စိတ်ဓာတ်ပိုင်းအခြေအနေအပေါ် မူတည်ကာ မန်စီးတီးနှင့်ပွဲတွင် ကိန်းကို စပါးစ်သုံးမည်

စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုဟာဟယ်ရီကိန်းရဲ့စိတ်ဓာတ်ပိုင်းအခြေအနေအပေါ် မူတည်ကာတနင်္ဂနွေနေ့တွင်ကစားရမယ့်မန်စီးတီးပွဲစဉ်တွင်သုံး/မသုံးဆုံးဖြတ်သွားပါမယ်။

စပါးစ်မှထွက်ခွာကာမန်စီးတီးသို့ပြောင်းလိုကြောင်းကလပ်ထံသို့တောင်းဆိုထားတဲ့ဟယ်ရီကိန်းဟာသောကြာနေ့ကမှစပါးစ်အသင်းနှင့်လေ့ကျင့်ခန်းအပြည့်အဝဆင်းခဲ့ပါတယ်။မန်စီးတီးဟာမနက်ဖြတ်တနင်္ဂနွေနေ့မှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။

နူနိုက “သုံးဖို့/မသုံးဖို့ဆိုတာကြံ့ခိုင်မှုအပေါ်မှာချည်းမမူတည်ပါဘူး။ကျွန်တော်တို့ဘက်ကစဉ်းစားရမယ့်အရာတွေအများကြီးရှိပါတယ်။ဘောလုံးသမားတွေကပရော်ဖက်ရှင်နည်ချည်းသက်သက်မဟုတ်ပါဘူး။သူတို့မှာအခြေအနေတွေအများကြီးဖြေရှင်းကိုင်တွယ်ရပါတယ်။ကျွန်တော်တို့အားလုံးကိုယ့်ဘဝနဲ့ကိုယ်ရှင်သန်ကြတယ်။ကျွန်တော်တို့ကတော့ဆုံးဖြတ်ချက်ချပြီဆိုရင်အချက်အလက်တွေအများကြီးအပေါ်မှာအခြေတည်ပြီးကလပ်အတွက်အကောင်းဆုံးဖြစ်မယ့်အရာကိုပဲဆုံးဖြတ်ပါမယ်”လို့ပြောကြားသွားပါတယ်။

အသက်၂၈နှစ်ရှိကိန်းဟာဘဟားမား၊ဖလိုရီဒါတို့တွင်အားလပ်ရက်အပန်းဖြေပြီးနောက် Spur Lodge တွင်ငါးရက်ကြာကွာရန်တင်းဝင်ခဲ့ရကာကိုဗစ်စစ်ဆေးမှုမတွေ့ရှိပြီးမှအသင်းနှင့်ပူးပေါင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာအသင်းနှင့်သုံးနှစ်စာချုပ်ကျန်နေသေးတဲ့ဟယ်ရီကိန်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၆၀အထိရရှိလိုနေပြီးမန်စီးတီးကပေါင်သန်း၁၂၀အထိအများဆုံးကမ်းလှမ်းရန်စီစဉ်ထားကြောင်းသိရပါတယ်။

ZawGyi

စိတ္ဓာတ္ပိုင္းအေျခအေနအေပၚ မူတည္ကာ မန္စီးတီးႏွင့္ပြဲတြင္ ကိန္းကို စပါးစ္သုံးမည္

စပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုဟာဟယ္ရီကိန္းရဲ႕စိတ္ဓာတ္ပိုင္းအေျခအေနအေပၚ မူတည္ကာတနဂၤေႏြေန႔တြင္ကစားရမယ့္မန္စီးတီးပြဲစဥ္တြင္သုံး/မသုံးဆုံးျဖတ္သြားပါမယ္။

စပါးစ္မွထြက္ခြာကာမန္စီးတီးသို႔ေျပာင္းလိုေၾကာင္းကလပ္ထံသို႔ေတာင္းဆိုထားတဲ့ဟယ္ရီကိန္းဟာေသာၾကာေန႔ကမွစပါးစ္အသင္းႏွင့္ေလ့က်င့္ခန္းအျပည့္အဝဆင္းခဲ့ပါတယ္။မန္စီးတီးဟာမနက္ျဖတ္တနဂၤေႏြေန႔မွာမန္စီးတီးႏွင့္ရင္ဆိုင္ကစားရပါမယ္။

ႏူႏိုက “သုံးဖို႔/မသုံးဖို႔ဆိုတာႀကံ့ခိုင္မႈအေပၚမွာခ်ည္းမမူတည္ပါဘူး။ကြၽန္ေတာ္တို႔ဘက္ကစဥ္းစားရမယ့္အရာေတြအမ်ားႀကီးရွိပါတယ္။ေဘာလုံးသမားေတြကပေရာ္ဖက္ရွင္နည္ခ်ည္းသက္သက္မဟုတ္ပါဘူး။သူတို႔မွာအေျခအေနေတြအမ်ားႀကီးေျဖရွင္းကိုင္တြယ္ရပါတယ္။ကြၽန္ေတာ္တို႔အားလုံးကိုယ့္ဘဝနဲ႔ကိုယ္ရွင္သန္ၾကတယ္။ကြၽန္ေတာ္တို႔ကေတာ့ဆုံးျဖတ္ခ်က္ခ်ၿပီဆိုရင္အခ်က္အလက္ေတြအမ်ားႀကီးအေပၚမွာအေျခတည္ၿပီးကလပ္အတြက္အေကာင္းဆုံးျဖစ္မယ့္အရာကိုပဲဆုံးျဖတ္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၈ႏွစ္ရွိကိန္းဟာဘဟားမား၊ဖလိုရီဒါတို႔တြင္အားလပ္ရက္အပန္းေျဖၿပီးေနာက္ Spur Lodge တြင္ငါးရက္ၾကာကြာရန္တင္းဝင္ခဲ့ရကာကိုဗစ္စစ္ေဆးမႈမေတြ႕ရွိၿပီးမွအသင္းႏွင့္ပူးေပါင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

စပါးစ္ဥကၠဌလီဗိုင္းဟာအသင္းႏွင့္သုံးႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့ဟယ္ရီကိန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၆၀အထိရရွိလိုေနၿပီးမန္စီးတီးကေပါင္သန္း၁၂၀အထိအမ်ားဆုံးကမ္းလွမ္းရန္စီစဥ္ထားေၾကာင္းသိရပါတယ္။