စိတ်ကျန်းမာရေးအခြေအနေကြောင့် အန်ဒါလက်ချ်လက်ထောက်နည်းပြရာထူးမှ ဘယ်လာမီနုတ်ထွက်

ခရစ်ဘယ်လာမီဟာစိတ်ကျန်းမာရေးအကြောင်းပြချက်ဖြင့်အန်ဒါလက်ချ်လက်ထောက်နည်းပြရာထူးမှနုတ်ထွက်လိုက်ပါတယ်။ဝေးလ်တိုက်စစ်မှူးဟောင်းဟာအန်ဒါလက်ချ်တွင် ဗင်းဆင့်ကွန်ပနီရဲ့လက်ထောက်နည်းပြအဖြစ်နှစ်နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးယခုအခါသူ့စိတ်ကျန်းမာရေးအခြေအနေအားကုသမှုပြုလုပ်ရန်အတွက်နုတ်ထွက်ရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

၂၀၂၀ခုနှစ်တုန်းကဘယ်လာမီက၂၀၁၇ခုနှစ်မှစတင်ကာသူ့ရဲ့စိတ်ကျဝေဒနာအားကုသရန်တရားထိုင်ခြင်းပြုလုပ်လာသူဖြစ်ကြောင်းဖွင့်ဟခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

မန်စီးတီးအသင်းခေါင်းဆောင်ဖြစ်တဲ့ မန်နေဂျာကွန်ပနီက ဘယ်လာမီအတွက် အန်ဒါလက်ချ်ရဲ့တံခါးအမြဲဖွင့်ထားကြောင်းပြောကြားသွားပါတယ်။

ကွန်ပနီက “ခရစ်ကကျွန်တော်တို့အတွက်အရမ်းတော်ပြီးကောင်းတဲ့သူတစ်ဦးပါ။ဂျရီမီဒိုကူ၊ယာရီဗာရှာရန်၊အယ်ဘတ်ဆမ်ဘီလိုကွန်ဂါတို့တိုးတက်လာမှုမှာသူကအရမ်းအရေးပါတဲ့သူဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမယ့်စိတ်ဖိအားကနောက်ထပ်တစ်ကြိမ်ရောက်လာပြန်ပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့သူ့ကိုပြန်လည်ကောင်းမွန်ဖို့အချိန်ပေးရပါမယ်။ကျန်းမာရေးကဘောလုံးထက်အရေးကြီးပါတယ်။သူ့အတွက်ကျွန်တော်တို့ရဲ့တံခါးအမြဲဖွင့်ထားပါတယ်”လို့ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းကအင်တာဗျူးတစ်ခုတွင်ဘယ်လာမီက၎င်းမှာစိတ်ဖိစီးမှုရောဂါသုံးနှစ်လေးနှစ်အထိခံစားခဲ့ရဖူးကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ZawGyi

စိတ္က်န္းမာေရးအေျခအေနေၾကာင့္ အန္ဒါလက္ခ်္လက္ေထာက္နည္းျပရာထူးမွ ဘယ္လာမီႏုတ္ထြက္

ခရစ္ဘယ္လာမီဟာစိတ္က်န္းမာေရးအေၾကာင္းျပခ်က္ျဖင့္အန္ဒါလက္ခ်္လက္ေထာက္နည္းျပရာထူးမွႏုတ္ထြက္လိုက္ပါတယ္။ေဝးလ္တိုက္စစ္မႉးေဟာင္းဟာအန္ဒါလက္ခ်္တြင္ ဗင္းဆင့္ကြန္ပနီရဲ႕လက္ေထာက္နည္းျပအျဖစ္ႏွစ္ႏွစ္ၾကာတာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ၿပီးယခုအခါသူ႔စိတ္က်န္းမာေရးအေျခအေနအားကုသမႈျပဳလုပ္ရန္အတြက္ႏုတ္ထြက္ရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္တုန္းကဘယ္လာမီက၂၀၁၇ခုႏွစ္မွစတင္ကာသူ႔ရဲ႕စိတ္က်ေဝဒနာအားကုသရန္တရားထိုင္ျခင္းျပဳလုပ္လာသူျဖစ္ေၾကာင္းဖြင့္ဟခဲ့ဖူးတဲ့သူျဖစ္ပါတယ္။

မန္စီးတီးအသင္းေခါင္းေဆာင္ျဖစ္တဲ့ မန္ေနဂ်ာကြန္ပနီက ဘယ္လာမီအတြက္ အန္ဒါလက္ခ်္ရဲ႕တံခါးအၿမဲဖြင့္ထားေၾကာင္းေျပာၾကားသြားပါတယ္။

ကြန္ပနီက “ခရစ္ကကြၽန္ေတာ္တို႔အတြက္အရမ္းေတာ္ၿပီးေကာင္းတဲ့သူတစ္ဦးပါ။ဂ်ရီမီဒိုကူ၊ယာရီဗာရွာရန္၊အယ္ဘတ္ဆမ္ဘီလိုကြန္ဂါတို႔တိုးတက္လာမႈမွာသူကအရမ္းအေရးပါတဲ့သူျဖစ္ခဲ့တဲ့သူျဖစ္ပါတယ္။ဒါေပမယ့္စိတ္ဖိအားကေနာက္ထပ္တစ္ႀကိမ္ေရာက္လာျပန္ပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔သူ႔ကိုျပန္လည္ေကာင္းမြန္ဖို႔အခ်ိန္ေပးရပါမယ္။က်န္းမာေရးကေဘာလုံးထက္အေရးႀကီးပါတယ္။သူ႔အတြက္ကြၽန္ေတာ္တို႔ရဲ႕တံခါးအၿမဲဖြင့္ထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လြန္ခဲ့တဲ့ႏွစ္တုန္းကအင္တာဗ်ဴးတစ္ခုတြင္ဘယ္လာမီက၎မွာစိတ္ဖိစီးမႈေရာဂါသုံးႏွစ္ေလးႏွစ္အထိခံစားခဲ့ရဖူးေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။