စာမှားရေးမှုကြောင့် ဖီးလစ်အပြောင်းအရွှေ့ကြေညာပို့စ်ကို ဖျက်ခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာဂျိုအာဖီးလစ်အပြောင်းအရွှေ့ကြေညာပို့စ်အားစာမှားရေးသားမှုကြောင့်ဖျက်ခဲ့ရပါတယ်။

အသက်၂၃နှစ်ရှိပေါ်တူဂီစတားဟာအက်သလက်တီကိုမှချဲလ်ဆီးသို့ရာသီဝက်အငှားဖြင့်ပြောင်းခဲ့တာဖြစ်ပြီးချဲလ်ဆီးကစားသမားသစ်အဖြစ်မိတ်ဆက်ခဲ့ပါတယ်။

ဒါပေမဲ့ချဲလ်ဆီးရဲ့တွစ်တာအကောင့်မှဖီးလစ်အပြောင်းအရွှေ့ကြေညာတဲ့ပို့စ်မှအမှားကိုထောင်ပေါင်းများစွာသောပရိသတ်များမြင်တွေ့သွားပြီးနောက်ပို့စ်ကိုဖျက်ပြီးအမှားပြင်ကာပို့စ်အသစ်တင်ခဲ့ရပါတယ်။

ချဲလ်ဆီးဟာဖီးလစ်အပြောင်းအရွှေ့ကြေညာတွင် HolaFelix လို့မှားရေးခဲ့တာဖြစ်ပါတယ်။

Hola မှာစပိန်ဘာသာဖြင့် Hello ဖြစ်ပါတယ်။ဒါပေမဲ့ဖီးလစ်မှာပေါ်တူဂီကစားသမားဖြစ်ပြီးစပိန်နှင့်ဘာသာစကားချင်းလည်းမတူပါဘူး။

ချဲလ်ဆီးဟာ H ကိုဖြုတ်ပြီး Ola ဆိုပြီးတင်ရမှာလည်းဖြစ်ပါတယ်။ Ola မှာပေါ်တူဂီဘာသာဖြင့် Hello လို့အဓိပ္ပါယ်ရပါတယ်။

ချဲလ်ဆီးဟာဖီးလစ်ကိုရာသီဝက်ငှားရမ်းခပေါင်၉.၇သန်းဖြင့်ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ဖီးလစ်ဟာချဲလ်ဆီးသို့မပြောင်းမီအက်သလက်တီကိုနှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့ရပါသေးတယ်။

သူဟာချဲလ်ဆီးအသင်းတွင်ကျိန်စာသင့်ကျောနံပါတ်ဖြစ်တဲ့ကျောနံပါတ်၁၁ကိုဝတ်ဆင်ကစားသွားပါမယ်။

ZawGyi

စာမွားေရးမႈေၾကာင့္ ဖီးလစ္အေျပာင္းအေ႐ႊ႕ေၾကညာပို႔စ္ကို ဖ်က္ခဲ့ရတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာဂ်ိဳအာဖီးလစ္အေျပာင္းအေ႐ႊ႕ေၾကညာပို႔စ္အားစာမွားေရးသားမႈေၾကာင့္ဖ်က္ခဲ့ရပါတယ္။

အသက္၂၃ႏွစ္ရွိေပၚတူဂီစတားဟာအက္သလက္တီကိုမွခ်ဲလ္ဆီးသို႔ရာသီဝက္အငွားျဖင့္ေျပာင္းခဲ့တာျဖစ္ၿပီးခ်ဲလ္ဆီးကစားသမားသစ္အျဖစ္မိတ္ဆက္ခဲ့ပါတယ္။

ဒါေပမဲ့ခ်ဲလ္ဆီးရဲ႕တြစ္တာအေကာင့္မွဖီးလစ္အေျပာင္းအေ႐ႊ႕ေၾကညာတဲ့ပို႔စ္မွအမွားကိုေထာင္ေပါင္းမ်ားစြာေသာပရိသတ္မ်ားျမင္ေတြ႕သြားၿပီးေနာက္ပို႔စ္ကိုဖ်က္ၿပီးအမွားျပင္ကာပို႔စ္အသစ္တင္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာဖီးလစ္အေျပာင္းအေ႐ႊ႕ေၾကညာတြင္ HolaFelix လို႔မွားေရးခဲ့တာျဖစ္ပါတယ္။

Hola မွာစပိန္ဘာသာျဖင့္ Hello ျဖစ္ပါတယ္။ဒါေပမဲ့ဖီးလစ္မွာေပၚတူဂီကစားသမားျဖစ္ၿပီးစပိန္ႏွင့္ဘာသာစကားခ်င္းလည္းမတူပါဘူး။

ခ်ဲလ္ဆီးဟာ H ကိုျဖဳတ္ၿပီး Ola ဆိုၿပီးတင္ရမွာလည္းျဖစ္ပါတယ္။ Ola မွာေပၚတူဂီဘာသာျဖင့္ Hello လို႔အဓိပၸါယ္ရပါတယ္။

ခ်ဲလ္ဆီးဟာဖီးလစ္ကိုရာသီဝက္ငွားရမ္းခေပါင္၉.၇သန္းျဖင့္ေခၚယူခဲ့ရတာျဖစ္ပါတယ္။ဖီးလစ္ဟာခ်ဲလ္ဆီးသို႔မေျပာင္းမီအက္သလက္တီကိုႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုခဲ့ရပါေသးတယ္။

သူဟာခ်ဲလ္ဆီးအသင္းတြင္က်ိန္စာသင့္ေက်ာနံပါတ္ျဖစ္တဲ့ေက်ာနံပါတ္၁၁ကိုဝတ္ဆင္ကစားသြားပါမယ္။