အင်ဒရေအင်နီယေစတာကစိတ်ကျရောဂါဝေဒနာနှင့်ပတ်သက်ပြီးတိုက်ပွဲဝင်ခဲ့ရကြောင်း The Wild Project နှင့်အင်တာဗျူးတွင်ဖွင့်ဟသွားခဲ့ပါတယ်။
အသက်၃၈နှစ်ရှိဘာစီလိုနာဂန္ထဝင်ကစားသမားဟာဂျပန်ကလပ်ဗစ်ဆယ်ကိုဘီတွင်ကစားနေသူဖြစ်ပါတယ်။သူဟာ၂၀၁၈ခုနှစ်တွင်ဘာစီလိုနာမှထွက်ခွာလာကတည်းကဗစ်ဆယ်ကိုဘီတွင်ကစားလာခဲ့တာလည်းဖြစ်ပါတယ်။
အင်နီယေစတာဟာဘာစီလိုနာနှင့်အတူလာလီဂါဖလား၉ကြိမ်၊ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးခဲ့ကာဘာစီလိုနာသမိုင်းတွင်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။
သူဟာစပိန်လက်ရွေးစင်အသင်းနှင့်အတူကမ္ဘာ့ဖလား၁ကြိမ်၊ယူရိုဖလား၂ကြိမ်ဆွတ်ခူးထားနိုင်ပါသေးတယ်။
အင်နီယေစတာဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားဘဝပိုင်ဆိုင်ထားပေမဲ့လည်းစိတ်ကျရောဂါဝေဒနာတိုက်ပွဲကြုံခဲ့ရပါတယ်။
၎င်းက “ကျွန်တော်ရုန်းကန်ရတုန်းကစိတ်ကျဝေဒနာနဲ့ပတ်သက်ပြီးလူသိရှင်ကြားဖွင့်ချဖို့ဆုံးဖြတ်ခဲ့တယ်။ကျွန်တော်ကလူသိများတဲ့သူဆိုတာသိပါတယ်။ဒါပေမဲ့အရှိကိုအရှိအတိုင်းပြောရပါမယ်။ဒီအတွက်ကျွန်တော့်ကိုရူးနေတယ်၊စိတ်အားနည်းသူလို့ပြောလာမယ်လို့လည်းမထင်ဘူး။စိတ်ကျဝေဒနာနဲ့ရုန်းကန်ခဲ့ရတယ်။ဆေးသောက်ထားချိန်မှာတော့ပျော်စရာနေ့ကြုံရတယ်။ညဖက်အိပ်တယ်။ဘဝရဲ့ပျော်ရွှင်မှုပျောက်သွားသလိုပဲ။ကျွန်တော့်ဇနီးကိုဖက်ထားတယ်။ဒါပေမဲ့ခေါင်းအုံးဖက်ထားသလိုခံစားရတယ်။ဘာမှမခံစားရဘူး”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်အင်နီယေစတာဟာ၎င်းမှာယခုတိုင်ဆရာဝန်နှင့်တွေ့ဆုံပြသနေရဆဲဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။
၎င်းက “အခုထိဆရာဝန်နဲ့ပြနေရတုန်းပါ။စိတ်ချမ်းသာအောင်နေနိုင်ဖို့လိုတယ်။စိတ်ကျန်းမာရေးနဲ့စိတ်ကျမှုနဲ့ပတ်သက်တဲ့ပရော်ဖက်ရှင်နယ်တွေရဲ့စကားကိုနားထောင်ရမယ်။ဘဝကစိတ်ကျမှုကိုပြသတယ်။စိတ်ကျန်းမာရေးကဘယ်သူ့ကိုမဆိုထိခိုက်နိုင်တယ်။ကျွန်တော့်အနေနဲ့ကမ္ဘာမှာရှိသမျှတန်ဖိုးကြီးကားကိုဝယ်နိုင်တယ်။လိုချင်တာအားလုံးရတယ်။ဒါပေမဲ့ဘဝရဲ့ပြဿနာကြုံနေရတုန်းပါ။ဒီတော့ဦးနှောက်ကိုလေ့ကျင့်ပေးဖို့လိုတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
စိတ်ကျရောဂါခံစားခဲ့ရကြောင်း အင်ဒရေအင်နီယေစတာဖွင့်ဟလာ
အင်နီယေစတာဟာဘာစီလိုနာနှင့်အတူလာလီဂါဖလား၉ကြိမ်၊ချန်ပီယံလိဂ်ဖလား၎ကြိမ်ဆွတ်ခူးခဲ့ကာဘာစီလိုနာသမိုင်းတွင်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။