စာမျက်နှာ ၁၉ မျက်နှာပါ စာဖြင့် ခြိမ်းခြောက်မှုခံခဲ့ရတဲ့ ဖီယင်နုမှပြိုင်ဘက်အေဂျက်စ်သို့ ပြောင်းခဲ့တဲ့ဘာဟောက်စ်

ဖီယင်နုအသင်းခေါင်းဆောင်ဟောင်းစတီဗင်ဘာဟောက်စ်ဟာသူနဲ့မိသားစုဝင်များ အသေဆိုးသေပါစေကြောင်းဆုတောင်းမှုအပါအဝင်စာမျက်နှာ၁၉မျက်နှာဖြင့်စာရေးသားကာအသက်အန္တရာယ်ခြိမ်းခြောက်ခြင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့လတုန်းကနယ်သာလန်လက်ရွေးစင်ကစားသမားဟာဖီယင်နုမှမဟာပြိုင်ဘက်အေဂျက်စ်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီးယင်းအပြောင်းအရွှေ့မှာဒတ်ချ်ဘောလုံးသမိုင်းတွင်အငြင်းပွားစရာအကောင်းဆုံးအပြောင်းအရွှေ့များထဲမှတစ်ခုဖြစ်လာခဲ့ပါတယ်။

ဖီယင်နုနှင့်အေဂျက်စ်တို့မှာ Der Klassiker Derby များဖြစ်ကြပြီးယင်းကလပ်နှစ်ခုလုံးအတွက်ကစားဖူးတဲ့ကစားသမားအနည်းငယ်မျှသာရှိပါတယ်။

ဖီယင်နုပရိသတ်များဟာဘာဟောက််စ်ရဲ့အေဂျက်စ်အသင်းသို့ယူရို၄သန်းဖြင့်ပြောင်းရွှေ့သွားမှုအပေါ်အကြီးအကျယ်ဒေါသထွက်ကာသူ့ကိုသစ္စာဖောက်ဟုသတ်မှတ်ထားပြီးသူ့အင်္ကျီကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီးလည်းဖြစ်ပါတယ်။

ဘာဟောက်စ်ဟာဖီယင်နုပရိသတ်များစွာတို့ရဲ့ကျိန်စာတိုက်၊ဆဲဆိုခြိမ်းခြောက်မှုပေါင်းများစွာနှင့်ရင်ဆိုင်နေရပြီးယခုအခါရဲစခန်းသို့တိုင်ကြားလိုက်ပြီဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပင်ဘာဟောက်စ်ဟာလာမယ့်ဒီဇင်ဘာလ၁၉ရက်နေ့ သူ့ရဲ့အသက်၃၀နှစ်ပြည့်မွေးနေ့တွင်အသင်းဟောင်းဖီယင်နုနှင့်ပြန်လည်ရင်ဆိုင်ရပါမယ်။ဖီယင်နုပရိသတ်များဟာယင်းနေ့တွင်သူ့ကိုသေပါစေကြောင်းဆုတောင်းတဲ့စာလည်းပေးပို့ခဲ့ပါတယ်။

ဝက်ဖို့ဒ်တွင်ကစားခဲ့ဖူးတဲ့ဘာဟောက်စ်ဟာဖီယင်နုအတွက်၁၉၉ပွဲကစားခဲ့ရာမှာ၈၇ဂိုးသွင်းယူပြီး၆၄ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။

အသက်၂၉နှစ်ရှိနယ်သာလန်လက်ရွေးစင်ကအေဂျက်စ်အသင်းသို့ပြောင်းရွှေ့ရမှုမှာချန်ပီယံလိဂ်ကစားလိုမှုနှင့်ဆုဖလားများဆွတ်ခူးလိုမှုကြောင့်လို့အကြောင်းပြချက်ပေးထားပါတယ်။

ZawGyi

စာမ်က္ႏွာ ၁၉ မ်က္ႏွာပါ စာျဖင့္ ၿခိမ္းေျခာက္မႈခံခဲ့ရတဲ့ ဖီယင္ႏုမွၿပိဳင္ဘက္ေအဂ်က္စ္သို႔ ေျပာင္းခဲ့တဲ့ဘာေဟာက္စ္

ဖီယင္ႏုအသင္းေခါင္းေဆာင္ေဟာင္းစတီဗင္ဘာေဟာက္စ္ဟာသူနဲ႔မိသားစုဝင္မ်ား အေသဆိုးေသပါေစေၾကာင္းဆုေတာင္းမႈအပါအဝင္စာမ်က္ႏွာ၁၉မ်က္ႏွာျဖင့္စာေရးသားကာအသက္အႏၲရာယ္ၿခိမ္းေျခာက္ျခင္းခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့လတုန္းကနယ္သာလန္လက္ေ႐ြးစင္ကစားသမားဟာဖီယင္ႏုမွမဟာၿပိဳင္ဘက္ေအဂ်က္စ္အသင္းသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးယင္းအေျပာင္းအေ႐ႊ႕မွာဒတ္ခ်္ေဘာလုံးသမိုင္းတြင္အျငင္းပြားစရာအေကာင္းဆုံးအေျပာင္းအေ႐ႊ႕မ်ားထဲမွတစ္ခုျဖစ္လာခဲ့ပါတယ္။

ဖီယင္ႏုႏွင့္ေအဂ်က္စ္တို႔မွာ Der Klassiker Derby မ်ားျဖစ္ၾကၿပီးယင္းကလပ္ႏွစ္ခုလုံးအတြက္ကစားဖူးတဲ့ကစားသမားအနည္းငယ္မွ်သာရွိပါတယ္။

ဖီယင္ႏုပရိသတ္မ်ားဟာဘာေဟာက္္စ္ရဲ႕ေအဂ်က္စ္အသင္းသို႔ယူ႐ို၄သန္းျဖင့္ေျပာင္းေ႐ႊ႕သြားမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ကာသူ႔ကိုသစၥာေဖာက္ဟုသတ္မွတ္ထားၿပီးသူ႔အက်ႌကိုမီးရႈိ႕ဖ်က္ဆီးခဲ့ၾကၿပီးလည္းျဖစ္ပါတယ္။

ဘာေဟာက္စ္ဟာဖီယင္ႏုပရိသတ္မ်ားစြာတို႔ရဲ႕က်ိန္စာတိုက္၊ဆဲဆိုၿခိမ္းေျခာက္မႈေပါင္းမ်ားစြာႏွင့္ရင္ဆိုင္ေနရၿပီးယခုအခါရဲစခန္းသို႔တိုင္ၾကားလိုက္ၿပီျဖစ္ပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ပင္ဘာေဟာက္စ္ဟာလာမယ့္ဒီဇင္ဘာလ၁၉ရက္ေန႔ သူ႔ရဲ႕အသက္၃၀ႏွစ္ျပည့္ေမြးေန႔တြင္အသင္းေဟာင္းဖီယင္ႏုႏွင့္ျပန္လည္ရင္ဆိုင္ရပါမယ္။ဖီယင္ႏုပရိသတ္မ်ားဟာယင္းေန႔တြင္သူ႔ကိုေသပါေစေၾကာင္းဆုေတာင္းတဲ့စာလည္းေပးပို႔ခဲ့ပါတယ္။

ဝက္ဖို႔ဒ္တြင္ကစားခဲ့ဖူးတဲ့ဘာေဟာက္စ္ဟာဖီယင္ႏုအတြက္၁၉၉ပြဲကစားခဲ့ရာမွာ၈၇ဂိုးသြင္းယူၿပီး၆၄ႀကိမ္ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိနယ္သာလန္လက္ေ႐ြးစင္ကေအဂ်က္စ္အသင္းသို႔ေျပာင္းေ႐ႊ႕ရမႈမွာခ်န္ပီယံလိဂ္ကစားလိုမႈႏွင့္ဆုဖလားမ်ားဆြတ္ခူးလိုမႈေၾကာင့္လို႔အေၾကာင္းျပခ်က္ေပးထားပါတယ္။