ယုံၾကည္ေနပါတယ္။

ဒါေပမယ့္ဘက္ေပးကေတာ့စိတ္အေျပာင္းအလဲျပန္ျဖစ္လာေတာ့မွာမဟုတ္ဘဲ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လာမယ့္ေႏြရာသီတြင္ပီအက္စ္ဂ်ီမွထြက္ခြာရန္ေသခ်ာေနေၾကာင္း စပိန္ထိပ္သီးသတင္းစာ AS ကေဖာ္ျပလာပါတယ္။